Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာမှတင်သွင်းမည့် ဆန်လုံးရှည်ကို အီးယူက သွင်းကုန်အခွန်ပြန်ကောက်မည်

မြန်မာနိုင်ငံမှ တင်သွင်းမည့် ဧည့်မထဆန်အမျိုးအစား ဆန်လုံးရှည်ကို ယနေ့(ဇန်န၀ါရီ ၁၈ ရက်)ကစတင်၍ သွင်းကုန် အခွန်ပြန်လည်ကောက်ခံမည်ဟု ဥရောပသမဂ္ဂအဖွဲ့(အီးယူ)က ထုတ်ပြန်ကြေညာသည်။

 

မြန်မာနိုင်ငံမှ တင်သွင်းမည့် ဆန်ကို ပထမနှစ်တွင် တစ်တန်လျှင် ၁၇၅ ယူရို (ကန်ဒေါ်လာ၂၀၀ ကျော်) အခွန်သတ်မှတ်ကာ ဒုတိယနှစ်တွင် ယင်းထက်လျော့၍ ယူရို ၁၅၀ နှင့်တတိယ နှစ်တွင် ၁၂၅ ယူရိုအခွန်သတ် မှတ်ကောက်ခံမည်ဖြစ်သည်။

 

နိုင်ငံရေး၊ လူ့အခွင့်အရေးကို ဦးတည်ထားသော အီးယူအဖွဲ့အ စည်းသည် ယခုတစ်ကြိမ်တွင် အ ဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်ကျိုးစီးပွား ကို ဦးတည်ခြင်းဖြစ်သည်။ အီးယူ အဖွဲ့အတွင်း စပါးစိုက်ပျိုးသည့် အီတလီ၊စပိန်နိုင်ငံတို့က GSP အ ခွင့်အရေးဖြင့် တင်သွင်းလာသော ဆန်များနှင့် ယှဉ်ပြိုင်မရောင်းနိုင် ခြင်းက စတင်ခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က ပြောသည်။

 

သွင်းကုန် အခွန်သက်သာခွင့်ကြောင့် GSP အခွင့်အရေး ဖြင့် တင်သွင်းထားသောဆန်များ က အီးယူအဖွဲ့ဝင် ဆန်စားသုံး သည့်နိုင်ငံများတွင် ဈေးနှုန်းသက် သာသည့်အခွင့်အရေးကို ရယူနိုင်သည်ဟု ၎င်းတို့ကပြောသည်။

 

‘‘ဒါကနိုင်ငံရေး၊ လူ့အခွင့်အ ရေးနဲ့လုံးဝမပတ်သက်ဘူး’’ ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့်စက် မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။

 

မြန်မာနိုင်ငံမှ ဥရောပနိုင်ငံ များသို့ ရောင်းချနေသည့်ဆန်ရှည် တစ်တန်ဈေးနှုန်းကို ကန်ဒေါ်လာ ၃၀၀ မှ ၃၅၀ အကြားသတ်မှတ် ထားရာ အခွန်နှုန်းထပ်မံပေါင်း ထည့်ပါက ရောင်းချနိုင်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဗဟိုအလုပ် အမှုဆောင် ဦးမျိုးသူရအေးက ပြောသည်။

 

ဥရောပနိုင်ငံများသို့ မြန်မာ နိုင်ငံမှ ဆန်၊ ပေါင်းဆန်နှင့် ဆန် ကွဲတစ်နှစ်လျှင် တန်ချိန်လေး သိန်းမှ ငါးသိန်းအကြားတင်ပို့ရာ တွင် အခွန်ပြန်ကောက်မည့်ဆန် အမျိုးအစားက တန်ချိန်တစ်သိန်း ခန့်သာရှိသည်ဟု မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်တွဲဖက်အတွင်း ဦးလူမော်မြင့်မောင်က ပြောသည်။

 

၂၀၁၃ ကစတင်ပြီး ခြောက် နှစ်ကြာခံစားခဲ့ရသော အီးယူ၏ အခွန်သက်သာခွင့်(GSP)ဆုံးရှုံးရ ခြင်းက မြန်မာ့ဆန်စပါးလောက အတွက် ကာလတိုအတွင်း ကြီး မားသည့် အခက်အခဲမဖြစ်နိုင် ကြောင်း ပြည်ပသို့ဆန်တင်ပို့သူ များက ပြောသည်။

 

‘‘ဆန်ကွဲနဲ့ဆန်လုံးတိုတွေကို အခွန်ကောက်ခံမှာ မဟုတ်ဘူး လေ’’ ဟု ဦးလူမော်မြင့်မောင်က ပြောသည်။

 

ပြည်ပဆန်တင်ပို့မှု စံချိန် သစ်တင်ခဲ့ပြီးနောက်တစ်နှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပဆန်တင်ပို့မှု က လျော့ကျနေသည်။ ပြည်ပသို့ ဆန်တန်ချိန် ၂ ဒသမ ၅ သန်းခန့် သာတင်ပို့နိုင်မည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အဖွဲ့ဝင်အ ချို့က ကြိုတင်ခန့်မှန်းထားသည်။

 

နယ်စပ်မှ တရုတ်နိုင်ငံသို့ တင်ပို့နိုင်မှုလျော့ကျခြင်းက ပြည် ပဆန်တင်ပို့မှုကို ထိခိုက်စေသည် ဟု ၎င်းတို့ကပြောသည်။

 

အာဖရိကနိုင်ငံများ၊ အီးယူ အဖွဲ့ဝင်နိုင်ငံအချို့နှင့် တရုတ်နိုင် ငံတို့က မြန်မာနိုင်ငံ၏အဓိကပြည် ပဆန်တင်ပို့နေရသည့်နိုင်ငံများ ဖြစ်သည်။

 

အရည်အသွေး အားနည်း သည့်ဆန်များကို အာဖရိကနိုင်ငံ များသို့ အဓိကရောင်းချပြီးအရည် အသွေးမြင့်ဆန်ကို အီးယူအဖွဲ့ ၀င်နိုင်ငံ အချို့သို့ ရောင်းချခဲ့ သည်။ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ရောင်းချနိုင်ခြင်းကလည်း ကုန် သွယ်မှုအထူးအခွင့်အရေးရရှိခဲ့ ခြင်းကြောင့်ဆိုသည်ကို ဆန်စပါး ကဏ္ဍမှ ဦးဆောင်နေသူများက ပြောသည်။ ထို့အပြင် တစ်နိုင်ငံ ချင်းစီ၏အရည်အသွေးသတ်မှတ် ချက်မြင့်မားမှုက မြန်မာနိုင်ငံမှ တင်ပို့သောဆန်အရည်အသွေး ကို တိုးမြင့်စေသည်။

 

‘‘GSP အခွင့်အရေးက မြန် မာ့ဆန်အရည်အသွေးပိုင်းမြှင့် တင်ရေးပိုင်းကို ကူညီပေးခဲ့တယ်’’ ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။

 

ပြည်ပသို့ ဆန်စတင်ပို့ခွင့်ရ ပြီး ဆယ်စုနှစ်တစ်ခုကျော်အထိ မြန်မာအခေါ် ၂၅ မှတ်ဧည့် မထဆန်အမျိုးအစားကိုသာ အ များဆုံးတင်ပို့နိုင်ခဲ့သော မြန်မာ နိုင်ငံအတွက် အီးယူ GSP က အ ရည်အသွေးပိုင်းမြှင့်တင်ရေး ကူညီနိုင်ခဲ့သည်။

 

ဈေးကွက် ရရှိလာခြင်းကြောင့် ဆန်စက်ပိုင်းဆိုင်ရာအ ရည်အသွေး မြှင့်တင်လာနိုင်ပြီး စပါးကြိတ်ခွဲမှုအပိုင်းတွင်လည်း လေလွင့်မှုနည်းအောင် ဆောင်ရွက်လာနိုင်သည်ဟု ဆန်စပါးကျွမ်းကျင်သူအချို့ကဆိုထားသည်။

 

Source: 7 day news

Read times
Rate this item
(1 Vote)