Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အင်စတာဂရမ်မှာ နာမည်ကြီးနေတဲ့ ၁ နှစ်သားအရွယ်စားဖိုမှုးလေး Kobe Eats

အသက် ၁ နှစ်အရွယ် စားဖိုမှုးလေး Kobe ( ကိုဘီ ) ဟာဆိုရင်တော့ ဖြင့်ယခုဆိုရင် လူမှု့ကွန်ယက်မှာ မီလီယံထက်များပြားတဲ့ ဖော်လိုဝါတွေနဲ့ ပြည့်နှက်နေတာ တွေ့ရပါတယ်။ လူတိုင်းနီးပါးက ကိုဘီရဲ့ ဗီဒီယိုလေးများကို သူအစားအသောက်ချက်ပြုတ်နေစဉ် ကိုဘီလေးရဲ့ ချစ်စဖွယ်ကလေးလေး ရဲ့ မျက်နှာအမှုအရာ ဟန်ပန်ကို ချစ်ရင်းကြည့်ရှု့ကြတာပါ။

 

ကိုဘီဟာ သူ့ရဲ့ အင်စတာ ဂရမ် ဘိုင်အိုတွင် ကိုဘီက ချက်ပြုတ်ရတာကို ကြိုက်တယ် ၊ စားရတာကိုလည်းကြိုက်တယ် ထို့အပြင် မီးဖိုချောင်ထဲမှာ စူးစမ်းလေ့လာရတာကိုလည်းကြိုက်တယ်ဆိုကာ ရေးသားထားပါတယ်။ဗီဒီယိုတွေတော်တော်များများမှာ ကိုဘီဟာ ဟင်းချက်စရာများကို စတင်ချက်ပြုတ်ခင်ကတည်းက ပြလေ့ရှိပြီး ဟင်းချက်နေတိုင်းသူက မျက်နှာ အမှုအရာ လေးအမျိုးမျိုးနဲ့ ကင်မရာကို ရိုက်ပြပါသေးတယ်။

 

ကိုဘီရဲ့ မိခင်ဖြစ်သူ Ashley Wian ( အက်ရှလေ ဝိန်း ) မှ CNN ကို ပြောကြားချက်အရ ဒီဗီဒီယိုလေးတွေရိုက်ကူးခြင်းရဲ့ အစက သူတို့သားလေးရဲ့ မီးဖိုချောင်မှာ သူမနှင့်အတူ ဟင်းချက်ရင်းက ဖြစ်လာတဲ့ ချစ်စဖွယ် မျက်နှာအနေအထားလေးတွေကို သူတို့ရဲ့ မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေကြည့်လို့ရအောင် ဗီဒီယို မှတ်တမ်းတင်ပြသခဲ့တာပါတဲ့။

 

ထို့အပြင် အက်ရှလေ ဆက်လက်ပြောကြားသည်က ဟင်းချက်ခြင်းက တကယ့်ကို အိမ်မှာ အမြဲ လက်တွေ့ကျကျ ကိုဘီလေး ပြုလုပ်တဲ့ အရာဖြစ်တယ်၊ကိုဘီလေးက ဟင်းချက်နေရရင်ပျော်တယ် ဒါ့ကြောင့်လဲ မိတ်ဆွေတွေကြည့်ဖို့နဲ့ မိသားစုဝင်တွေကြည့်ဖို့ သူမ ဗီဒီယို ရိုက်ကူးခဲ့တာပါလို့သိရပါတယ်။

 

ကိုဘီလေးရဲ့ မိဘနှစ်ပါး အနေနဲ့ ကိုဘီ ရဲ့ အင်စတာ ဂရမ် အကောင့်ကို Kobe Eats ဆိုတဲ့ နာမည်ဖြင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လအကုန်လောက်က စတင်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး ကိုဘီ ဟာ ဧပြီလ ၁၅ ရက်မတိုင်ခင်ထိ ဖော်လိုရာ ၂၀၀ လောက်ထိပဲ ရပါသေးတယ်တဲ့ ထိုနောက်ပိုင်းမှ ဖော်လိုဝါ ခုန်တတ်သွားပြီး ဖော်လိုရာ ၁ သိန်း ၊ ၂ သိန်း နဲ့ ၅ သိန်း အထိတက်လာခဲ့တာပါ။ထိုသို့ ဖော်လိုဝါတွေရနေပေမည့်လည်း ကိုဘီလေး ရဲ့ ဖခင်ဖြစ်သူ ( Kyle ) ကိုင်း မှ သူတို့သားလေးကြောင့် လူတွေပြုံးနေရင်ပဲကျေနပ်ပါပြီတဲ့။

 

တကယ်တန်းမှာ မိဘ အနေနဲ့ ကလေးတစ်ယောက်ကို ထိန်းကြောင်းရာမှာ လူတိုင်းအတွက် စိတ်ပျော်ရွှင်စေတဲ့ ကလေးလေးအဖြစ် ထိန်းကြောင်းပေးရတာ အကောင်းဆုံးပဲ ထို့အပြင် သူတို့ အနေနဲ့ သားသမီးကို မလုပ်နဲ့ လို့တားမြစ်တဲ့ မိဘတွေထက် ကလေးက လုပ်ချင်တာလေးလုပ်နေတာကို အနားက ကူညီပေးပြီး ပေးလုပ်တတ်တဲ့ မိဘတွေကို ဘဘောကျပါတယ်တဲ့။

 

ကိုဘီ အတွက် သူတို့ရဲ့ မီးဖိုခန်းလေးက လေ့လာစရာတွေနဲ့ သင်ယူစရာတွေအများကြီးဖြစ်ပြီး အကောင်းဆုံးနေရာလေးတစ်ခုပါပဲတဲ့ ထို့အပြင် ကိုဘီ ဘယ်လောက်ပဲ အမှိုက်ဖွဖွ သူတို့ အပြစ်မယူပါဘူးတဲ့။အခုဆိုရင် ကိုဘီလေးဟာ မီဖို ချောင်မှာ ဟင်းတွေချက်ရင်း ဟင်းတွေကို လောင်းထည့်တာတွေ၊ ခူးခပ်တာတွေ ၊ ရေတိုင်းတာတာတွေကို တက်မြှောက်နေပြီသိရပါတယ်။ထို့အပြင် သူ့ ဟင်းချက် ဗီဒီယိုလေးတွေရိုက်ကူးရင်း ကိုဘီ လေးမှ ပထမဦးဆုံး သူ့အဖေကို ဒါ့ဒါ့ ( Dada / Daddy ) လို့ခေါ်တာကို မှတ်တမ်းတင်မိလို့ ဒီမှတ်တမ်းလေးတွေက အမြဲတမ်း အမှတ်တရတစ်ခုအဖြစ်ရှိနေမှာပါတဲ့။

 

<<< Zawgyi >>>

 

အင္စတာဂရမ္မွာ နာမည္ၾကီးေနတဲ့ ၁ နွစ္သားအရြယ္စားဖိုမႈးေလး Kobe Eats

----------------------------------------------------------------------------------------------

 

အသက္ ၁ နွစ္အရြယ္ စားဖိုမႈးေလး Kobe ( ကိုဘီ ) ဟာဆိုရင္ေတာ့ ျဖင့္ယခုဆိုရင္ လူမႈ႕ကြန္ယက္မွာ မီလီယံထက္မ်ားျပားတဲ့ ေဖာ္လို၀ါေတြနဲ႕ ျပည့္နွက္ေနတာ ေတြ႕ရပါတယ္။ လူတိုင္းနီးပါးက ကိုဘီရဲ႕ ဗီဒီယိုေလးမ်ားကို သူအစားအေသာက္ခ်က္ျပုတ္ေနစဥ္ ကိုဘီေလးရဲ႕ ခ်စ္စဖြယ္ကေလးေလး ရဲ႕ မ်က္နွာအမႈအရာ ဟန္ပန္ကို ခ်စ္ရင္းၾကည့္ရႈ႕ၾကတာပါ။

 

ကိုဘီဟာ သူ႕ရဲ႕ အင္စတာ ဂရမ္ ဘိုင္အိုတြင္ ကိုဘီက ခ်က္ျပဳတ္ရတာကို ၾကိဳက္တယ္ ၊ စားရတာကိုလည္းၾကိဳက္တယ္ ထို႕အျပင္ မီးဖိုေခ်ာင္ထဲမွာ စူးစမ္းေလ့လာရတာကိုလည္းၾကိဳက္တယ္ဆိုကာ ေရးသားထားပါတယ္။ဗီဒီယိုေတြေတာ္ေတာ္မ်ားမ်ားမွာ ကိုဘီဟာ ဟင္းခ်က္စရာမ်ားကို စတင္ခ်က္ျပဳတ္ခင္ကတည္းက ျပေလ့ရွိျပီး ဟင္းခ်က္ေနတိုင္းသူက မ်က္နွာ အမႈအရာ ေလးအမ်ိဳးမ်ိဳးနဲ႕ ကင္မရာကို ရိုက္ျပပါေသးတယ္။

 

ကိုဘီရဲ႕ မိခင္ျဖစ္သူ Ashley Wian ( အက္ရွေလ ၀ိန္း ) မွ CNN ကို ေျပာၾကားခ်က္အရ ဒီဗီဒီယိုေလးေတြရိုက္ကူးျခင္းရဲ႕ အစက သူတို႕သားေလးရဲ႕ မီးဖိုေခ်ာင္မွာ သူမနွင့္အတူ ဟင္းခ်က္ရင္းက ျဖစ္လာတဲ့ ခ်စ္စဖြယ္ မ်က္နွာအေနအထားေလးေတြကို သူတို႕ရဲ႕ မိတ္ေဆြေတြနဲ႕ မိသားစု၀င္ေတြၾကည့္လို႕ရေအာင္ ဗီဒီယို မွတ္တမ္းတင္ျပသခဲ့တာပါတဲ့။

 

ထို႕အျပင္ အက္ရွေလ ဆက္လက္ေျပာၾကားသည္က ဟင္းခ်က္ျခင္းက တကယ့္ကို အိမ္မွာ အျမဲ လက္ေတြ႕က်က် ကိုဘီေလး ျပဳလုပ္တဲ့ အရာျဖစ္တယ္၊ကိုဘီေလးက ဟင္းခ်က္ေနရရင္ေပ်ာ္တယ္ ဒါ့ေၾကာင့္လဲ မိတ္ေဆြေတြၾကည့္ဖို႕နဲ႕ မိသားစု၀င္ေတြၾကည့္ဖို႕ သူမ ဗီဒီယို ရိုက္ကူးခဲ့တာပါလို႕သိရပါတယ္။

 

ကိုဘီေလးရဲ႕ မိဘနွစ္ပါး အေနနဲ႕ ကိုဘီ ရဲ႕ အင္စတာ ဂရမ္ အေကာင့္ကို Kobe Eats ဆိုတဲ့ နာမည္ျဖင့္ ျပီးခဲ့တဲ့ ေဖေဖာ္ဝါရီ လအကုန္ေလာက္က စတင္ဖြင့္လွစ္ေပးခဲ့တာျဖစ္ျပီး ကိုဘီ ဟာ ဧျပီလ ၁၅ ရက္မတိုင္ခင္ထိ ေဖာ္လိုရာ ၂၀၀ ေလာက္ထိပဲ ရပါေသးတယ္တဲ့ ထိုေနာက္ပိုင္းမွ ေဖာ္လိုဝါ ခုန္တတ္သြားျပီး ေဖာ္လိုရာ ၁ သိန္း ၊ ၂ သိန္း နဲ႕ ၅ သိန္း အထိတက္လာခဲ့တာပါ။ထိုသို႕ ေဖာ္လို၀ါေတြရေနေပမည့္လည္း ကိုဘီေလး ရဲ႕ ဖခင္ျဖစ္သူ ( Kyle ) ကိုင္း မွ သူတို႕သားေလးေၾကာင့္ လူေတြျပံုးေနရင္ပဲေက်နပ္ပါျပီတဲ့။

 

တကယ္တန္းမွာ မိဘ အေနနဲ႕ ကေလးတစ္ေယာက္ကို ထိန္းေၾကာင္းရာမွာ လူတိုင္းအတြက္ စိတ္ေပ်ာ္ရႊင္ေစတဲ့ ကေလးေလးအျဖစ္ ထိန္းေၾကာင္းေပးရတာ အေကာင္းဆုံးပဲ ထို႕အျပင္ သူတို႕ အေနနဲ႕ သားသမီးကို မလုပ္နဲ႕ လုိ႕တားျမစ္တဲ့ မိဘေတြထက္ ကေလးက လုပ္ခ်င္တာေလးလုပ္ေနတာကို အနားက ကူညီေပးျပီး ေပးလုပ္တတ္တဲ့ မိဘေတြကို ဘေဘာက်ပါတယ္တဲ့။

 

ကိုဘီ အတြြက္ သူတုိ႕ရဲ႕ မီးဖိုခန္းေလးက ေလ့လာစရာေတြနဲ႕ သင္ယူစရာေတြအမ်ားၾကီးျဖစ္ျပီး အေကာင္းဆုံးေနရာေလးတစ္ခုပါပဲတဲ့ ထို႕အျပင္ ကိုဘီ ဘယ္ေလာက္ပဲ အမႈိက္ဖြဖြ သူတို႕ အျပစ္မယူပါဘူးတဲ့။အခုဆိုရင္ ကိုဘီေလးဟာ မီဖို ေခ်ာင္မွာ ဟင္းေတြခ်က္ရင္း ဟင္းေတြကို ေလာင္းထည့္တာေတြ၊ ခူးခပ္တာေတြ ၊ ေရတိုင္းတာတာေတြကို တက္ေျမွာက္ေနျပီသိရပါတယ္။ထို႕အျပင္ သူ႕ ဟင္းခ်က္ ဗီဒီယိုေလးေတြရိုက္ကူးရင္း ကိုဘီ ေလးမွ ပထမဦးဆုံး သူ႕အေဖကို ဒါ့ဒါ့ ( Dada / Daddy ) လို႕ေခၚတာကို မွတ္တမ္းတင္မိလို႕ ဒီမွတ္တမ္းေလးေတြက အျမဲတမ္း အမွတ္တရတစ္ခုအျဖစ္ရွိေနမွာပါတဲ့။

 

Ref : CNN

Read times Last modified on Monday, 25 May 2020 16:48
Rate this item
(0 votes)