Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဆေးဖက်ဝင်မုန်ညင်းစိမ်း အပင်ရှည်မျိုး စိုက်ပျိုးသူ နည်းပါးလာ

Unicode ျဖင့္ဖတ္ရန္

ဆေးဖက်ဝင်မုန်ညင်းစိမ်း အပင်ရှည်မျိုး စိုက်ပျိုးသူ နည်းပါးလာ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၌ ဆေးဖက်ဝင်သည့် မုန်ညင်းစိမ်း အရိုးရှည်မျိုးများကို   ယခင်က စိုက်ပျိုးမှု များပြားခဲ့သော်လည်း  ယခုနောက်ပိုင်းတွင် မုန်ညင်းစိမ်း အရိုးရှည်မျိုးများကို စိုက်ပျိုးမှုနည်းပါးသွားသဖြင့်   ၎င်းမျိုးပင်များ ပျောက်ကွယ်သွားမည်ကို   ဒေသခံများ စိုးရိမ်နေကြောင်း သိရပါတယ်။

 

''မုန်ညင်းနှစ်မျိုးရှိတယ်။  တစ်မျိုးက  အပင်နိမ့်ပြီး ဟင်းချက်စားတာ များတယ်။နောက်တစ်မျိုးကတော့    အပင်ရှည်မျိုးပါ။  သူကတော့ အရွက်ခူးမစားကြဘူး။ အပွင့်ပွင့်တဲ့ အချိန်မှာပဲ   ပွင့်ဖတ်ကိုယူတယ်။  

 

Read More >>>>>  ျမန္မာႏိုင္ငံအတြင္းရွိ ကြၽဲ၊ ႏြားမ်ားကုိ တ႐ုတ္က တရားဝင္လက္ခံျခင္းမရွိေသး

 

မုန်ညင်းစိမ်း အရိုးရှည်မျိုးတွေက ကျန်းမာရေးအတွက် အထောက်အကူ အများကြီးရတယ်။  အခုလို  တန်ဆောင်မုန်းလနဲ့ နတ်တော်လမှာ  ခြွေယူတဲ့ပွင့်ဖတ်တွေက သန့်ရှင်းပြီး    ဆေးအာနိသင် ရှိတယ်။

 

တောင်သူတွေက ဒါတွေကို မစိုက်ပျိုးတော့ရင် လုံးဝပျောက်ကွယ် သွားမှာကို စိုးရိမ်မိတယ်''ဟု လားရှိုးမြို့ အမှတ်(၁ဝ)ရပ်ကွက်မှ ဦးစိုင်းခမ်းထွန်းက ပြောကြားခဲ့ပါတယ်။

 

ပေါင်မုန့်နှင့်ကိတ်မုန့်လုပ်ငန်းများ (၃၈) ခုကိုရှာရန်နှိပ်ပါ

 

 ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဒေသခံများ အနေဖြင့် တစ်ချိန်က သီးနှံများ စိုက်ပျိုးရာတွင် မုန်ညင်းအမျိုးမျိုး ရှိသည့်အနက်မှ ဆေးဖက်ဝင်သည့် မုန်ညင်းစိမ်း အရိုးရှည်များကို စိုက်ပျိုးမှုများပြားပြီး အပွင့် ပွင့်သည့် အချိန်တွင် ပွင့်ဖတ်များ ခူးယူခြင်း၊ အစေ့ထုတ်ယူခြင်းများ လုပ်ဆောင်ကာ ဆေးအဖြစ် အသုံးပြုကြသည်။ မုန်ညင်းပွင့် အခြောက်ကို လက်ဖက်ခြောက်ကဲ့သို့ ရေနွေးဖြင့် ရောစပ်သောက်ပါက ဆီးဝမ်းလေကောင်းသည့်အပြင် အသက်အရွယ်ကြီးသူများ အတွက်ခွန်အားဖြစ်စေပြီး မျက်သား တက်လျော့ကျခြင်း၊   မျက်စိကြည်လင်ခြင်းများ အတွက် အကျိုးအာနိသင်ရှိကြောင်း  သိရပါတယ်။

 

Source: Myawady

 

 

 

 

ေဆးဖက္ဝင္မုန္ညင္းစိမ္း အပင္ရွည္မ်ဳိး စိုက္ပ်ဳိးသူ နည္းပါးလာ

 

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လား႐ိႈးၿမိဳ႕၌ ေဆးဖက္ဝင္သည့္ မုန္ညင္းစိမ္း အ႐ိုးရွည္မ်ဳိးမ်ားကို   ယခင္က စိုက္ပ်ဳိးမႈ မ်ားျပားခဲ့ေသာ္လည္း  ယခုေနာက္ပိုင္းတြင္ မုန္ညင္းစိမ္း အ႐ိုးရွည္မ်ဳိးမ်ားကို စိုက္ပ်ဳိးမႈနည္းပါးသြားသျဖင့္   ၎မ်ဳိးပင္မ်ား ေပ်ာက္ကြယ္သြားမည္ကို   ေဒသခံမ်ား စိုးရိမ္ေနေၾကာင္း သိရပါတယ္။

 

''မုန္ညင္းႏွစ္မ်ဳိးရွိတယ္။  တစ္မ်ဳိးက  အပင္နိမ့္ၿပီး ဟင္းခ်က္စားတာ မ်ားတယ္။ေနာက္တစ္မ်ဳိးကေတာ့    အပင္ရွည္မ်ဳိးပါ။  သူကေတာ့ အရြက္ခူးမစားၾကဘူး။ အပြင့္ပြင့္တဲ့ အခ်ိန္မွာပဲ   ပြင့္ဖတ္ကိုယူတယ္။  

 

Read More >>>>>  ျမန္မာႏိုင္ငံအတြင္းရွိ ကြၽဲ၊ ႏြားမ်ားကုိ တ႐ုတ္က တရားဝင္လက္ခံျခင္းမရွိေသး

 

မုန္ညင္းစိမ္း အ႐ိုးရွည္မ်ဳိးေတြက က်န္းမာေရးအတြက္ အေထာက္အကူ အမ်ားႀကီးရတယ္။  အခုလို  တန္ေဆာင္မုန္းလနဲ႔ နတ္ေတာ္လမွာ  ေျခြယူတဲ့ပြင့္ဖတ္ေတြက သန္႔ရွင္းၿပီး    ေဆးအာနိသင္ ရိွတယ္။

 

ေတာင္သူေတြက ဒါေတြကို မစိုက္ပ်ဳိးေတာ့ရင္ လံုးဝေပ်ာက္ကြယ္ သြားမွာကို စိုးရိမ္မိတယ္''ဟု လား႐ႈိးၿမိဳ႕ အမွတ္(၁ဝ)ရပ္ကြက္မွ ဦးစိုင္းခမ္းထြန္းက ေျပာၾကားခဲ့ပါတယ္။

 

ေပါင္မုန္႔ႏွင့္ကိတ္မုန္႔လုပ္ငန္းမ်ား (၃၈) ခုကိုရွာရန္ႏွိပ္ပါ

 

 ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ေဒသခံမ်ား အေနျဖင့္ တစ္ခ်ိန္က သီးႏွံမ်ား စိုက္ပ်ဳိးရာတြင္ မုန္ညင္းအမ်ဳိးမ်ဳိး ရွိသည့္အနက္မွ ေဆးဖက္ဝင္သည့္ မုန္ညင္းစိမ္း အ႐ိုးရွည္မ်ားကို စိုက္ပ်ဳိးမႈမ်ားျပားၿပီး အပြင့္ ပြင့္သည့္ အခ်ိန္တြင္ ပြင့္ဖတ္မ်ား ခူးယူျခင္း၊ အေစ့ထုတ္ယူျခင္းမ်ား လုပ္ေဆာင္ကာ ေဆးအျဖစ္ အသံုးျပဳၾကသည္။ မုန္ညင္းပြင့္ အေျခာက္ကို လက္ဖက္ေျခာက္ကဲ့သို႔ ေရေႏြးျဖင့္ ေရာစပ္ေသာက္ပါက ဆီးဝမ္းေလေကာင္းသည့္အျပင္ အသက္အရြယ္ႀကီးသူမ်ား အတြက္ခြန္အားျဖစ္ေစၿပီး မ်က္သား တက္ေလ်ာ့က်ျခင္း၊   မ်က္စိၾကည္လင္ျခင္းမ်ား အတြက္ အက်ဳိးအာနိသင္ရွိေၾကာင္း  သိရပါတယ္။

 

Source: Myawady

 

 

 

Read times Last modified on Tuesday, 11 February 2020 11:52
Rate this item
(0 votes)