Food & Livestock
ကိုကာကိုလာကုမ္ဗဏီ ဘယ်လိုအစပြုခဲ့တာလဲ
ကိုကာကိုလာက လူတွေကြားမှာ မသိသူ မရှိသလောက်ဖြစ်တဲ့ အချိုရည်တစ်ခုပေါ့။ ကမ္ဘာနဲ့အဝန်း လူသိများ ထင်ရှားပါတယ်။
ကိုကာကိုလာကို သောက် ကောင်းလို့ သောက်နေပေမဲ့သည်ကုမ္ဗဏီ ဘယ်လိုစတင်ခဲ့လဲဆိုတာ စဉ်းစားမိကြလား။ သည်တစ်ပတ်တော့ နှစ်နှစ် ခြိုက်ခြိုက်သောက်သုံးနေတဲ့ ကိုကာကိုလာ အချိုရည် ကုမ္ဗဏီဘယ်လိုစတင်ခဲ့လဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
ကိုကာကိုလာ ကုမ္ဗဏီက အမေရိကန်အခြေစိုက် ကုမ္ဗဏီတစ်ခုပါ။ အယ်လ်ကိုဟော ပါဝင်မှုမရှိတဲ့ သောက်စရာ ထုတ်လုပ်တဲ့ ကုမ္ဗဏီပေါ့။ သည်ကုမ္ဗဏီဟာ နိုင်ငံတကာမှာ အသိအမှတ်ပြုခံရတဲ့ ကိုကာကိုလာအချိုရည်ကို ထုတ်လုပ်ပြီး လူသိများလာခဲ့တဲ့ ကမ္ဘာ့အဆင့်မီ ကုမ္ဗဏီ တစ်ခုပါ။ ၁၈၈၆ ခုနှစ်က ဂျော်ဂျီယာ နိုင်ငံ အတ္တလန္တာမြို့မှာ John Stith Pemberton ဆိုတဲ့ ဆေးဖော်စပ်သူ တစ်ဦးက ကိုကာကိုလာအချိုရည်ကို စတင်ဖော်စပ်ခဲ့တာပါ။ ၁၈၉၄ မှာတော့ ကိုကာကိုလာဖော်စပ်တဲ့ ဖော်စပ်မှုနည်း ပညာနဲ့ ကုန်အမှတ်တံဆိပ်ကို Asa Griggs Candler ဆိုသူက လက်လွှဲဝယ်ယူခဲ့ပါတယ်။
ကုမ္ဗဏီရုံးချုပ်ကို အတ္တလန္တာမှာ အခြေစိုက်ပြီး ဒယ်လ်လာ ဝဲလ်ကောင်တီ၊ ဝယ်လ်မင်တန်မြို့မှာ ရုံးခွဲဖွင့်လှစ်ပြီး ၁၈၈၉ ခုနှစ်မှာ ကိုကာကို လာအချိုရည်ကို ကုန်စည်တစ်ခုအဖြစ် စတင်ဖြန့်ချိခဲ့ပါတယ်။ ပြည်တွင်းပြည်ပ ဒေသအသီးသီးကို ဖြန့်ချိရောင်းချခဲ့တာ ပါ။ သည်လိုနဲ့ လူတွေအကြားမှာ ကိုကာ ကိုလာက ရေပန်းစားစပြုလာတော့ပါ တယ်။
စတင်တီထွင်စဉ်က အစာမကြေ တာကို သက်သာစေဖို့အတွက် သောက်ရတဲ့ ဆေးဝါးအဖြစ် ဖော်စပ်ခဲ့တဲ့ ကိုကာ ကိုလာဟာ အခုလက်ရှိမှာ အချိုရည်အ ဖြစ် လူတွေအကြား ရေပန်းစားနေပါ တော့တယ်။ ၁၈၈၆ ခုနှစ်က ဂျော်ဂျီယာ နိုင်ငံ အတ္တလန္တာမြို့မှာ John Stith Pemberton ဆိုတဲ့ ဆေးဖော်စပ်သူ တစ်ဦးက စတင်ဖော်စပ်ခဲ့တဲ့ ကိုကာကို လာ အချိုရည်ကို Pemberton ရဲ့စာရင်း ကိုင်ဖြစ်သူ Frank M. Robinson က ကိုကာကိုလာရယ်လို့ အမည်သတ်မှတ်ပေးပြီး ကုန်အမှတ်တံဆိပ်ကို ဖန်တီးပေးခဲ့ပါတယ်။
ကိုကာကိုလာကို ဖော်စပ်ရာမှာ ပါဝင်တဲ့ အဓိကပါဝင်ပစ္စည်းနှစ်မျိုး ဖြစ် တဲ့ ကိုကိုးအရွက်နဲ့ Kola စေ့တို့ကို အစွဲပြု ပြီး Robinson က ကိုကာကိုလာရယ်လို့ အမည်ပေးခဲ့တာပါ။ ကိုကာကိုလာကို စတင်ထုတ်လုပ်ချိန်ကJohn Pemberton က တာဝန်ယူလုပ်ဆောင်ခဲ့တာဖြစ်ပြီး Pemberton အနားယူပြီးတဲ့နောက်မှာ Robinson က ကုမ္ဗဏီကို ဆက်လက် ထိန်းသိမ်းပြီး အောင်မြင်အောင်လုပ် ဆောင်ခဲ့ပါတယ်။ သူက ကိုကာကိုလာကို လူသိများတဲ့ အချိုရည်ဖြစ်အောင် လုပ် ဆောင်ခဲ့ပြီး ကုမ္ဗဏီကို အောင်မြင်မှု လမ်းကြောင်းမှာ အရှိန်မှန်မှန်နဲ့ လျှောက် လှမ်းစေခဲ့တာပါ။
၁၉၈၄ မှာ အမေရိကန်စီးပွားရေးလုပ်ငန်းရှင် Asa Candler က ကိုကာကို လာ ကုမ္ဗဏီကို Pem berton ရဲ့ ဆက်ခံသူ တွေဆီကနေ ဝယ်ယူခဲ့ပါတယ်။ Candler က နိုင်ငံတွင်းက ပြည်နယ်တိုင်းမှာ ကိုကာကိုလာကို ရောင်းချခဲ့ပါတယ်။ Asa Candler က ကိုကာကိုလာကို ပထမဆုံး ကြော်ငြာခဲ့သူပါ။ ကိုကာကိုလာကို ပထမဆုံး ကြော်ငြာခဲ့တဲ့ စာသားက ' Coca Cola. Delicious! Refreshing ! Exhi-larating! Invigorating! ' ဆိုတာပါ။
၁၉၈၄ ခုနှစ်မှာ ကိုကာကိုလာက ဈေးကွက်ထဲမှာ အောင်မြင်မှုရရှိခဲ့ပါ တယ်။ ၁၉၁၉ ခုနှစ်မှာတော့ ကုမ္ဗဏီကို Ernest Woodruff ရဲ့ Trust Company of Georgia က ရယူခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်မှာတော့ ပြိုင်ဘက်အနေနဲ့ ပက်ပ်စီ ကုမ္ဗဏီ ထွက်ပေါ်လာပါတယ်။
Source : Kumudra