Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့လယ်ယာထွက်ကုန်များကို ထိုင်းမှတဆင့် မလေးရှားနိုင်ငံသို့ တင်ပို့ခွင့်ရရန် တင်ပြ

Unicode


မြန်မာ့လယ်ယာထွက်ကုန်များကို ထိုင်းမှတဆင့် မလေးရှားနိုင်ငံသို့ တင်ပို့ခွင့်ရရန် တင်ပြ


မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းများကို ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေး အစိုးရချင်း ညှိနှိုင်းဆောင်ရွက်ပေးရန် ဒုတိယသမ္မတဦးဆောင်တဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီထံ တင်ပြထားကြောင်း မြဝတီနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်က ပြောပါတယ်။


“နယ်စပ်လမ်းကြောင်း ထိုင်းနဲ့ မလေးရှားနဲ့က ပထဝီအနေအထားအရ နီးပြီးသားဆိုတော့ အစိုးရကသာ ညှိနှိုင်းမှုလုပ်ပေးနိုင်မယ်ဆို ဒီကကုန်သည်တွေ ပိုပြီးတော့ အဆင်ပြေလာနိုင်တာပေါ့” လို့ ၎င်းက ပြောပါတယ်။

Sunflower Seeds ေနၾကာေစ့ထုတ္လုပ္ငန္းေပါင္း ၂၀ ကိုရွာရန္ႏွိပ္ပါ။


လက်ရှိမှာ ထိုင်းနိုင်ငံမှတဆင့် ဖြတ်သန်းကုန်သွယ်တဲ့ စနစ်ဖြင့် လာအိုနဲ့ ဗီယမ်နမ်နိုင်ငံသို့ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့ရောင်းချနိုင်ပြီဖြစ်ပေမယ့်လည်း စီးပွားရေးအလားအလာကောင်းရှိတဲ့ မလေးရှားနိုင်ငံသို့ ထိုင်းမှတဆင့် တင်ပို့ခွင့်ရရှိရန် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များက လိုလားနေကြတာဖြစ်ပါတယ်။


မလေးရှားသို့ တင်ပို့ခွင့်ရရန် တင်ပြထားတဲ့ လယ်ယာထွက်ကုန်ပစ္စည်းများမှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပဲမျိုးစုံ၊ သီဟိုဠ်စေ့၊ ပြောင်းနဲ့ ပြောင်းဆန်တို့ ပါဝင်ကြောင်း သိရပါတယ်။ မြန်မာ-မလေးရှား စိုက်ပျိုးရေးထွက်ကုန်များ အပြန်အလှန် တင်ပို့နိုင်ရေးအပြင် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရပါတယ်။


နှစ်နိုင်ငံကြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ရန်၊ ဖွံ့ဖြိုးရေးဆိုင်ရာ စိန်ခေါ်မှုများကို အတူတကွဖြေရှင်းရန်၊ လုပ်သားစေလွှတ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန်၊ ကုန်သွယ်မှုဆိုင်ရာ အခွင့်အလမ်းများ ဖန်တီးရန်၊ ပြည်ပက မော်တော်ယာဉ်တပ်ဆင်လုပ်ငန်းများ မြန်မာနိုင်ငံမှာ အခြေချဆောင်ရွက်ရန်၊ မလေးရှား စီးပွားရေးလုပ်ငန်းရှင်များ လာရောက်မယ့် အစီအစဉ်များကို ကူညီအားပေးရန် ဆွေးနွေးထားကြောင်း သိရပါတယ်။


ဒါ့ပြင် နှစ်နိုင်ငံကြား စိုက်ပျိုးမွေးမြူရေးကဏ္ဍနဲ့ လယ်ယာစိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအရ စိုက်ပျိုးရေးထွက်ကုန်များ၊ ရေထွက်ပစ္စည်းနဲ့ မွေးမြူရေးလုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ရန်ရှိသလို စားသောက်ကုန် ပြုပြင်ထုတ်လုပ်ခြင်း၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရန် လုပ်ဆောင်ခြင်းနဲ့ နည်းပညာရပ်ဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးထားကြောင်း သိရပါတယ်။

 
Read More >>>>>    ငါးပုစြန္မ်ားတြင္ ေဖာ္မလင္ပါဝင္မႈ မရွိေစေရး စစ္ေဆးမည္


မြန်မာနိုင်ငံအတွင်း မလေးရှားနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ (၁၀.၁၈၄) သန်းရှိနေပြီး အာဆီယံနိုင်ငံများထဲမှာ တတိယမြောက် ကုန်သွယ်မှုအများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံက မြန်မာနိုင်ငံဆီ ရေနံထုတ်ကုန်၊ စားအုန်းဆီ၊ ဓာတုပစ္စည်းနဲ့ စားသောက်ကုန်ပစ္စည်းများ အဓိကတင်သွင်းနေကြောင်း သိရပါတယ်။

Source: The Farmer Myanmar

 

 

 

ျမန္မာ့လယ္ယာထြက္ကုန္မ်ားကို ထိုင္းမွတဆင့္ မေလးရွားႏိုင္ငံသို႔ တင္ပို႔ခြင့္ရရန္ တင္ျပ

 

ျမန္မာ့လယ္ယာထြက္ကုန္ ပစၥည္းမ်ားကို ထိုင္းႏိုင္ငံမွတဆင့္ မေလးရွားႏိုင္ငံသို႔ တင္ပို႔ေရာင္းခ်ႏိုင္ေရး အစိုးရခ်င္း ညႇိႏိႈင္းေဆာင္ရြက္ေပးရန္ ဒုတိယသမၼတဦးေဆာင္တဲ့ ပုဂၢလိကက႑ ဖြံ႕ၿဖိဳးတိုးတက္ေရးေကာ္မတီထံ တင္ျပထားေၾကာင္း ျမဝတီနယ္စပ္ကုန္သြယ္ေရး ကုန္သည္မ်ားအသင္းဥကၠ႒ ေဒၚသင္းသင္းျမတ္က ေျပာပါတယ္။


“နယ္စပ္လမ္းေၾကာင္း ထိုင္းနဲ႔ မေလးရွားနဲ႔က ပထဝီအေနအထားအရ နီးၿပီးသားဆိုေတာ့ အစိုးရကသာ ညႇိႏိႈင္းမႈလုပ္ေပးႏိုင္မယ္ဆို ဒီကကုန္သည္ေတြ ပိုၿပီးေတာ့ အဆင္ေျပလာႏိုင္တာေပါ့” လုိ႔ ၎က ေျပာပါတယ္။

 

Sunflower Seeds ေနၾကာေစ့ထုတ္လုပ္ငန္းေပါင္း ၂၀ ကိုရွာရန္ႏွိပ္ပါ။


လက္ရွိမွာ ထိုင္းႏိုင္ငံမွတဆင့္ ျဖတ္သန္းကုန္သြယ္တဲ့ စနစ္ျဖင့္ လာအိုနဲ႔ ဗီယမ္နမ္ႏိုင္ငံသို႔ ျမန္မာ့လယ္ယာထြက္ကုန္ပစၥည္းမ်ား တင္ပို႔ေရာင္းခ်ႏိုင္ၿပီျဖစ္ေပမယ့္လည္း စီးပြားေရးအလားအလာေကာင္းရွိတဲ့ မေလးရွားႏိုင္ငံသို႔ ထိုင္းမွတဆင့္ တင္ပို႔ခြင့္ရရွိရန္ နယ္စပ္ကုန္သြယ္ေရး လုပ္ငန္းရွင္မ်ားက လိုလားေနၾကတာျဖစ္ပါတယ္။

 


မေလးရွားသို႔ တင္ပို႔ခြင့္ရရန္ တင္ျပထားတဲ့ လယ္ယာထြက္ကုန္ပစၥည္းမ်ားမွာ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ ပဲမ်ိဳးစံု၊ သီဟိုဠ္ေစ့၊ ေျပာင္းနဲ႔ ေျပာင္းဆန္တို႔ ပါဝင္ေၾကာင္း သိရပါတယ္။ ျမန္မာ-မေလးရွား စိုက္ပ်ိဳးေရးထြက္ကုန္မ်ား အျပန္အလွန္ တင္ပို႔ႏိုင္ေရးအျပင္ စိုက္ပ်ိဳးေမြးျမဴေရးက႑မ်ား ပူးေပါင္းေဆာင္ရြက္မႈ တိုးျမႇင့္ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနထံမွ သိရပါတယ္။

 


ႏွစ္ႏိုင္ငံၾကား ကုန္သြယ္မႈနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈ တိုးျမႇင့္ေဆာင္ရြက္ရန္၊ ဖြံ႕ၿဖိဳးေရးဆိုင္ရာ စိန္ေခၚမႈမ်ားကို အတူတကြေျဖရွင္းရန္၊ လုပ္သားေစလႊတ္မႈဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ရန္၊ ကုန္သြယ္မႈဆိုင္ရာ အခြင့္အလမ္းမ်ား ဖန္တီးရန္၊ ျပည္ပက ေမာ္ေတာ္ယာဥ္တပ္ဆင္လုပ္ငန္းမ်ား ျမန္မာႏိုင္ငံမွာ အေျခခ်ေဆာင္ရြက္ရန္၊ မေလးရွား စီးပြားေရးလုပ္ငန္းရွင္မ်ား လာေရာက္မယ့္ အစီအစဥ္မ်ားကို ကူညီအားေပးရန္ ေဆြးေႏြးထားေၾကာင္း သိရပါတယ္။

 


ဒါ့႔ျပင္ ႏွစ္ႏိုင္ငံၾကား စိုက္ပ်ိဳးေမြးျမဴေရးက႑နဲ႔ လယ္ယာစိုက္ပ်ိဳးေရး ပူးေပါင္းေဆာင္ရြက္မႈဆိုင္ရာ နားလည္မႈစာခြ်န္လႊာအရ စိုက္ပ်ိဳးေရးထြက္ကုန္မ်ား၊ ေရထြက္ပစၥည္းနဲ႔ ေမြးျမဴေရးလုပ္ငန္းမ်ားမွာ ရင္းႏွီးျမႇဳပ္ႏွံမႈ တိုးျမႇင့္ေဆာင္ရြက္ရန္ရွိသလုိ စားေသာက္ကုန္ ျပဳျပင္ထုတ္လုပ္ျခင္း၊ ကုန္သြယ္မႈလြယ္ကူေခ်ာေမြ႕ေစရန္ လုပ္ေဆာင္ျခင္းနဲ႔ နည္းပညာရပ္ဆိုင္ရာမ်ား ပူးေပါင္းေဆာင္ရြက္ရန္ ေဆြးေႏြးထားေၾကာင္း သိရပါတယ္။

 

 
Read More >>>>>    ငါးပုစြန္မ်ားတြင္ ေဖာ္မလင္ပါဝင္မႈ မရွိေစေရး စစ္ေဆးမည္

 


ျမန္မာႏိုင္ငံအတြင္း မေလးရွားနုိင္ငံရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ ေဒၚလာ (၁၀.၁၈၄) သန္းရွိေနၿပီး အာဆီယံႏိုင္ငံမ်ားထဲမွာ တတိယေျမာက္ ကုန္သြယ္မႈအမ်ားဆံုး ႏိုင္ငံတစ္ႏိုင္ငံ ျဖစ္ပါတယ္။ မေလးရွားႏိုင္ငံက ျမန္မာႏိုင္ငံဆီ ေရနံထုတ္ကုန္၊ စားအုန္းဆီ၊ ဓာတုပစၥည္းနဲ႔ စားေသာက္ကုန္ပစၥည္းမ်ား အဓိကတင္သြင္းေနေၾကာင္း သိရပါတယ္။

 

Source: The Farmer Myanmar

Read times Last modified on Friday, 21 February 2020 17:52
Rate this item
(1 Vote)