Food & Livestock
ပြည်ပ၀ယ်လိုအားနည်းမှုကြောင့် ပဲစင်းငုံဈေးနှုန်းများ ကျဆင်း
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ လင်းခေးခရိုင်၊ လွိုင်လင်ခရိုင် အတွင်းရှိ မြို့နယ်တို့မှ
စိုက်ပျိုးတောင်သူများ ပြည်ပ၀ယ်လိုအားနည်းမှုကြောင့် ပဲစင်းငုံဈေးနှုန်းကျဆင်း၍ အရှုံးပေါ်လျှက်ရှိကြောင်း သိရပါတယ်။
ယင်းပဲစင်းငုံများကို လင်းခေးမြို့နယ်၊ ရပ်စောက်မြို့နယ်၊ တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ ညောင်ရွှေမြို့နယ် တို့မှ ဒေသခံတောင်သူများ စိုက်ပျိုးထွက်ရှိသော ပဲစင်းငုံများသည် ယခင် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီနှင့် မတ်လတွင် ပြည်ပ၀ယ်လိုအားကောင်းသဖြင့် ပဲစင်းငုံတစ်ပိဿာလျှင် ငွေကျပ် ၈၀၀ မှ ၉၀၀ အထိ ရရှိပြီး ယခုနှစ်တွင် ပြည်ပ၀ယ်လိုအားနည်းမှုကြောင့် ပဲစင်းငုံတစ်ပိဿာလျှင် ငွေကျပ် ၄၈၀ ၀န်းကျင်သာ ရှိသည့်အတွက် စရိတ်များနှင့်တွက်လျှင် အရှုံးပေါ်နေကြောင်း တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။
ယင်းတောင်ကြီးခရိုင်၊ လင်းခေးခရိုင်၊ လွိုင်လင်ခရိုင် အစရှိတဲ့ ပဲစင်းငုံစိုက်ပျိုးတောင်သူများသည် ပဲစင်းငုံများ သိမ်းဆည်းပြီးသည်နှင့် လာမည့်မိုးရာသီတွင် စိုက်ပျိုးရန်အတွက် မြေများပြုပြင်ပြင်ဆင်ခြင်းနှင့် ထယ်ရေးနှပ်ခြင်း၊ ချုံနွယ်မြက်များ ရှင်းလင်းခြင်း၊ မီးရှို့ခြင်းနှင့် မြေသြဇာအဖြစ် နွားချေးများ ခင်းကျင်း ဖြန့်ဖြူးခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရပါတယ်။
Source: Myawaddy