Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ခရမ်းမည်းသီး စိုက်ပျိုးရောင်းချသူများ ဈေးကောင်းရ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ ကျေးရွာများ၌ စိုက်ပျိုးရောင်းချလျက်ရှိသော ခရမ်းမည်းသီးများမှာယခုအခါ  ဈေးကောင်း ရရှိနေ၍ အဆင်ပြေလျက်ရှိကြောင်း  ခရမ်းမည်းသီး စိုက်ပျိုးရောင်းချသူများထံမှ သိရသည်။

 

မြိတ်မြို့နယ်ရှိ ကျေးရွာများတွင် ခရမ်းမည်းပင်များကို နွေ၊ မိုး၊ ဆောင်းရာသီမရွေး  ရာသီဆင့်စိုက်ပျိုး ရောင်းချလျက်ရှိပြီး  အသီးများ စပေါ်ချိန်မှ ခရမ်းမည်းပင် သက်တမ်းသုံးလကျော် ကာလအတွင်း အသုတ်လိုက် ခူးယူရောင်းချနိုင်သည်။

 

ယခင်က ခရမ်းမည်းသီးဈေးနှုန်းမှာ အလုံးအရွယ်အစားအကြီးအသေးအလိုက် ငွေကျပ် ၁ဝဝ မှ ၁၅ဝ အထိ ရရှိနေရာမှ ယခုလက်ရှိ  ခရမ်းမည်းသီးတစ်လုံးလျှင် အလုံးအရွယ်အစား  အကြီးအသေးအလိုက် ငွေကျပ် ၂၅ဝ မှ ၃ဝဝ နှင့် နှစ်လုံးတွဲပါ အစည်းတစ်စည်းလျှင် ငွေကျပ် ၅ဝဝ အထိရရှိနေသည်။

 

Read More >>>>>  ဂျပန်စတိုင်လ် ဂျပန်တို့ဖူးဝက်သားပဲငပိကြော်

 

မြိတ်မြို့နယ်၌ ခရမ်းမည်းသီးပင်များကို ပင်းအို၊ လက်ခုတ်တောင်၊ သဘွတ်၊ လော့လော့၊ ကဘင်း၊ ငါးအင်း၊အလယ်ချောင်း စသည့်ကျေးရွာတို့၌ စိုက်ပျိုးကြပြီး ဝယ်လက်များ၊ ဖောက်သည်များမှ တစ်ဆင့် မြို့ပေါ်ရှိ ကုန်စိမ်းဈေးများသို့လည်း    တင်ပို့ရောင်းချလျက်ရှိ ကြောင်း သိရသည်။  

 

Source: Myawaddy

Read times Last modified on Thursday, 16 May 2019 17:01
Rate this item
(1 Vote)