Food & Livestock
ငါးပုစွန်အစာဈေးနှုန်းများ ယခုနှစ်အတွင်း ဆက်လက်မြင့်တက်နိုင်
ငါး၊ ပုစွန်အစာဖြစ်သော ဖွဲနုနှင့် ပြောင်းတို့ကို တရုတ်နိုင်ငံမှ ၀ယ်ယူနေသည့်အတွက် ငါး ပုစွန်အစာကုန်ကြမ်းဈေးနှုန်းများ
ယခုနှစ်အတွင်း ဈေးနှုန်းဆက်လက်မြင့်တက်နိုင်ကြောင်း မြန်မာနိုင်ငံ ငါး၊ ပုစါန်အစာထုတ်လုပ်ရောင်းချသူများအသင်း ဥက္ကဋ္ဌ ထံမှ သိရပါတယ်။
ငါး၊ ပုစွန်များ၏ အဓိကအစာဖြစ်သော ဖွဲနုသည် ပြီးခဲ့သည့် နှစ်နှစ်ခန့်က ဈေးနှုန်းနှင့်ယှဉ်လျှင် ပိုမိုမြင့်တက်နေကြောင်း ၂၀၁၆ ခုနှစ်ကာလတူက တစ်ပိဿာလျှင် ၄၁၄ ကျပ် ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်က ၄၀၀ ကျပ် ရှိခဲ့ပါတယ်။
ယခုနှစ်တွင်၄၂၅ ကျပ်အထိ မြင့်တက်လာနိုင်ကြောင်းနှင့် ဖွဲနုကို တရုတ်နိုင်ငံသို့ ဆန်နှင့် ဆန်ကွဲများ၏ အောက်တွင်ခင်းပြီး တင်ပို့ နေသည့်အတွက်အစာကုန်ကြမ်းဈေးနှုန်း ထပ်မံမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။
ဖွဲနုက တရုတ်နိုင်ငံကို Border Trade နဲ့ သွားနေရတယ်။ ကျွန်တော်တို့က တင်ပြတယ်။ ဒါပေမယ့် သက်ဆိုင်ရာ တာဝန်ရှိသူ တွေက လုံးဝ ခွင့်မပြုပါဘူး။
ကန့်သတ်ထားတယ်။ သူ့ရဲ့  လုပ်ထုံးလုပ်နည်းအရ ရှာတာဖြစ်မှာပါ။ ကျွန်တော်တို့ ကြားတာက ဆန်ကွဲတို့၊ ဆန်တို့အောက်မှာ ဖွဲနုကို ခင်းပြီးသယ်ကြတယ်။ အဲဒီလို Border Trade ရှိနေသရွေ့ အစာကုန်ကြမ်းဈေးနှုန်းက တက်နေဦးမှာပါ ဟု မြန်မာနိုင်ငံ ငါး၊ ပုစါန်အစာထုတ်လုပ်ရောင်းချသူများအသင်း ဥက္ကဋ္ဌ ထံမှ သိရပါတယ်။
Read More >>>> ဆော်ဒီသို့ ငါးတင်ပို့မှုရပ်ထားရ၍ ပြည်တွင်းဈေးကွက်တွင် ငါးမြစ်ချင်းအ၀င် နှစ်ဆမြင့်တက်
ယင်းအပြင် ပြောင်းကိုလည်း တရုတ်နိုင်ငံမှ ရသမျှ ၀ယ်ယူလျှက်ရှိရာ ပြောင်းလဲသုံးစွဲမှုမှာ မြန်မာနိုင်ငံလုံး အတိုင်းအတာဖြင့် Border Trade သွားသည့် ပမာဏမှာ ၂၀၁၇ ခုနှစ်က တန် ၁ ဒသမ ၈ ဘီလီယံအထိ မြင့်တက်သွားကြောင်း၊ ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင်လည်း ဆက်လက်ဝယ်ယူဖွယ်ရှိနေကြောင်း သိရပါတယ်။
Source: Myawady