Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဘင်္ဂလားဒေ့ရှ် ငါးသလောက် ရာသီနဲ့ ပေါက်ဈေး

ဘင်္ဂလားဒေ့ရှ် ချဒ်ပါခရိုင်မှာ ယခုနှစ် ငါးသလောက် ရာသီမှာ ဖမ်းဆီးရရှိမှု မြင့်မားပြီး

ဈေးကောင်းလည်း ရရှိတာမို့ ကမ္ဘာ့နာမည်ကြီး ငါးသလောက် ဖမ်းဆီးတဲ့ တံငါသည်တွေ အားလုံး အပြုံးကိုယ်စီဖြစ်နေကြတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အရေးအပါဆုံးငါးဖြစ်တဲ့ ငါးသလောက်တွေဟာ ချဒ်ပါခရိုင် ပင်လယ်ကမ်းခြေတစ်ဝိုက်မှာ အသိုက်အမြုံဖြင့် ရောက်ရှိလာပါတယ်။ မြို့တော် ဒက္ကာနဲ့ အရှေ့တောင်ဘက် ၁၁၅ ကီလိုမီတာအကွာမှာ တည်ရှိတဲ့ ငါးသလောက် ဖမ်းကွက်ရဲ့ ငါးသလောက်ရာသီက မေလမှာ စတင်ပါတယ်။ ငါးသလောက်ရာသီ အမြင့်ဆုံးလက စက်တင်ဘာလ ဖြစ်ပါတယ်။ ငါးဖမ်းရာသီက လေးငါးလ ကြာမြင့်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မြစ်ကြီး သုံးသွယ် ရှိတဲ့အနက် ပါ့ဒ်မာမြစ်မှ ငါးသလောက်များကို လူကြိုက်အရမ်းများပါတယ်။ ချဒ်ပါ ငါးသလောက် လက်ကားဈေးကွက် အချက်အချာ ဖြစ်ပါတယ်။


လက်ကားဈေးမှ ဈေးသည် Noor Alam က အခုလို ယခုနှစ်မှာ ငါးသလောက် အမိများပြီး ဈေးကလည်း ကောင်းတဲ့အတွက် ဝင်ငွေပိုကောင်း စေတယ်လို့ ဆိုပါတယ်။ သူက ငါးဈေးမှာ Saju Fish ဆိုတဲ့ လက်ကားဆိုင်ဖွင့်လှစ်ပြီး လက်ကားရောင်းဝယ်တာ နှစ်ပေါင်း ၂၀ ကျော်ပါပြီ။ ချဒ်ပါ ငါးသလောက်ဈေးကတော့ နှစ်ပေါင်း ၂၀၀မှ ၂၅၀ အထိ ကြာမြင့်ခဲ့ပါပြီ။

Chandpur Matsya Banik Samiti Limited ရဲ့ ဉက္ကဋ္ဌ Abdul Bari Jamadar Manik က
“လက်ကားဈေးမှာ လုပ်ကိုင်တဲ့သူ လေးငါးထောင် ရှိပါတယ်။ ငါးသလောက်က ချဒ်ပါစီးပွားရေးမှာ အလွန် အရေးပါတယ်။ ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံလုံးအတွက်လည်း အရေးပါတယ်” လို့ သူက ပြောပြတယ်။ ငါးသလောက် ဖမ်းဆီးထုတ်လုပ်မှုက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဂျီဒီပီရဲ့ ၁ ရာခိုင်နှုန်းသာသာ ရှိပါတယ်။ geographical indication (GI) မှာ ငါးသလောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ထုတ်ကုန်တစ်မျိုးအဖြစ် ၂၀၁၇ ခုနှစ်မှာ သတ်မှတ်ပေးခဲ့ပါတယ်။

ကမ္ဘာ့ငါးလုပ်ငန်း အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ WorldFish ရဲ့ လတ်တလော လေ့လာမှုများအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကမ္ဘာ့ငါးသလောက် ဖမ်းဆီးထုတ်လုပ်မှုရဲ့ ၈၆ ရာခိုင်နှုန်းကို ဝေစု ရထားပါတယ်။
ငါးသလောက်ကို အိန္ဒိယ၊ မြန်မာ၊ အီရန်၊ အီရန်၊ ကူဝိတ်နဲ့ ပါကစ္စတန်တို့မှာလည် ဖမ်းဆီးထုတ်လုပ်ပါတယ်။

မြစ်တွေထဲမှာ ငါးသလောက် ဘေးမဲ့ပေးထားတဲ့ဧရိယာတွေ သတ်မှတ်ပြဋ္ဌာန်းပေးထားခြင်းကြောင့် ငါးသလောက် အထွက်များနေစေတယ်လို့ ဆိုပါတယ်။

ငါးသလောက်တွေက ဘင်္ဂလားပင်လယ်အော်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မြစ်များထဲသို့ ဆန်တက်ကြပြီး ဥတွေအုပြီး သားပေါက်ကြတာ ဖြစ်ပါတယ်။

မြစ်ထဲမှာ ဘယ်လိုပဲ နေဖို့ ကောင်းတဲ့ ပတ်ဝန်းကျင် ရှိနေနေ ငါးသလောက်တွေက သူတို့ပင်လယ်ထဲကို ပြန်ထွက်သွားကြပါတယ်။ ဥအုဖို့နဲ့ အကောင်ပေါက်ဖို့အတွက်သာ မြစ်တွေထဲကို ရောက်လာကြတာ ဖြစ်ပါတယ်။

ပြည်ပပို့ကုန်အဖြစ် တင်ပို့ကြတာမှာ ပေါက်ဈေးက တစ်ကီလိုမှ ၁.၂ ကီလိုအထိ အရွယ်အစား ငါးသလောက် ၃၇ ကီလိုကို ၄၀,၀၀ တာကာ (၄၆၅ ကန်ဒေါ်လာ) ရှိပါတယ်။

XINHUANET.com

Read times
Rate this item
(0 votes)