Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တတိယအကြိမ်မြောက် Duwun အစားအသောက်ပွဲ​တော်ကို ကျင်းပပြုလုပ်မည်

Duwun ၏ တတိယအကြိမ်မြောက်အစားအသောက်ပွဲတော်ကြီးကို ရန်ကုန်မြို့ပြည်သူရင်ပြင်ကွင်း အမှတ်၂ တွင် မတ်လ(၃၀ ရက်မှ ၃၁ရက်အထိ)​အထိ၂ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း

မတ်လ ၁၉ရက်​က WESTERN PARK RUBY ပြုလုပ်ခဲ့​သော သတင်းစာရှင်းလင်းပွဲမှသိရပါတယ်။

 

၂၀၁၇ခုနှစ်​တွင်​ စတင်​ကျင်းပခဲ့သည့်​ Duwun အစားအ​သောက်​ပွဲ​တော်​သည်​ အစား​ကောင်းကြိုက်​သူများကြား ​ရေပန်းအစားဆုံး နှစ်​စဉ်​ကျင်းပမြဲ ပွဲ​တော်​တစ်​ခုဖြစ်​လာခဲ့​သော​ကြောင့်​ ယခု ၂၀၁၉ ခုနှစ်​တွင်​လည်း Duwun Food Carnival 2019 ပွဲ​တော်​ကြီးကို KBZpay ၏ အဓိကပံ့ပိုးမှုဖြင့်​ ပွဲလာ​ရောက်​သူများအတွက်​ ပထမဦးဆုံး ​ငွေသားကိုင်​​ဆောင်​ရန်​ အလိုအပ်​​သောအစားအ​သောက်​​ဈေးတန်းကြီးအ​နေဖြင့်​ ကျင်းပသွားမည်​ဟုသိရပါတယ်။

 

လူကြိုက်များသော အွန်လိုင်းမီဒီယာ Duwunမှ တတိယအကြိမ်မြောက် နိုင်ငံတကာအဆင့်မီပွဲတော်တွင် ပြည်တွင်းရှိ နာမည်ကျော်စားသောက်ကုန်လုပ်ငန်းများ တိုင်းရင်းသားရိုးရာအစားအသောက်များစုံလင်စွာ ရောင်းချပေးသွားမည်ဖြစ်ပြီး အစားအသောက်ပွဲတော်ကို ဝင်ကြေးအခမဲ့ဖြင့် Duwunမှ အခမဲ့ဖွင့်လှစ်ထားသော အစားအသောက်ဆိုင်ခန်းပေါင်း ၁၀၀ကျော်မှ အစားအသောက်အမျိုးမျိုးကိုရွေးချယ် ဝယ်ယူစားသောက်နိုင်မည်​ဖြစ်​ကြောင်း သိရပါတယ်။

 Read More >>>>>>  ပြည်တွင်းစပါးဈေး တင်းတစ်ရာလျှင် ကျပ်ငါးသိန်းခန့်သို့ ကျဆင်းလာ

"နှစ်ရက်တာကျင်းပမဲ့Duwun အစားအသောက်ပွဲတော်ကြီးကို လာရောက်သူတွေက မိုဘိုင်းပိုက်ဆံအိတ် KBZPayကို အသုံးပြုပြီး အစားအသောက်တွေကို ဝယ်ယူနိုင်မယ့် ပထမဆုံးအကြိမ် ငွေစက္ကူကိုင်စရာမလိုဘဲ ပွဲတော်ကြီးကျင်းပနိုင်ဖို့ ကျွန်တော်တို့ KBZ Bank က Duwun Food Carnival နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။ မိသားစုတွေပဲဖြစ်ဖြစ် တစ်ဦးချင်းစီပဲဖြစ်ဖြစ် အသက်အရွယ်မရွေး ဘယ်သူမဆိုငွေသားကိုင်ဆောင်စရာမလိုဘဲ အလွယ်တကူဝယ်ယူသုံးစွဲနိုင်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို လေ့လာကြည့်ဖို့တိုက်တွန်းလိုပါတယ်။ Duwunအစားအသောက်ပွဲတော်ကြီးကိုမလာခင်မှတ်ပုံတင်နဲ့KBZPay ဈေးဆိုင် ဒါမှမဟုတ်ကိုယ်စားလှယ်တွေမှာ KBZPay အကောင့်ဖွင့်နိုင်သလို KBZ ရဲ့ ဘယ်ဘဏ်ခွဲမှာမဆို အကောင့်ဖွင့်နိုင်ပါတယ် ပထမဦးဆုံးငွေသားကိုင်ဆောင်စရာမလိုတဲ့ အစားအသောက် ပွဲတော်ကြီးကို လာရောက်ကြတဲ့ ထောင်ပေါင်းများစွာသော ပြည်သူတွေနဲ့အမှတ်တရကောင်းတွေဖန်တီးပေးဖို့မျှော်လင့်ပါတယ် '' ဟု က​မ္ဘောဇဘဏ်​၏ Agent Banking Department မှ General Manager ဖြစ်​သူ ဦးစိုးကိုကိုမှ ပြောကြားခဲ့ပါတယ်။


Duwun အစားအသောက်ပွဲတော်ကြီးတွင် ပြည်တွင်းရှိ နာမည်ကျော်စားသောက်ကုန်လုပ်ငန်းများ၊ တိုင်းရင်းသားရိုးရာ အစားအသောက်များစုံလင်စွာရောင်းချမည်ဖြစ်ပြီး အနုပညာရှင်များမှ ဆိုင်ခန်းများဖွင့်လှစ်ရောင်းချမည်ဖြစ်ရာ တင်ဇာမော်၊ မနန္ဒာ၊ DJWyne၊ ကြက်ဖ၊ မြတ်သူအောင်၊ သူရထူး၊ ခင်သဇင်စသည့်အနုပညာရှင်များအပြင် Master ChefWinner ဖြစ်သူ မတင်တင်ဦး၊ Master Chef Top3 မနီလာအောင်ဝင်းစသည့် အချက်အပြုတ်ပညာရှင်များမှ ဆိုင်ခန်းများဖွင့်လှစ်ရောင်းချမည်ဖြစ်​​ကြောင်းသိရပါတယ်။

 

ပွဲ​တော်​သို့ လာ​ရောက်​သူ မည်​သူမဆို အစားအ​သောက်​များအခမဲ့ သုံး​ဆောင်​နိုင်​မည့်​ စတုဒီတာ Corner၊ နာမည်​​ကျော်​အနုပညာရှင်​များ ပါဝင်​​ရောင်းချမည့်​​ဈေးတန်း Cele YatKwat အွန်​လိုင်းမီဒီယာမှ စီစဉ်​ထား​သော​ဈေးတန်း၊ မုန့့်​ထုပ်များကိုအရုပ်​ကောက်သကဲ့သို့ ​ကောက်​ယူရမည့် ရင်​ခုန်​စရာ Food Claw Machine၊ မြန်​မာနိုင်ငံ၏ အကြီးဆုံး လက်ဖက်ပန်းကန်ကြီးကိုဖန်တီးထားခြင်း၊ Human Claw Machine အပြင်(၁၂)နှစ်အောက်ကလေးများ ဆော့ကစားသည့် unCorner ပါရှိမည်ဖြစ်ကြောင်းသိရပါတယ်။

 

ထူးခြားချက်​အနေနဲ့ Duwun Food Carnival 2019 သည်​ မြန်မာနိုင်​ငံတွင်​ ပထမဦးဆုံး ​ငွေသားကိုင်​​ဆောင်​ရန်​ မလိုအပ်​​သော အစားအ​သောက်​​ဈေးတန်းကြီးဖြစ်​လာမည်​ဖြစ်​ပြီး ပွဲ​တော်​သို့လာ​ရောက်​သူအားလုံးမှာ ဝယ်​ယူစားသုံးရာတွင်​ KBSpay ကို အသုံးပြုနိုင်​ကြောင်း သိရပါတယ်။

Read times Last modified on Thursday, 21 March 2019 11:59
Rate this item
(1 Vote)