Food & Livestock
ရန်ကုန်မှာနေသူများ စျေးဝယ်ထွက်ဖို့ အစိုဈေး နေရာသစ် "the Hangar စျေးရုံကြီး"
ဇန်နဝါရီ ( ၁၆ ) ရက်နေ့ကစပြီး StarCityမှာ "the Hangar စျေးရုံကြီး" စတင်စမ်းသပ်ဖွင့်လှစ်နေပြီဖြစ်ပြီး
မနက် ၇နာရီကနေ ည ၇နာရီထိ ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရပါတယ်။
ကားရပ်နားဖို့အတွက် ကားပါကင်လည်း အသင့် စီစဉ်ပေးထားကြောင်း သိရပါတယ်။
စားသောက်ဆိုင်တန်းဘက်မှာ တချို့ဆိုင်တွေဖွင့်လှစ်နေပြီဖြစ်ပြီး Wet Market ဘက်မှာဆိုရင်လည်း သန့်ရှင်းလတ်ဆတ်တဲ့ အသီးအရွက်၊ ဆိတ်သား၊ ကြက်သား၊ ပင်လယ်စာအသားငါးဆိုင်တွေလည်း စတင်ဖွင့်လှစ်နေပြီ ဖြစ်တဲ့အတွက် ရန်ကုန်မှာနေသူများ စျေးဝယ်ထွက်ဖို့ အစိုဈေး နေရာသစ်တစ်ခု ပေါ်ပေါက်လာတာလို့ ဆိုရပါမယ်။





Facebook page မှာ အခုလို မိတ်ဆက်တင်ပြထားပါတယ်။
.
" StarCity အိမ်ရာဝင်းအတွင်းက Wet Market နဲ့ Food Court တို့ ပါဝင်ဆောက်လုပ်ထားတဲ့ဈေးရုံသစ်ကြီး the Hangar”
Wet Market (သား၊ငါး၊ကုန်စိမ်း၊ကုန်ခြောက် ဈေးရုံကြီး) နဲ့ Food Court (စားသောက်ဆိုင်တန်း) တွေ တွဲလျက်ပါဝင်ဆောက်လုပ်ထားတဲ့ the Hangar စျေးရုံသစ်ကြီးကို StarCity အိမ်ရာဝင်းအတွင်းမှာ ဖွင့်လှစ်တော့မှာဖြစ်တဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
ပြည်တွင်းထွက်ကုန်ပစ္စည်းများနဲ့ Supplier တွေကိုယ်တိုင် ကုန်စိမ်း၊ ကုန်ခြောက်တွေကိုစုံလင်စွာ ရောင်းချပေးသွားမှာဖြစ်တဲ့အတွက် လာရောက်လည်ပတ်ကြမယ့် စားသုံးသူပြည်သူတွေအနေနဲ့ ကုန်ပစ္စည်းတွေနဲ့ အစားအသောက်တွေကို သက်သာတဲ့နှုန်းထားနဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။
Wet Market စျေးရုံဖက်အခြမ်းက စျေးဆိုင်ခန်းတွေမှာဆိုရင်လည်း သားငါးနဲ့ ကုန်ခြောက်ပစ္စည်းတွေ၊ ဟင်းသီးဟင်းရွက်တွေအပါအဝင် လူသုံးကုန်ပစ္စည်းတွေနဲ့ အဝတ်အထည်တွေပါ ခင်းကျင်းပြသထားမှာ ဖြစ်တဲ့အတွက် စုံစုံလင်လင်နဲ့တစ်နေရာတည်းမှာ ရွေးချယ်ဝယ်ယူနိုင်မှာပါ။
Food Court (စားသောက်ဆိုင်တန်း) မှာဆိုရင်လည်း မြန်မာ့ရိုးရာအစားအသောက်တွေအပါအဝင် မြန်မာထမင်းဟင်း၊ မြိတ်အစားအစာ၊ မာလာရှမ်းကော၊ ထိုင်း၊ အိန္ဒိယ၊ တရုတ်၊ ကိုရီးယားနဲ့ ဂျပန်အစားအစာ အစရှိတဲ့ နိုင်ငံတကာအစားအစာတွေကို စုံလင်စွာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။
'the Hangar ဈေးရုံသစ်ကြီး' ဟာဆိုရင် သန့်ရှင်းလတ်ဆတ်တဲ့ ပြည်တွင်းထွက်ကုန်ပစ္စည်းပေါင်းများစွာနဲ့ ဈေးနှုန်းသင့်တင့်ချိုသာတဲ့ အစားအသောက်တွေကို နေရာတစ်နေရာတည်းမှာ စုံစုံလင်လင်ရရှိနိုင်ဖို့ ရည်ရွယ်ပြီးဆောင်ရွက်ထားတာဖြစ်ပါတယ်။
ဈေးရုံသစ်မှာ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ သန့်ရှင်းရေးတို့ကို ဦးစားပေးထားတာဖြစ်ပြီး မီးငြိမ်းသတ်ရေးစနစ်ကိုလည်း ထည့်သွင်းဆောင်ရွက်ထားပါတယ်။ နောက်ပြီး ကားပါကင်ကလည်း ကျယ်ကျယ်ဝန်းဝန်းရှိတဲ့အတွက် အများပြည်သူ စိတ်ချယုံကြည်စွာ လည်ပတ်နိုင်ပါတယ်။
"the Hangar" ကို ဇန်နဝါရီ ၂၃ ရက်နေ့ကနေ စတင်ဖွင့်လှစ်မှာဖြစ်ပြီး Wet Market (အသား၊ငါး၊ကုန်စိမ်း၊ကုန်ခြောက်ဈေးရုံကြီး) ကို နံနက် ၅နာရီမှ နေ့လယ် ၂နာရီအထိ၊ စားသောက်ဆိုင်တန်း (Food Court) ကိုတော့ နံနက် ၆နာရီမှ ည ၉နာရီထိ နေ့စဉ်ဖွင့်လှစ်သွားမှာပဲဖြစ်တဲ့အတွက် လာရောက်အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။




