Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဇန်နဝါရီလ တတိယအပတ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် နှစ်သိန်း အပြီးတင်ပို့မည်

ဇန်နဝါရီလ တတိယအပတ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် နှစ်သိန်း အပြီးတင်ပို့မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှုမှ ပိုလျှံသော မြန်မာ့ဆန်များကို ပြည်ပဝယ်လိုအားအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့လျက်ရှိရာ G to G စာချုပ်အရ တင်ပို့ရမည့် ဆန်တန်ချိန်နှစ်သိန်းတွင် တင်ပို့ရန်ကျန်ရှိသော ဆန်များကို ရန်ကုန်ဆိပ်ကမ်းနှင့် ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းတို့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက်အတွင်း အပြီးသတ် တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းမှ နိုဝင်ဘာ ၂ ရက်တွင် ပထမဆုံး သင်္ဘော MCL-7 ဖြင့် ဆန်တန်ချိန် ၂၆၅၀ တင်ဆောင်၍ စတင် တင်ပို့ခဲ့‌ပြီး ဒီဇင်ဘာ ၂၁ ရက်တွင် ရှစ်စီးမြောက်သင်္ဘော ဖြစ်သည့် MCL-7 ဖြင့် ဆန်တန်ချိန် ၂၆၅၀ ကို တင်ပို့ခဲ့ရာ ပုသိမ်ဆိပ်ကမ်းမှ ဆန်တန်ချိန် ၂၁၁၂၅ တန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့ခဲ့ပြီး

ဖြစ်သည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန်နှစ်သိန်း တင်ပို့သွားမည်ဖြစ်ပြီး လက်ရှိတန်ချိန် ၁၆၀၀၀၀ တင်ပို့ထားကာ တင်ပို့ရန်ကျန်ရှိသော ဆန်များကို ဒီဇင်ဘာ ၂၈ ရက်နောက်ပိုင်းတွင် ရန်ကုန်ဆူးလေးဆိပ်ကမ်းနှင့် ရွှေပြည်သာမြို့နယ် ရွှေမဲဆိပ်ကမ်းမှလည်းကောင်း၊ ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းနှင့် စစ်တွေဆိပ်ကမ်းတို့မှလည်းကောင်း အရည်သွေးမီဆန်များကို ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဧရာ၀တီတိုင်းဒေသကြီးမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိုက်ရိုက်ဆန်တင်ပို့ခွင့်ရရှိသောကြောင့် ဆန်တင်ပို့သော ကုမ္ပဏီများအနေဖြင့် ရန်ကုန်ဆိပ်ကမ်းသို့ သယ်ဆောင်ရမည့် ကုန်ကျစရိတ်များစွာ သက်သာစေပြီး ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်း (Ayeyarwaddy International Industrial Port) အသက်ဝင်မှုဖြင့် ဆန်လုပ်ငန်းရှင်များ၊ ဆန်စက်ပိုင်ရှင်များနှင့် ဒေသခံများ စီးပွားရေး

အခွင့်အလမ်းများစွာ ပွင့်လန်းခဲ့သည်။

 

ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းမှ ဒီဇင်ဘာ ၂၁ ရက်က ရှစ်စီးမြောက်ထွက်ခွာသွားသော MCL-7 ဆန်တင်သင်္ဘောမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ CHATTOGRAM ဆိပ်ကမ်းတွင် ဒီဇင်ဘာ ၂၆ ရက်ညပိုင်း၌ ဆန်များကိုချလျက်ရှိပြီး မြန်မာနိုင်ငံမှ ဆက်လက်တင်ပို့ရန်ကျန်ရှိသည့် ဆန်တန်ချိန် သုံးသောင်းကျော်တွင် ရန်ကုန်ဆူးလေဆိပ်ကမ်းမှ တင်ဆောင်မည့် ဆန်တင်သင်္ဘောမှာပင်လယ်ဝတွင် ရောက်ရှိလျက်ရှိပြီး ဆူးလေဆိပ်ကမ်းသို့ ပို့ကုန်ဆန်များ ရောက်ရှိပါက ဝင်ရောက်မည်ဖြစ်ကာ ပုသိမ်စက်မှုဆိပ်ကမ်းမှ တင်ပို့မည့် ဆန်တန်ချိန်ရှစ်ထောင်ကျော်အတွက် သင်္ဘောသုံးစီးနှင့် စစ်တွေဆိပ်ကမ်းမှ သင်္ဘောတစ်စီးတို့ဖြင့် ဧည့်မထ ၅ မတ်ဆန်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်လက် တင်ပို့သွားမည်ဖြစ်ကြောင်း သိရရှိသည်။

 

Source: YDNP

Myanmar Food Industry Guide

 

Read times Last modified on Thursday, 29 December 2022 14:34
Rate this item
(0 votes)