Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မင်းဘူးရှိကြက်သွန် သိုလှောင်ရုံပိုင်ရှင်များ အရှုံးနှင့်ရင်ဆိုင်နေရ

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့စျေးတွင် ကြက်သွန်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၄၀၀နှုန်း ကျဆင်းသွားသဖြင့် ကြက်သွန်အမြောက်အမြား သိုလှောင်ထားသည့် တောင်သူများအနေဖြင့် ‌ငွေကြေးအခက်အခဲများ ကြုံတွေ့နေရကြောင်း မင်းဘူးရှိ ကြက်သွန်စိုက်ပျိုးသူတစ်ဦးက ပြောကြားခဲ့သည်။


"ကျွန်တော်တို့က ပြည်ပဝယ်လိုအားကို မျှော်လင့်နေကြပါတယ်။ အစပိုင်းက ကြက်သွန်တစ်ပိဿာလျှင် ကျပ် ၁,၂၀၀မှ ၃,၃၀၀ လောက်ထိ စျေးကောင်းရခဲ့ပါတယ်။ အခုတော့ဈေးနှုန်းက သိသိသာသာကျဆင်းလာတဲ့ အတွက်ကြောင့် ကြက်သွန်စိုက်ပျိုးသူများ ငွေကြေးဆုံးရှုံးမှုများနှင့် တွေကြုံနေရပါတယ်” ဟု ကြက်သွန်စိုက်ပျိုးသူ ဦးထွန်းကပြောကြားခဲ့သည်။ “၀ယ်လိုအားနည်းတာက ဈေးနှုန်းကျဆင်းမှု့ကို ဖြစ်စေတဲ့အတွက် လက်လီစျေးကွက်မှာ ကြက်သွန်တစ်ပိဿာကို ၄၀၀ကျပ်သာ ရှိတော့ပါတယ် ” ဟု သိုလှောင်ရုံပိုင်ရှင် ဦးသာဖောကပြောကြားခဲ့သည်။


"သယ်ယူပို့ဆောင်ရေးအခက်အခဲများ လွယ်ကူသွားမယ်ဆိုရင်တော့ စျေးကွက်ပြန်လည်ထူထောင်လာနိုင်လိမ့်မယ်။ Coronavirus ကူးစက်ရောဂါကြောင့် အနောက်ဘက်နယ်စပ်တွေကို ပိတ်ထားရသဖြင့် နိုင်ငံခြားသို့ကြက်သွန်တင်ပို့ရန် အဆင်မပြေတော့ပေ။ ရောင်းလိုအားသာများနေပြိး ဝယ်လိုအားမရှိသဖြင့် ကြက်သွန်ဈေးနှုန်းသိသိသာသာကျဆင်းခဲ့ပါတယ်” ဟုမင်းဘူးမြို့နယ်မှလယ်သမား ဦးမြင့်ရွှေက ပြောကြားခဲ့သည်။


“ အစောပိုင်းက ကြက်သွန်နီကို ဘင်္ဂလားဒေ့ရ်ှ နှင့် အိန္ဒိယနိုင်ငံသို့ အဓိက တင်ပို့ရပါတယ်။ ရောဂါကူးစက်ပြန့်ပွားမှုကြောင့် နိုင်ငံခြားကုန်သွယ်မှု့များ ပြတ်တောက်ခဲ့တဲ့အတွက်ကြောင့် ကြက်သွန်ဈေးက ကျဆင်းနေလျက်ရှိပါတယ်” ဟုမန္တလေးမှ ကြက်သွန်နီ လက္ကားကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။ “ဒီနှစ်ကြက်သွန်စိုက်တောင်သူများနှင့် ကုန်သည်များသည် COVID-19 ရောဂါကူးစက်မှု များပြားလာခြင်းကြောင့် ဈေးကွက်ပြိုလဲမှုများ ကြုံတွေ့နေရပါတယ်။ ထို့ကြောင့် ကြက်သွန်နီ သိုလှောင်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေဟာ ငွေရေးကြေးရေးအခက်အခဲတွေ ကြုံတွေ့နေကြရပါတယ်” ဟု မန္တလေးမှ သိုလှောင်ရုံပိုင်ရှင်က ပြောကြားခဲ့သည်။


ပြီးခဲ့သည့်နှစ်က ပြည်တွင်းစျေးကွက်တွင် ကြက်သွန်၀ယ်လိုအားမြင့်တက်မှုနှင့်အတူ ဈေးနှုန်းများမြင့်တက်ခဲ့ပြီး ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၁၅ ရက်တွင် ကြက်သွန် တစ်ပိဿာလျှင် ကျပ်၄,၀၀၀အထိ စျေးရခဲ့သည်။ ယခင်နှစ်ပြည်ပဝယ်လိုအား မြင့်တက်မှု့က ယခုနှစ်ကြက်သွန်စိုက်တောင်သူများကို ကြက်သွန်စိုက်ပျိုးရေး တိုးချဲ့ရန် လှုံ့ဆော်ပေးခဲ့သည်။ ၂၀၁၅ ၊၂၀၁၈ နှင့် ၂၀၁၉ခုနှစ်များတွင် ပြည်တွင်းကြက်သွန်နီစျေးနှုန်းမှာ တစ်ပိဿာလျှင် ၃,၀၀၀ကျပ်ထိ ရှိခဲ့သည်။ ကြက်သွန်နီကို မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေတိုင်းဒေသကြီး၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့တွင် အဓိကထားစိုက်ပျိုးကြပါသည်။

Ref - onion-warehouse

Read times
Rate this item
(0 votes)