Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဈေးသက်သာ၍ နိုင်ငံတကာဈေးကွက်တွင် မြန်မာ့ဆန်ဝယ်လိုအားများလာ

Unicode


ဈေးသက်သာ၍ နိုင်ငံတကာဈေးကွက်တွင် မြန်မာ့ဆန်ဝယ်လိုအားများလာ


 မြန်မာ့ဆန်ဈေးနှုန်းသက်သာခြင်းကြောင့် နိုင်ငံတကာဈေးကွက်တွင် ဝယ်လိုအားများ ကြောင်း မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ် အသင်းဝင် အချို့က ပြောသည်။


အာရှ၌ စပါးစိုက်ပျိုးသော ထိုင်း၊ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံ တို့၏ ဆန်ဈေးနှုန်းထက် ဈေး သက်သာခြင်းကြောင့် မြန်မာ့ဆန် ဝယ်ယူလိုသူများနေကြောင်း ၎င်း တို့က ပြောသည်။


နိုင်ငံတကာဈေးကွက်တွင် မြန်မာဆန်ဈေး ၂၅ မှတ် တစ် အိတ်လျှင် ဒေါ်လာ ၂၈၀ ခန့်နှင့် ငါးမှတ်ဆန်တစ်အိတ်လျှင် ၃၄၅ ဒေါ်လာဝန်းကျင်ဈေးရှိသည်။ ထိုင်းဆန် ၂၅ မှတ်တစ်အိတ်လျှင် ဒေါ်လာ ၃၀၀ ကျော်နှင့် ငါးမှတ် ဆန်တစ်အိတ်လျှင် ဒေါ်လာ ၃၉၀ ခန့်ဈေးရှိနေသည်။

 

Confectionary မုုန္႔မ်ိဳးစံုလုပ္ငန္းေပါင္း ၄၆ ခုကိုရွာရန္ႏွိပ္ပါ။


‘‘နိုင်ငံတကာကဝယ်လက် တွေက မြန်မာ့ဆန်ဈေးကို ကြိုက် ကြတယ်’’ ဟု မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဗဟိုအလုပ်အမှု ဆောင် ဦးမျိုးသူရအေးက ပြောသည်။


လက်ရှိပြည်တွင်းဈေးကွက် တွင် နိုင်ငံခြားတင်ပို့မည့် ဧည့်မ ထဆန်တစ်အိတ်လျှင် ကျပ် ၁၇,၇၀၀ ဈေးရှိနေသည်။ ဆန် အိတ် ၂၀ သည် တစ်တန်ရှိခြင်း ကြောင့် ဆန်တစ်တန်ဈေးကျပ် သုံးသိန်းငါးသောင်းလေးထောင် ဝန်းကျင်ရှိသည်။


ယခုဘဏ္ဍာနှစ် ပြည်ပဆန် တင်ပို့ခြင်းကို တန်ချိန် ၂ ဒသမ ၂ သန်းရှိမည်ဟု မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ်က ခန့်မှန်းထား သည်။ မိုးစပါးနှင့် နွေစပါး စိုက် ဧက သန်း ၂၀ ကျော်တွင် တစ်နှစ် ဆန်တန်ချိန် ၁၄ သန်းခန့်ထုတ် လုပ်ပြီး ပြည်တွင်းစားသုံးမှု တန် ချိန် ၁၀ သန်း၊ ပိုလျှံဆန်တန်ချိန် လေးသန်းခန့်ရှိသည်။


မြန်မာနိုင်ငံမှ  ပိုလျှံသည့် ဆန်များကို ဥရောပ၊ အာဖရိက နှင့် အာရှနိုင်ငံအချို့အပါအဝင် ၆၁ နိုင်ငံသို့ တင်ပို့ရောင်းချနေသည်။


  ယခု ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန်နှစ်သန်းခန့် တင် ပို့ထားပြီး အများဆုံးရောင်းချထား သည်မှာ အိမ်နီးချင်းတရုတ်နိုင်ငံ ဖြစ်သည်။

 

Read More >>>>>    ရန္ကုန္သို႔ ၾကက္သြန္နီ အဝင္နည္းၿပီး ရခုိင္ျပည္နယ္သုိ႔ တင္ပို႔မႈမ်ားေန


ဆန်နှင့်ဆန်ကွဲ တန်ချိန် ခြောက်သိန်းကျော်ကို ပင်လယ် ရေကြောင်း၊ ကုန်းလမ်းနယ်စပ်မှတစ်ဆင့် တင်ပို့ထားသည်။ ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံများ သို့ ဆန်နှင့်ဆန်ကွဲတန်ချိန် လေး သိန်းကျော်နှင့် အာဖရိကဈေး ကွက်သို့တန်ချိန် ငါးသိန်းကျော် တင်ပို့နိုင်ခဲ့သည်။


Source: 7 day news

 

 

ေစ်းသက္သာ၍ ႏိုင္ငံတကာေစ်းကြက္တြင္ ျမန္မာ့ဆန္ဝယ္လိုအားမ်ားလာ

 

 ျမန္မာ့ဆန္ေစ်းႏႈန္းသက္သာျခင္းေၾကာင့္ ႏိုင္ငံတကာေစ်းကြက္တြင္ ဝယ္လိုအားမ်ား ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအ သင္းခ်ဳပ္ အသင္းဝင္ အခ်ိဳ႕က ေျပာသည္။

 


အာရွ၌ စပါးစိုက္ပ်ိဳးေသာ ထုိင္း၊ အိႏၵိယႏွင့္ ပါကစၥတန္ႏိုင္ငံ တို႔၏ ဆန္ေစ်းႏႈန္းထက္ ေစ်း သက္သာျခင္းေၾကာင့္ ျမန္မာ့ဆန္ ဝယ္ယူလိုသူမ်ားေနေၾကာင္း ၎ တို႔က ေျပာသည္။

 


ႏိုင္ငံတကာေစ်းကြက္တြင္ ျမန္မာဆန္ေစ်း ၂၅ မွတ္ တစ္ အိတ္လွ်င္ ေဒၚလာ ၂၈၀ ခန္႔ႏွင့္ ငါးမွတ္ဆန္တစ္အိတ္လွ်င္ ၃၄၅ ေဒၚလာဝန္းက်င္ေစ်းရွိသည္။ ထိုင္းဆန္ ၂၅ မွတ္တစ္အိတ္လွ်င္ ေဒၚလာ ၃၀၀ ေက်ာ္ႏွင့္ ငါးမွတ္ ဆန္တစ္အိတ္လွ်င္ ေဒၚလာ ၃၉၀ ခန္႔ေစ်းရွိေနသည္။

 

Confectionary မုုန္႔မ်ိဳးစံုလုပ္ငန္းေပါင္း ၄၆ ခုကိုရွာရန္ႏွိပ္ပါ။

 


‘‘ႏိုင္ငံတကာကဝယ္လက္ ေတြက ျမန္မာ့ဆန္ေစ်းကို ႀကိဳက္ ၾကတယ္’’ ဟု ျမန္မာႏိုင္ငံဆန္စပါး အသင္းခ်ဳပ္ ဗဟိုအလုပ္အမႈ ေဆာင္ ဦးမ်ိဳးသူရေအးက ေျပာသည္။

 


လက္ရွိျပည္တြင္းေစ်းကြက္ တြင္ ႏုိင္ငံျခားတင္ပို႔မည့္ ဧည့္မ ထဆန္တစ္အိတ္လွ်င္ က်ပ္ ၁၇,၇၀၀ ေစ်းရွိေနသည္။ ဆန္ အိတ္ ၂၀ သည္ တစ္တန္ရွိျခင္း ေၾကာင့္ ဆန္တစ္တန္ေစ်းက်ပ္ သံုးသိန္းငါးေသာင္းေလးေထာင္ ဝန္းက်င္ရွိသည္။

 


ယခုဘ႑ာႏွစ္ ျပည္ပဆန္ တင္ပို႔ျခင္းကို တန္ခ်ိန္ ၂ ဒသမ ၂ သန္းရွိမည္ဟု ျမန္မာႏုိင္ငံ ဆန္ စပါးအသင္းခ်ဳပ္က ခန္႔မွန္းထား သည္။ မိုးစပါးႏွင့္ ေႏြစပါး စိုက္ ဧက သန္း ၂၀ ေက်ာ္တြင္ တစ္ႏွစ္ ဆန္တန္ခ်ိန္ ၁၄ သန္းခန္႔ထုတ္ လုပ္ၿပီး ျပည္တြင္းစားသံုးမႈ တန္ ခ်ိန္ ၁၀ သန္း၊ ပိုလွ်ံဆန္တန္ခ်ိန္ ေလးသန္းခန္႔ရွိသည္။

 


ျမန္မာႏိုင္ငံမွ  ပိုလွ်ံသည့္ ဆန္မ်ားကို ဥေရာပ၊ အာဖရိက ႏွင့္ အာရွႏိုင္ငံအခ်ိဳ႕အပါအဝင္ ၆၁ ႏိုင္ငံသို႔ တင္ပို႔ေရာင္းခ်ေနသည္။

 


  ယခု ဘ႑ာႏွစ္တြင္ ျမန္မာႏိုင္ငံမွ ျပည္ပသို႔ ဆန္ႏွင့္ ဆန္ကြဲတန္ခ်ိန္ႏွစ္သန္းခန္႔ တင္ ပို႔ထားၿပီး အမ်ားဆံုးေရာင္းခ်ထား သည္မွာ အိမ္နီးခ်င္းတ႐ုတ္ႏိုင္ငံ ျဖစ္သည္။

 

Read More >>>>>    ရန္ကုန္သို႔ ၾကက္သြန္နီ အဝင္နည္းၿပီး ရခုိင္ျပည္နယ္သုိ႔ တင္ပို႔မႈမ်ားေန

 


ဆန္ႏွင့္ဆန္ကြဲ တန္ခ်ိန္ ေျခာက္သိန္းေက်ာ္ကို ပင္လယ္ ေရေၾကာင္း၊ ကုန္းလမ္းနယ္စပ္မွတစ္ဆင့္ တင္ပို႔ထားသည္။ ဥေရာပသမဂၢ (အီးယူ) ႏိုင္ငံမ်ား သို႔ ဆန္ႏွင့္ဆန္ကြဲတန္ခ်ိန္ ေလး သိန္းေက်ာ္ႏွင့္ အာဖရိကေစ်း ကြက္သို႔တန္ခ်ိန္ ငါးသိန္းေက်ာ္ တင္ပို႔ႏိုင္ခဲ့သည္။

 


Source: 7 day news

Read times Last modified on Tuesday, 18 February 2020 17:24
Rate this item
(0 votes)