Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယပြည်နယ် ကိုးခုတွင် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ပျံ့နှံ့

အိန္ဒိယနိုင်ငံရှိ ဒေလီနှင့် မဟာရာရှတရာပြည်နယ် နှစ်ခုတွင် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခဲ့ပြီး

ယနေ့တွင် ပြည်နယ်ကိုးခုအထိ ကူးစက်ပျံ့နှံ့ခဲ့သည်။

ဒေလီတွင် ကျီးကန်းနှင့် ဝမ်းဘဲအသေကောင် ရှစ်ကောင်တွင် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခံရကြောင်း အတည်ပြုထားချိန်တွင် မဟာရာရှတရာပြည်နယ်ရှိ ကျေးရွာတစ်ရွာတွင် ကြက်ငှက်တုပ်ကွေးရောဂါကြောင့် ကြက်အကောင်ရေ ၈၀၀ သေဆုံးသည်ကို တွေ့ရှိခဲ့သည်။

ပတ်ဘ်ဟာနီခရိုင် မူရမ်ဘာကျေးရွာတွင် ထိုကြက်ငှက်တုပ်ကွေးရောဂါဖြင့် ကြက်များသေဆုံးခဲ့သည်ဟု မီဒီယာက သတင်းဖော်ပြခဲ့သည်။

ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်မှု ရှိသော အခြားပြည်နယ် ခုနစ်ခုမှာ ကီရာလာ၊ ရာဂျာစတန်၊ မက်ရှ်ရာ ပရာဒေ့ရှ်၊ ဟီမာရှယ် ပရာဒေ့ရှ်၊ ဟာရာနာ၊ ဂူဂျာရတ်နှင့် ဉတာပရာဒေ့ရှ် တို့ဖြစ်သည်။


MDN

Read times
Rate this item
(0 votes)