Food & Livestock



ရွှေဘိုပေါ်ဆန်း ဘေးကျားစပါး ဈေးမြင့်တက်၍ ဝယ်ယူမည့်သူ ရှိသော်လည်း ရောင်းချမည့်သူ နည်းပါး

စစ်ကိုင်းတိုင်းဒေသကြီး၏ စပါးကျီဟု တင်စားရသည့် ရွှေဘိုခရိုင်အတွင်း၌ ယခုအခါထွက်ရှိသော  ပေါ်ဆန်းဘေးကျား စပါးမှာ ဈေးကွက်မြင့်တက်၍  ဝယ်ယူသူ များပြားသော်လည်း ရောင်းချမည့်သူ နည်းပါးလျက်ရှိကြောင်း  ဒေသခံတောင်သူများထံမှ သိရပါတယ်။

 

၂ဝ၁၈-၂ဝ၁၉ ခုနှစ်အတွင်း ပေါ်ဆန်းစပါးပေါ်စတွင်   စက်မှကျခါစအချိန် တင်း ၁ဝဝ လျှင် ငွေကျပ် ၁၂ သိန်းနှင့်စပါး အခြောက်တင်း ၁ဝဝ လျှင် ငွေကျပ် ၁၃သိန်းခွဲ ပေါက်ဈေးရှိခဲ့ပြီး ယခုအခါ ပေါ်ဆန်းဘေးကျား စပါးတင်း ၁ဝဝ လျှင် ငွေကျပ် ၁၆ သိန်းခွဲဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရပါတယ်။

 

''အခု  သြဂုတ်လကုန်အထိ  ပေါ်ဆန်းဘေးကျား စပါးက ၁၆ သိန်းခွဲဝန်းကျင်ပေါက်နေတယ်။  ကွာခြားမှုကဘေးကျား တင်း ၁ဝဝ ကို သုံးလနဲ့ လေးလအတွင်းမှာ နှစ်သိန်းခွဲနဲ့ သုံးသိန်းလောက် ကွာဟသွားတယ်။   ဘေးကျားက  နွေစပါးနဲ့ယှဉ်ရင် ရောင်းရတာကွာတယ်။ နွေစပါးတုန်းက ဝယ်မယ့်သူကို မျှော်နေရတာ။ ၁ဝ ဦးရောင်းမှ တစ်ဦးတောင် ဝယ်ခဲတယ်။ဈေးကလည်း မကောင်းတော့ အခြေခံမရှိတဲ့သူဆို အမြတ်အစွန်း ဘာမှသိပ်မကျန်ဘူး။  ဘေးကျားကတော့ ဝယ်မယ့်သူ ရှာစရာမလိုဘူး။သူဘာသာသူ ရောက်လာတယ်။ဒါကြောင့် ဈေးကွက်အနေအထားကလည်း ခိုင်မာတဲ့အတွက် ဈေးဝယ်မယ့်သူများပြီး ရောင်းမယ့်သူတွေ နည်းတယ်'' ဟု ရွှေဘိုမြို့နယ် ဘုန်းဖွဲ့ကျေးရွာမှ ကိုဝင်းအေး ကပြောကြားခဲ့ပါတယ်။

 

Duty Free Shops Duty Free ပစ္စည်းများဝယ်ယူနိုင်သည့်ဆိုင်ပေါင်း ၂ ခုကိုရှာရန်နှိပ်ပါ။

 

ရွှေဘိုခရိုင်တွင်  ယခုနှစ်အတွက် ပေါ်ဆန်းမိုးစပါးကို ၇ဝ ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း သိရပြီး စိုက်ပျိုးတစ်ဧကလျှင် တင်း ၈ဝ နှင့် ၉ဝ ကြားထွက်ရှိရန် တောင်သူများ မျှော်လင့်ထားကြောင်း သိရပါတယ်။

 

''ကျွန်တော်တို့ဆီက ဒီအချိန်ဆို တောင်သူတိုင်း ပေါ်ဆန်း မိုးစပါး စိုက်ပျိုးကြတယ်။

 

Hotels ဟိုတယ်ပေါင်း ၆၇၈ ခုကို ရှာရန်နှိပ်ပါ။


ရောင်းရလည်းလွယ်တယ်။ အမြတ်လည်း ကျန်တယ်လေ။ စပါးကို လှောင်ထားနိုင်တဲ့သူ ရှိသလို မလှောင်ထားနိုင်တဲ့ သူတွေလည်းရှိတယ်။ မလှောင်နိုင်တဲ့ သူတွေဆီကနေပြီးတော့ ငွေတတ်နိုင်တဲ့ လှောင်မယ့်သူတွေက ဝယ်ယူပြီး ကိုယ့်မြို့နယ်နဲ့ကိုယ်  ပြန်လှောင်ကြတဲ့ အခါမှာကျတော့    ကြားကပွဲစားတွေနဲ့ စက်ပိုင်တွေကို အောက်ကျို့စရာမလိုဘူးပေါ့။ ဒါကြောင့် ဦးစားပေးစိုက်ကြတာ''ဟု သီးလုံးကျေးရွာမှ   ကိုမြင့်သိန်းက ပြောကြားခဲ့ပါတယ်။

 

ရွှေဘိုခရိုင်တွင် ယခုနှစ်မိုးရာသီအတွင်း ပေါ်ဆန်းစပါးစိုက်ဧက နှစ်သိန်းခွဲနှင့် သုံးသိန်းကြားတွင် ရှိကြောင်း၊ လက်ရှိမှာရွှေဘို ပေါ်ဆန်းဘေးကျား ဆန်တစ်အိတ်လျှင် ငွေကျပ် ၅၅ဝဝဝ ဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရပါတယ်။

 

Read More >>>>>  လယ်ယာကဏ္ဍအပြင် ကဏ္ဍနှစ်ခုတွင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများ ခွင့်ပြု

 

Source: Myawady

Read times Last modified on Thursday, 05 September 2019 14:16
Rate this item
(0 votes)