Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲမျိုးစုံကို အိန္ဒိယသို့ တင်ပို့ရမည်ဖြစ်၍ ပဲမျိုးစုံဈေးကွက် လှုပ်ခတ်

Unicode


ပဲမျိုးစုံကို အိန္ဒိယသို့ တင်ပို့ရမည်ဖြစ်၍ ပဲမျိုးစုံဈေးကွက် လှုပ်ခတ်


ပြည်တွင်းမှ ထွက်ရှိသည့်   ပဲမျိုးစုံကို အိန္ဒိယနိုင်ငံသို့    အောက်တိုဘာလကုန်၌ အပြီးတင်ပို့ ရမည်ဖြစ်၍ မြန်မာ့ပဲမျိုးစုံ ဈေးကွက်အတွင်း ဝယ်လိုအားနှင့် ဈေးနှုန်း လှုပ်ခတ်လာကြောင်း  မန္တလေးမြို့ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း   ဒုတိယဥက္ကဋ္ဌ   ဦးမျိုးဆွေ ၏ပြောဆိုချက်အရ သိရပါတယ်။

 

''ဈေးနှုန်းဆက်တက်၊ မတက်ကတော့ ခန့်မှန်းလို့မရဘူး။ ဒါပေမဲ့ အရောင်းအဝယ်ကတော့ ကောင်းမှာ သေချာတယ်။ နောက်လကုန် အပြီးတင်ပို့ရမှာဆိုတော့ ဈေးနှုန်း လှုပ်ခတ်လာတယ်'' ဟု ဦးမျိုးဆွေ ကပြောကြားခဲ့ပါတယ်။

 

အိန္ဒိယနိုင်ငံက ပဲမျိုးစုံကို အောက်တိုဘာလကုန် နောက်ဆုံးထား၍ အပြီးတင်သွင်းရန် သတ်မှတ်ထားခြင်းကြောင့် ရန်ကုန်နှင့် မန္တလေး ဝယ်လက်များက ပိုမိုဝယ်ယူလာပြီး  မတ်ပဲကို  ပြည်ပတင်ပို့ရန်အပြင် ပြည်တွင်း စားသောက်ကုန် လုပ်ငန်းများ အတွက် ပဲခွဲစက် လုပ်ငန်းရှင်များက ဝယ်ယူနေခြင်းကြောင့်  အရောင်းအဝယ် သွက်လျက်ရှိကြောင်း သိရပါတယ်။

 

Coffee Manufacturers & Dealers ေကာ္ဖီထုတ္လုပ္ေရးႏွင့္ အေရာင္းကိုယ္စားလွယ္ေပါင္း ၁၀၀ ခုကို ရွာရန္ႏွိပ္ပါ။

 

 

ယခုတစ်ပတ်အတွင်း ရန်ကုန်မြို့ ဘုရင့်နောင် ကုန်စည်ဒိုင် ဈေးနှုန်းများအရ မတ်ပဲ အဟောင်းတစ်တန်လျှင်     အမေရိကန် ဒေါ်လာ ၄၇ဝ မှ ၄၉ဝ ကြား၊ အခွံချွတ် အခြမ်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၇၅  ဒေါ်လာမှ ၇ဝဝ ကြား၊  အခွံပါ အခြမ်းတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၉ဝ  မှ  ၆၁ဝ  ကြား၊   ပဲတီစိမ်းကျား တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၃ဝ မှ ၇၇ဝ ကြား၊ ပခုက္ကူပဲတီစိမ်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၅ဝ မှ ၈၃ဝ ကြား၊ ရွှေဝါအကြီးတစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၉၅ဝ မှ ၁ဝဝဝ ကြား၊ အခွံချွတ်အလုံးကြီး အခြမ်းတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁ဝဝဝ  မှ  ၁ဝ၃ဝ ကြား အသီးသီး ဈေးရှိကြောင်း သိရပါတယ်။

 

အလားတူ   ပဲစင်းငုံနီအသစ်  တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၂ဝ မှ ၆၆ဝ ကြား၊  အဖြူတစ်တန်လျှင်  အမေရိကန် ဒေါ်လာ  ၆ဝဝ  မှ  ၆၂ဝ  ကြား၊ ပဲစင်းငုံနီ အဟောင်းတစ်တန်လျှင်  အမေရိကန် ဒေါ်လာ  ၅၅ဝ  မှ  ၅၇ဝ  ကြား၊ အဖြူ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၇ဝ မှ ၅၉ဝ ကြား အသီးသီး ဈေးရှိကြောင်း သိရပါတယ်၊

 

Read More >>>>>   ရန္ကုန္သို႔ ၾကက္သြန္နီ အဝင္နည္းၿပီး ရခုိင္ျပည္နယ္သုိ႔ တင္ပို႔မႈမ်ားေန

 

ယခုနှစ်  ဇန်နဝါရီလမှ စက်တင်ဘာလအထိ  ပြည်ပသို့ မတ်ပဲတန်ချိန် ၂၇ဝဝဝဝ ကျော်၊ ပဲတီစိမ်းတန်ချိန် ၁၇ဝဝဝဝ ကျော်၊ ပဲစင်းငုံတန်ချိန်  ၁ဝဝဝဝဝ  ခန့်  တင်ပို့ ထားကြောင်း သိရပါတယ်။

 

Source:  Myawady

 

 

 

 

ပဲမ်ဳိးစံုကို အိႏိၵယသို႕ တင္ပို႕ရမည္ျဖစ္၍ ပဲမ်ဳိးစံုေစ်းကြက္ လႈပ္ခတ္

 

ျပည္တြင္းမွ ထြက္ရွိသည့္   ပဲမ်ဳိးစံုကို အိႏိၵယႏိုင္ငံသို႔    ေအာက္တိုဘာလကုန္၌ အၿပီးတင္ပို႔ ရမည္ျဖစ္၍ ျမန္မာ့ပဲမ်ဳိးစံု ေစ်းကြက္အတြင္း ဝယ္လိုအားႏွင့္ ေစ်းႏႈန္း လႈပ္ခတ္လာေၾကာင္း  မႏၲေလးၿမိဳ႕ ပြဲစားကုန္သည္စက္ပိုင္မ်ား မဟာကထိန္ေတာ္အသင္း   ဒုတိယဥကၠ႒   ဦးမ်ဳိးေဆြ ၏ေျပာဆိုခ်က္အရ သိရပါတယ္။

 

''ေစ်းႏႈန္းဆက္တက္၊ မတက္ကေတာ့ ခန္႔မွန္းလို႔မရဘူး။ ဒါေပမဲ့ အေရာင္းအဝယ္ကေတာ့ ေကာင္းမွာ ေသခ်ာတယ္။ ေနာက္လကုန္ အၿပီးတင္ပို႔ရမွာဆုိေတာ့ ေစ်းႏႈန္း လႈပ္ခတ္လာတယ္'' ဟု ဦးမ်ဳိးေဆြ ကေျပာၾကားခဲ့ပါတယ္။

 

အိႏိၵယႏုိင္ငံက ပဲမ်ဳိးစံုကို ေအာက္တုိဘာလကုန္ ေနာက္ဆံုးထား၍ အၿပီးတင္သြင္းရန္ သတ္မွတ္ထားျခင္းေၾကာင့္ ရန္ကုန္ႏွင့္ မႏၲေလး ဝယ္လက္မ်ားက ပိုမိုဝယ္ယူလာၿပီး  မတ္ပဲကို  ျပည္ပတင္ပို႔ရန္အျပင္ ျပည္တြင္း စားေသာက္ကုန္ လုပ္ငန္းမ်ား အတြက္ ပဲခြဲစက္ လုပ္ငန္းရွင္မ်ားက ဝယ္ယူေနျခင္းေၾကာင့္  အေရာင္းအဝယ္ သြက္လ်က္ရွိေၾကာင္း သိရပါတယ္။

 

Coffee Manufacturers & Dealers ေကာ္ဖီထုတ္လုပ္ေရးႏွင့္ အေရာင္းကိုယ္စားလွယ္ေပါင္း ၁၀၀ ခုကို ရွာရန္ႏွိပ္ပါ။

 

ယခုတစ္ပတ္အတြင္း ရန္ကုန္ၿမိဳ႕ ဘုရင့္ေနာင္ ကုန္စည္ဒုိင္ ေစ်းႏႈန္းမ်ားအရ မတ္ပဲ အေဟာင္းတစ္တန္လွ်င္     အေမရိကန္ ေဒၚလာ ၄၇ဝ မွ ၄၉ဝ ၾကား၊ အခြံခြၽတ္ အျခမ္း တစ္တန္လွ်င္ အေမရိကန္ေဒၚလာ ၆၇၅  ေဒၚလာမွ ၇ဝဝ ၾကား၊  အခြံပါ အျခမ္းတစ္တန္လွ်င္ အေမရိကန္ေဒၚလာ ၅၉ဝ  မွ  ၆၁ဝ  ၾကား၊   ပဲတီစိမ္းက်ား တစ္တန္လွ်င္ အေမရိကန္ေဒၚလာ ၇၃ဝ မွ ၇၇ဝ ၾကား၊ ပခုကၠဴပဲတီစိမ္း တစ္တန္လွ်င္ အေမရိကန္ေဒၚလာ ၇၅ဝ မွ ၈၃ဝ ၾကား၊ ေရႊဝါအႀကီးတစ္တန္လွ်င္ အေမ ရိကန္ေဒၚလာ ၉၅ဝ မွ ၁ဝဝဝ ၾကား၊ အခြံခြၽတ္အလံုးႀကီး အျခမ္းတစ္တန္လွ်င္ အေမရိကန္ေဒၚလာ ၁ဝဝဝ  မွ  ၁ဝ၃ဝ ၾကား အသီးသီး ေစ်းရွိေၾကာင္း သိရပါတယ္။

 

အလားတူ   ပဲစင္းငံုနီအသစ္  တစ္တန္လွ်င္ အေမရိကန္ေဒၚလာ ၆၂ဝ မွ ၆၆ဝ ၾကား၊  အျဖဴတစ္တန္လွ်င္  အေမရိကန္ ေဒၚလာ  ၆ဝဝ  မွ  ၆၂ဝ  ၾကား၊ ပဲစင္းငံုနီ အေဟာင္းတစ္တန္လွ်င္  အေမရိကန္ ေဒၚလာ  ၅၅ဝ  မွ  ၅၇ဝ  ၾကား၊ အျဖဴ တစ္တန္လွ်င္ အေမရိကန္ေဒၚလာ ၅၇ဝ မွ ၅၉ဝ ၾကား အသီးသီး ေစ်းရွိေၾကာင္း သိရပါတယ္၊

 

Read More >>>>>   ရန္ကုန္သို႔ ၾကက္သြန္နီ အဝင္နည္းၿပီး ရခုိင္ျပည္နယ္သုိ႔ တင္ပို႔မႈမ်ားေန

 

ယခုႏွစ္  ဇန္နဝါရီလမွ စက္တင္ဘာလအထိ  ျပည္ပသို႔ မတ္ပဲတန္ခ်ိန္ ၂၇ဝဝဝဝ ေက်ာ္၊ ပဲတီစိမ္းတန္ခ်ိန္ ၁၇ဝဝဝဝ ေက်ာ္၊ ပဲစင္းငံုတန္ခ်ိန္  ၁ဝဝဝဝဝ  ခန္႔  တင္ပို႔ ထားေၾကာင္း သိရပါတယ္။

 

Source:  Myawady

Read times Last modified on Tuesday, 18 February 2020 17:22
Rate this item
(0 votes)