Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ယခုဘဏ္ဍာနှစ် ငါးလခွဲကာလအတွင်း လယ်ယာရေထွက်ကုန်နှင့် တိရစ္ဆာန်ထွက်ကုန်များ ပြည်ပသို့ ပိုမိုတင်ပို့နိုင်

ယခုဘဏ္ဍာနှစ်  ငါးလခွဲကာလအတွင်း (အောက်တိုဘာလမှ မတ်လလယ်အထိ) လယ်ယာထွက်ကုန်၊    ရေထွက်ကုန် နှင့်  တိရစ္ဆာန်ထွက်ကုန်များ  ပြည်ပသို့ ယခင်နှစ်ကာလ တူထက် ပိုမိုတင်ပို့ နိုင်ခဲ့ကြောင်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ   လက်ထောက်ပြောရေးဆိုခွင့် ရှိသူ  ဦးခင်မောင်လွင်၏ ပြောဆိုချက်အရ သိရသည်။

 

ယခုဘဏ္ဍာနှစ် ငါးလခွဲအတွင်း တင်ပို့မှုနှင့်   ယခင်နှစ်ကာလတူ နှိုင်းယှဉ်ရာတွင် လယ်ယာထွက်ကုန် ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ကျော်၊ တိရစ္ဆာန်ထွက်ကုန်များမှ အမေရိကန်ဒေါ်လာ ၂၂၇ သန်းကျော်နှင့် ရေထွက်ကုန်မှ အမေရိကန် ဒေါ်လာ ၂၄ သန်းကျော် ပိုများလာသည်။

 

ယခုဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မတ် ၁၅ ရက်အထိ ငါးလခွဲအတွင်း လယ်ယာ ထွက်ကုန်  ပြည်ပတင်ပို့မှုမှ  အမေရိကန် ဒေါ်လာ ၁ ဒသမ ၅၂၅ ဘီလီယံ ရရှိခဲ့ပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အောက်တိုဘာလ မှ မတ် ၁၅ ရက်အထိ  လယ်ယာထွက်ကုန် ပြည်ပတင်ပို့မှုမှ   အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၂၅ ဘီလီယံ ရရှိခဲ့ခြင်း ဖြစ်သည်။

 

ထို့ပြင် တိရစ္ဆာန်ထွက်ကုန်များကို ယခု ဘဏ္ဍာနှစ် ငါးလခွဲအတွင်း ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၆၉ သန်းကျော် ရရှိထားသည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူက တိရစ္ဆာန်ထွက်ကုန် တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၄၂ သန်းကျော်သာ ရရှိရာ ယခုနှစ် တွင် အမေရိကန်ဒေါ်လာ ၂၂၇ သန်းကျော် ပိုမိုရရှိခဲ့သည်။  အလားတူ  ရေထွက်ကုန် ပြည်ပ တင်ပို့မှုလည်း ယခုနှစ် ငါးလခွဲအတွင်း အမေရိကန်ဒေါ်လာ ၃၉၉ သန်းကျော် ရရှိထားသည်။

 

ယခင်နှစ် အလားတူ ကာလတွင် အမေ ရိကန်ဒေါ်လာ ၃၇၅ သန်းကျော် ရရှိရာ ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၄ သန်းကျော် ပိုလာခြင်း ဖြစ်သည်။

 

ယခုဘဏ္ဍာနှစ် ငါးလခွဲအတွင်း တခြားပို့ကုန်များ ဖြစ်သည့် စက်မှုကုန်ချောတင်ပို့မှုမှ ယခင်နှစ်ကာလတူထက် အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော် ပိုများလာသော်လည်း သတ္တုတွင်း ပစ္စည်းတင်ပို့မှုမှ ယခင်နှစ်ထက် အမေရိကန် ဒေါ်လာ ၅၇၈ သန်းနှင့် သစ်တောထွက်ပစ္စည်း တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ခြောက်သန်းကျော် လျော့နည်းခဲ့သည်။

 

ယခုဘဏ္ဍာနှစ် ငါးလခွဲအတွင်း ပြည်ပသို့  ပို့ကုန်တင်ပို့မှုမှ   အမေရိကန်ဒေါ်လာ ၇ ဒသမ ၃၇၂ ဘီလီယံ ရရှိထားပြီး ပြီးခဲ့သည့် နှစ်က အမေရိကန် ဒေါ်လာ ၆ ဒသမ ၆၇၅ ဘီလီယံ ရရှိရာ ယခုဘဏ္ဍာနှစ်တွင် အမေရိ ကန်ဒေါ်လာ  ၆၉၇  သန်းကျော် ပိုမို ရရှိခဲ့ကြောင်း သိရသည်။  

 

Source: Myawaddy

Read times
Rate this item
(1 Vote)