Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မိုးစပါးပေါ်ချိန် တရုတ်ဝယ်လိုအား ကောင်းခြင်းကြောင့် ဆန်ဈေးမြင့်တက်

တရုတ်နိုင်ငံက ဝယ်လို အားကောင်းခြင်းကြောင့် မိုးစပါး ပေါ်ချိန်တွင် ပြည်တွင်းဈေးကွက် ၌

ဆန်ဈေးနှုန်း မြင့်တက်နေ ကြောင်း ဆန်ကုန်သည်များက ပြောသည်။

 

တရုတ်နိုင်ငံတွင် (၁၉)ကြိမ် မြောက် တရုတ်ကွန်မြူနစ်ပါတီ ညီလာခံ ကျင်းပနေခြင်းကြောင့် လုံခြုံရေး တင်းကျပ်ထားသဖြင့် အောက်တိုဘာ ၁၇ ရက်ကစ၍ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်လုနီးပါး ဖြစ်ခဲ့ပြီး တရုတ်သို့ ဆန်တင်ပို့မှုလည်း လျော့ကျခဲ့သည်။

 

တရုတ်ကွန်မြူနစ်ပါတီ ညီလာခံကို အောက်တိုဘာ ၁၈ မှ ၂၅ရက်အထိ ပြုလုပ်ခဲ့ပြီးနောက် အောက်တိုဘာ ၂၆ ရက်ကစ၍ တရုတ်ဘက်က တစ်ရက်လျှင် ဆန်အိတ်ရေ လေးသောင်းခန့် ဝယ်ယူနေပြီး ဈေးနှုန်းလည်း ယခင်ထက် တစ်အိတ်လျှင် သုံးယွမ်(၆၀၀ကျပ်) မြင့်တက်လာသည်ဟု မူဆယ်မြို့ရှိ ဆန်နှင့်သကြား ကုန်သည်တစ်ဦးက ပြောသည်။

 

‘‘တရုတ်က ဆန်ကြမ်း ရှယ် တွေကိုပဲ အဓိကဝယ်တယ်။ ၂၅ မှတ်ကတော့ သင်္ဘောတင်ဖို့ အတွက် ရန်ကုန်က ကုန်သည် တွေက ဝယ်နေတယ်’’ဟု ဘုရင့် နောင် ဆန်ကုန်စည်ဒိုင် အတွင်း ရေးမှူး ဦးသန်းဦးက ပြောသည်။

ရန်ကုန်ဈေးကွက်တွင် ဆန် ကြမ်းဈေးနှုန်းသည် ယခုရက်ပိုင်း တွင် ၂၅ မှတ်အမျိုးအစား တစ် အိတ်လျှင် ၂၁,၅၀၀ ကျပ်ဈေးရှိကြောင်း ၎င်းက ပြောကြားသည်။

 

ရန်ကုန်သို့ တစ်ရက်လျှင် ဆန်အိတ်ရေ လေးသောင်းမှ ငါး သောင်းအကြား ဝင်နေပြီး ပြည်ပ တင်ပို့ရန် ဝယ်လိုအားကောင်းနေ ခြင်းကြောင့် ဈေးနှုန်းကျဆင်းမှု မရှိသေးကြောင်း၊ သို့သော်လည်း ဒေသစုံမှ ဆန်အဝင် များလာပါ က ဈေးနှုန်းအနည်းငယ် ကျဆင်း နိုင်ကြောင်း ဦးသန်းဦးက ခန့်မှန်း ပြောကြားသည်။

 

နိုဝင်ဘာ၊ ဒီဇင်ဘာလများ တွင် အာဖရိကနိုင်ငံသို့ ရောင်းချ ထားသည့် ဆန်ကြမ်းများ သင်္ဘော တင်ရန် ရှိနေခြင်း၊ တရုတ်နိုင်ငံသို့ တရားဝင် ဆန်တန်ချိန်တစ်သိန်း ရောင်းချမည့် အစီအစဉ်များရှိနေ ခြင်းကြောင့် မိုးစပါး ပေါ်ချိန် ဖြစ်သော်လည်း ဆန်ဈေး ယခု ထက် ကျဆင်းနိုင်ခြေနည်းသည် ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ် တွဲဖက်အတွင်းရေးမှူး ဦးနေ လင်းဇင်က ခန့်မှန်းသည်။

 

Read More >>>>>  Nestle MILO နဲ့ FC Barcelona တို့ပူးပေါင်းပြီး မျိုးဆက်သစ်လူငယ်တွေရဲ့ သွက်လက်ကျန်းမာပြီး အောင်မြင်တဲ့ ဘ၀အတွက် အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း

 

ယခုနှစ် မိုးစပါးပေါ်ချိန်တွင် ဒေသအလိုက် စပါးဈေးနှုန်းသည် တင်းတစ်ရာလျှင် ကျပ်လေးသိန်း ရှစ်သောင်းမှ ငါးသိန်းခွဲအကြား ဈေးဖွင့်ခဲ့သည်။ လက်ရှိ စပါး ပေါက်ဈေးသည် တောင်သူလယ် သမားများ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်ထက် ပိုမိုသဖြင့် လယ်သမားများအတွက် အဆင် ပြေသော ဈေးနှုန်းတစ်ခုဖြစ်သည် ဟု သနပ်ပင်မြို့နယ်နေ လယ် သမားတစ်ဦးက သူ၏အမြင်ကို ပြောသည်။

 

မိုးစပါးစိုက်ပျိုးစရိတ် ကုန် ကျမှုသည် တစ်ဧကလျှင် ကျပ် တစ်သိန်းမှ နှစ်သိန်းအကြား ရှိ ခြင်းကြောင့် လက်ရှိ စပါးပေါက် ဈေးဖြင့် နှိုင်းယှဉ်ပါက လယ် သမားများအတွက် အကျိုး အမြတ်ရှိကြောင်း ၎င်းက ပြော ကြားသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:37
Rate this item
(1 Vote)