Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သီလဝါ အထူးစီးပွားရေးဇုန် အောင်မြင်၍ ထားဝယ်အထူးစီးပွားရေး ဇုန်အတွက် ဂျပန်အစိုးရက ကူညီရန်အစီအစဉ်ရှိဟုဆို

သီလဝါ အထူးစီးပွား ရေးဇုန် တည်ထောင်ရာတွင် အောင်မြင်မှုများရရှိ၍ ထားဝယ် အထူးစီးပွားရေးဇုန်၌

ဂျပန် အစိုး ရက ဝင်ရောက် အကောင်အ ထည်ဖော် လုပ်ကိုင်ရန် အစီအစဉ် ရှိကြောင်း ဂျပန်အပြည်ပြည်ဆိုင် ရာပူးပေါင်းဆောင်ရွက်ရေးအေ ဂျင်စီ (JICA)ရုံး မြန်မာနိုင်ငံကိုယ် စားလှယ် မစ္စတာမစယုကီကာ ရာစဝါက ပြောသည်။

 

လက်ရှိတွင်  ဂျပန်နိုင်ငံကထားဝယ်အထူးစီးပွားရေးဇုန်နှင့် တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုး ရေး ဖွံ့ဖြိုးရေးမဟာစီမံကိန်းရေး ဆွဲနေပြီး စီမံကိန်းပြီးစီးပါက မြန်မာအစိုးရ၏ ဆုံးဖြတ်ချက် ပေါ်မူတည်၍ ဂျပန်နိုင်ငံက ဝင် ရောက်လုပ်ကိုင်မည်ဟု ၎င်းက ဆက်လက်ပြောသည်။

 

‘‘အထူး စီးပွားရေးဇုန်ကို တည်ဆောက်ခြင်းဖြင့် လိုအပ် လာမယ့် လျှပ်စစ်၊ ဆိပ်ကမ်းလို ဟာမျိုးနဲ့ ပတ်သက်တာတွေကို တိုင်းတာမှုစစ်တမ်း လုပ်နေပါ တယ်။ ရလာတဲ့ သုံးသပ်ချက် ပေါ်မူတည်ပြီး မြန်မာနိုင်ငံ အစိုးရ ကနေ ဘယ်လိုဆုံးဖြတ်မလဲဆို တာ မူတည်ပြီး ပါဝင်သွားမယ်’’ ဟု မစ္စတာမစယုကီကာရာစဝါက ပြောသည်။

 

ထားဝယ်အထူးစီးပွားရေး ဇုန်ကို အပိုင်း(က)နှင့် (ခ)ဟူ၍ နှစ်ပိုင်းခွဲကာ အကောင်အထည် ဖော်မည်ဖြစ်ပြီး အပိုင်း (က)ကို အီတာလျံ-ထိုင်းကုမ္ပဏီက မြေ ယာဖော်ထုတ်မည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်က ပြော သည်။ အပိုင်း (ခ)စီမံကိန်းကို နိုင်ငံတကာ တင်ဒါခေါ်ယူမည်ဟု ၎င်းက ဆက်လက်ပြောသည်။ အ ပိုင်း (က) တွင် စီမံကိန်းအသေးစား များပါဝင်ပြီး အပိုင်း(ခ)တွင် စီမံ ကိန်း အကြီးစားများ ပါဝင်မည်ဟု ဦးဆက်အောင်က ပြောသည်။

 

ထားဝယ် အထူးစီးပွားရေး ဇုန် စီမံကိန်းသည် ဂျပန်နိုင်ငံ အကူအညီဖြင့် ရေးဆွဲနေသည့် တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုး တိုးတက်ရေး မဟာစီမံကိန်း၏ အစိတ်အပိုင်းဖြစ်ပြီး အဆိုပါစီမံ ကိန်း ရေးဆွဲမှုသည် ၂၀၁၈ မေလ တွင် ပြီးစီးမည်ဟု ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော် မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မြင့်ဆန်းက ပြောသည်။

 

ထားဝယ်အထူးစီးပွားရေး ဇုန် စီမံကိန်းလုပ်ကိုင်ရန် ၂၀၀၈ တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရ ချင်း လက်မှတ်ထိုးပြီး ထိုင်းနိုင်ငံ ဘက်မှ အီတာလျံထိုင်းကုမ္ပဏီ နှင့် ပြည်တွင်းမှ မက်စ်(မြန်မာ) ကုမ္ပဏီတို့ စတင်လုပ်ကိုင်ခဲ့ သည်။ သို့သော် ၂၀၁၃ တွင် ဘဏ္ဍာရေးအခက်အခဲကြောင့် စီမံကိန်းရပ်ဆိုင်းခဲ့သည်။

၂၀၁၅ ဇူလိုင်တွင် စီမံကိန်း ပြန်လည်စတင်ရန် မြန်မာ-ထိုင်း -ဂျပန် သုံးနိုင်ငံ အစိုးရချင်း ဆွေး နွေးပြီး ဂျပန်အစိုးရက အဆိုပါ စီးပွားရေးဇုန်အပါအဝင် ထား ဝယ်ဒေသ ဖွံ့ဖြိုးရေး ကန်ဒေါ်လာ သန်း ၈၀၀ ကျော် ထုတ်ချေးရန် သဘောတူခဲ့သည်။

 

ယခု ပြန်လည်စတင်မည့် စီမံကိန်းဧရိယာအတွင်း ကျေးရွာ ခြောက်ရွာပါဝင်ပြီး စုစုပေါင်း အိမ်ထောင်စု ၁,၂၀၀ ကျော်ရှိ ကြောင်း ထားဝယ်စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီကဆိုသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:56
Rate this item
(1 Vote)