Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်းထုတ်နှင့် ထိုင်းနိုင်ငံထုတ် ဆားများအကြား အရည်အသွေးကွာခြားမှု နည်းပါးစေရန် ကြိုးပမ်းဆောင်ရွက်

ပြည်တွင်း၌ ထုတ်လုပ်သော ဆားများနှင့် ထိုင်းနိုင်ငံမှထုတ်လုပ်သော ဆားများအကြား ဈေးနှုန်းကွာခြားမှုနှင့် အရည်အသွေးပိုင်းတွင် ကွာခြားနေမှုများ နည်းပါးလာစေရန်

ပြည်တွင်းရှိ ဆားထုတ်လုပ်ရေးလုပ်ငန်းများက ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှထွက်ရှိသော ဆားများတွင် အစိုဓာတ်အနည်းငယ် ကျန်ရှိနေပြီး ထိုင်းနိုင်ငံမှထွက်ရှိသော ဆားများသည် ပေါင်းခံထားသည့်အတွက် အစိုပြန်ခြင်းမရှိသဖြင့် အရည်အသွေး ပိုမိုကောင်းမွန်ကြောင်း၊ ထို့အပြင် ဈေးနှုန်းပိုင်းတွင်လည်း ထိုင်းနိုင်ငံမှ ထုတ်လုပ်တင်ပို့ ရောင်းချနေသော ဆားများသည် ပြည်တွင်း၌ ထုတ်လုပ် ရောင်းချသော ဆားများထက် ဈေးပိုကြီးကြောင်း သိရသည်။

စားသုံးမှုအများစုသည် ဈေးကြီးသော ထိုင်းနိုင်ငံထုတ်ဆားများကို ဝယ်ယူစားသုံးကြသော်လည်း အချို့သော အိမ်ရှင်မများနှင့် ထမင်းဆိုင်များသည် ပြည်တွင်းထုတ် ဆားချောများကိုသာ ဝယ်ယူသုံးစွဲလေ့ရှိကြသည်။ ထိုင်းနိုင်ငံ မှဆားများကို မြန်မာနိုင်ငံသို့ တင်ပို့ရာတွင် သယ်ယူပို့ဆောင်စရိတ်များကြောင့် လက်လီဆိုင်များသို့ ရောက်ရှိသောအခါ ဈေးများသော်လည်း ပြည်တွင်းထုတ်ဆားများသည် ဈေးနှုန်းသက်သာကြောင်း သိရသည်။
ပြည်တွင်း၌ ဆားချောများကို အစားအသောက်များနှင့် ဟင်းလျာများ ချက်ပြုတ်ရာတွင် သုံးစွဲကြပြီး ဆားကြမ်းများ ကို စက္ကူစက်လုပ်ငန်း၊ သားရေလုပ်ငန်း၊ မက်မန်းသီးလုပ်ငန်း၊ ငံပြာရည်လုပ်ငန်း၊ ငါးပိ၊ ငါးခြောက်လုပ်ငန်း၊ မျှစ်လုပ်ငန်း စသည်တို့တွင် အသုံးပြုလေ့ရှိကြောင်း သိရသည်။

myotaw.news

Read times
Rate this item
(0 votes)