Food & Livestock



ပါကစ္စတန်ဆန် ဒေါ်လာ ၁၀ ဘီလီယံဖိုး ပြည်ပတင်ပို့ရန် ရည်မှန်းထား

ပါကစ္စတန်ဆန် ဒေါ်လာ ၁၀ ဘီလီယံဖိုး ပြည်ပတင်ပို့ရန် ရည်မှန်းထား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ပါကစ္စတန် ဆန်စပါးကဏ္ဍသည် စပါးတစ်ဧကအထွက်နှုန်း တိုးလာသဖြင့် ပြည်ပသို့ တင်ပို့ရန် ဆန်ပိုလျှံသည့်ပမာဏ ပုံမှန်တိုးလာခြင်းကြောင့် လာမည့်ငါးနှစ်အတွင်း ဆန်ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၁၀ ဘီလီယံအထိ တိုးမြင့်လာရန် မျှော်မှန်းထားသည်။

 

 ကိန်းဂဏန်း အချက်အလက်များအရ ဆန်တင်ပို့မှုသည် ၂၀၂၃ ခုနှစ်အတွင်း တန်ချိန် ၄ ဒသမ ၅ သန်းဝန်းကျင်ရှိပြီး ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ရရှိမည်ဖြစ်သည်။

 

ရာသီဥတု ကောင်းမွန်မှု၊ စိုက်ပျိုးသူများ ကြိုးပမ်းမှု၊ ရေနှင့် ဓာတ်မြေဩဇာ ရရှိနိုင်မှု၊ စျေးကွက်သစ်များ ရရှိခြင်းတို့ကြောင့် ပါကစ္စတန်နိုင်ငံ၏ သမိုင်းတွင် ဒုတိယအများဆုံးအဖြစ်ဖြင့် ဆန်တန်ချိန် ၉ သန်း ထုတ်လုပ်နိုင်ခြင်းကြောင့် ဆန်တင်ပို့မှု ပမာဏ တိုးလာကြောင်း ဆန်စပါးကဏ္ဍ ကျွမ်းကျင်သူ Hamid Malik မှ ပြောကြားပါသည်။ ။

အလွန်အရေးပါသောအချက်မှာ ပါကစ္စတန်တွင် ဘာစမာတီဆန် ပရီမီယံအရည်အသွေး C1121 မျိုးစိတ် စိုက်ပျိုးခြင်းသည် သမိုင်းကြောင်းတလျှောက် အများဆုံးဖြစ်သည့်အထိ ပိုမိုများပြားခဲ့ခြင်းဖြစ်သည်။

မြင့်မားသည်။

 

ဘာစမာတီဆန် ပရီမီယံအရည်အသွေးတွင် အိန္ဒိယမှ 1509 စပါးမျိုးစိတ်သည် ဈေးကွက်တွင် ဦးဆောင်သူ နေရာမှာ ရှိနေပြီး ပါကစ္စတန်မှ C1121 မျိုးစိတ်ကို အလားတူ အရည်အသွေးရှိသည့် ဘာစမာတီဆန်ဟု ဈေးကွက်က ယူဆထားသည်။

 

ပါကစ္စတန်နိုင်ငံ အဆင့်မြင့်နည်းပညာ မျိုးစပ် မျိုးစေ့ အသင်း Pakistan Hitech Hybrid Seed Association ဥက္ကဋ္ဌ Ali Malik က ဆန်ထုတ်လုပ်မှုသည် စဉ်ဆက်မပြတ် တိုးမြင့်လာသဖြင့် ပို့ကုန်အတွက် ဆန်ပိုလျှံမှု ပိုမိုရရှိနိုင်စေသောကြောင့် ဆန်တင်ပို့သည့် ပမာဏ ပိုများလာမည်ဖြစ်ပြီး ဆန်တင်ပို့မှု တစ်ခုတည်းက ၂၀၂၈ ခုနှစ်မှာ ကန်ဒေါ်လာ ၁၀ ဘီလီယံခန့် ရနိုင်မည်ဟု ခန့်မှန်းသည်။ 

၂၀၂၅ ခုနှစ်တွင် ဆန်တင်ပို့မှုဝင်‌ေငွသည် ကန်ဒေါ်လာ ၅ ဘီလီယံအထိ ရှိလာနိုင်သည်ဟု ၎င်းက ဆိုသည်။ 

 

Source dawn


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Saturday, 23 December 2023 12:51
Rate this item
(0 votes)