Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ယူကရိန်း ဂျုံ တင်ပို့ခွင့် ရုရှားနှင့် သဘောတူညီမှု ရရှိ

ယူကရိန်း ဂျုံ တင်ပို့ခွင့် ရုရှားနှင့် သဘောတူညီမှု ရရှိ

 

ပင်လယ်နက်ဆိပ်ကမ်းများမှ ဂျုံတင်ပို့မှုကို ပိတ်ဆို့ထားတဲ့အတွက်  နိုင်ငံတကာ စားနပ်ရိက္ခာအကျပ်အတည်း ဖြစ်ပေါ်လျက် ရှိတာကို ဖြေလျှော့ရန် ဂျုံပြန်လည် တင်ပို့ဖို့  သဘောတူညီချက်ကို ရုရှားနှင့် ယူကရိန်းတို့ သောကြာနေ့တွင် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ 

 အဆိုပါ သဘောတူညီချက်အရ ယခင်နှစ် ဂျုံရာသီမှာ ရိတ်သိမ်းထားတဲ့ ဂျုံတန်ချိန် သန်း ၂၀ ဝန်းကျင်ကို ယူကရိန်းနိုင်ငံက တင်ပို့ရောင်းချခွင့် ရရှိမှာဖြစ်ပြီး တန်ဖိုး ကန်ဒေါ်လာ ၁၀ ဘီလီယံ ဝန်းကျင်ရှိမယ်လို့ အကြမ်းအားဖြင့် ခန့်မှန်းပါတယ် 

သဘောတူညီချက် သက်တမ်းက ရက်ပေါင်း ၁၂၀ ဖြစ်ပြီး အလိုအလျောက် သက်တမ်းတိုးပေးနိုင်ပါတယ်။

ဂျုံတင်ပို့ရန် လာမယ့် သီတင်းပတ် နှစ်ပတ်အတွင်း စတင်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင့် ကုလသမဂ္ဂမှ ပြောရေးဆိုရေးတာဝန်ခံ Farhan Haq က ပြောကြားပါတယ်။ လောလေဆယ်မှာ တစ်လလျှင် ဂျုံတန်ချိန် ၅ သန်း တင်ပိုရန် ရည်မှန်းထားပါတယ်။ ဂျုံဟောင်း သိုလှောင်ထားတဲ ဆိုင်လို silo များ နေရာလွတ်သွားမှ ယခုနှစ် ဂျုံရာသီမှာ ထွက်ရှိတဲ့ ဂျုံများ ထားသိုရန် နေရာရရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ပထမအဆင့်မှာ စုစုပေါင်း ဂျုံတန်ချိန် သန်း ၂၀ နီးပါးတင်ပို့ပြီး ဆိုင်လိုများ နေရာလပ်ရရှိအောင် လုပ်ဆောင်မယ်လို့ apnews မှ သတင်းဖော်ပြထားပါတယ်။ 

#MyanmarFoodIndustryGuide 

Telegram Channel
https://t.me/Guid4U

Source:apnews

Read times Last modified on Saturday, 23 July 2022 14:24
Rate this item
(0 votes)