Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကမ္ဘာ့သကြားဈေးကွက် အိန္ဒိယသကြား လိုအပ်နေ

ကမ္ဘာ့သကြားဈေးကွက်ထဲသို့ သကြားတင်ပို့မှုတွင် အဓိကကျသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့်

ဘရာဇီးနိုင်ငံတွင် သကြားထုတ်လုပ်မှုရာသီကုန်ဆုံးပြီးသည့်နောက် ကမ္ဘာ့သကြားဈေးကွက်ထဲ လစ်ဟာနေသော သကြားတင်ပို့မှု အဆက်ပြတ်ခြင်းကို ဖြည့်ပေးရန် အိန္ဒိယနိုင်ငံတစ်နိုင်ငံသာ ရှိလိမ့်မည်ဖြစ်ပြီး ဈေးကွက်တည်ငြိမ်မှုကို ထိန်းပေးထားနိုင်လိမ့်မည်ဟု မျှော်လင့်သည်။

ကမ္ဘာ့အကြီးမားဆုံး သကြားကုန်သည်လုပ်ငန်း Alvean Sugar SL မှ အမှုဆောင်အရာရှိချုပ် Paulo Roberto de Souza က “နိုဝင်ဘာမှ မတ်-ဧပြီလအထိ အိန္ဒိယသကြား ဖြည့်ပေးခြင်း မရှိခဲ့ရင် ကမ္ဘာ့သကြားဈေးကွက် ပြင်းထန်နဲ ပြဿနာ ရှိလိမ့်မယ်” ဟု ပြောကြားသည်။

ဘရာဇီးသကြားနှင့် ဩစတေးလျသကြားတို့ အပါအဝင် ပြိုင်ဘက်များကို အိန္ဒိယသကြားက ယှဉ်ပြိုင်ရာတွင် အိန္ဒိယအစိုးရ၏ မူဝါဒများအရ ကြီးမားသော အထောက်အပံ့များ ရရှိထားသဖြင့် ယှဉ်ပြိုင်မှု မမျှတဟု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းမှ မေးခွန်းထုတ်သည်မှာ နှစ်အတန်ကြာနေပြီ ဖြစ်သည်။

Souza က ပြောပြသည်မှာ ဘရာဇီးတွင် မိုးခေါင်သဖြင့် ကြံအထွက်နည်းခြင်း၊ ကုန်ကျစရိတ် များခြင်း၊ သင်္ဘောတန်ဆာခများ မြင့်တက်နေခြင်းတို့ကြောင့် သကြားဈေးနှုန်း ထိုးတက်သော်လည်း သကြားဝယ်လိုအား တိုးမည့်အလားအလာများ ရှိနေသည်။ သကြား သုံးစွဲသည့် နိုင်ငံများသည် သကြားဈေးတက်ခြင်းနှင့် သင်္ဘောပို့ဆောင်စရိတ် မြင့်မားသဖြင့် သကြားတင်သွင်းခြင်း လျော့ကျနေခဲ့ပြီး ပြည်တွင်းရှိ လက်ကျန်ကိုသာ အားကိုးနေခဲ့ကြသည်။ ယခုအခါ လက်ကျန်နည်းပါးနေကြပြီ ဖြစ်ရ ကမ္ဘာ့ဈေးကွက်ထဲမှာ သကြားဝယ်ယူကြရတော့မည် ဖြစ်သဖြင့် ဝယ်လိုအား တိုးလာလိမ့်မည်။
“အခု သူတို့မှာ ရွေးစရာလမ်း မရှိတော့ဘူး” ဟု သူက မှတ်ချက်ပြုသည်။

အမှာစာများကို တင်ပို့ပေးနိုင်သည့် နိုင်ငံတစ်နိုင်ငံမှာ အိန္ဒိယနိုင်ငံ ဖြစ်ပြီး ဈေးအမြင့်ဖြင့် ရောင်းချလိမ့်မည်ဟု သူက မျှော်မှန်းထားသည်။

၂၀၁၇ ခုနှစ်နောက်ပိုင်းတွင် သကြားဈေး အမြင့်ဆုံးသို့ ရောက်နေသည်။ အဓိကကျသော ဘရာဇီးနိုင်ငံတွင် မိုးခေါင်ခြင်းနှင့် ရေခဲခြင်းတို့ကြောင့် အထွက်နှုန်း ကျဆင်းခဲ့သည့်အတွက်ကြောင့် ဖြစ်သည်။

ဘရာဇီးနိုင်ငံ၏ လာမည့်ကြံရာသီတွင် ကြံတန်ချိန် တန်ပေါင်း သန်း ၅၃၀ ဝန်းကျင် ထွက်မည်ဖြစ်ပြီး သကြားထုတ်လုပ်မှုသည် တန်ချိန် ၃၂- ၃၂.၄ သန်း ဝန်းကျင် ဖြစ်လိမ့်မည်ဟု Alvean Sugar SL ၏ သုတေသနဌာနက မှန်းဆထားသည်။

“ကြံခင်းတွေ အထိနာထားတယ်။ လာမည့်နှစ်မျာ လာနီညာ ( La Nina ) ကို ကျွန်တော်တို့ ကြုံရလိမ့်မယ်။ ဒီတော့ မိုးနည်းလိမ့်မယ်” ဟု Souza က ပြောသည်။


ဈေးနှုန်းများမြင့်တက်ရန် မျှော်မှန်းလျက် သကြားတင်ပို့မှုစာချုပ်များ ချုပ်ဆိုခြင်းကို အိန္ဒိယကုန်သည်များက ဆိုင်းငံ့ထားကြသည်ဖြစ်ရာ ၎င်းတို့ ထုတ်ရောင်းလိုသည့် ဈေးအထိ သကြားဈေးတက်လိမ့်မည်ဟုလည်း Souza က ခန့်မှန်းထားကြောင်း ပြောကြားသည်။

ဆက်စပ်ဖတ်ရှုရန်
ဈေးနှုန်းများမြင့်တက်ရန် မျှော်မှန်းလျက် သကြားတင်ပို့မှုစာချုပ်များ ချုပ်ဆိုခြင်းကို အိန္ဒိယကုန်သည်များက ဆိုင်းငံ့

 

reuters.com

Read times Last modified on Tuesday, 12 October 2021 14:57
Rate this item
(0 votes)