Food & Livestock
တရုတ်အ၀ယ်မရှိသဖြင့် ပြည်တွင်းဆန်ကြမ်းဈေး ၈ ရာခိုင်နှုန်းနီးပါး ကျဆင်း
တရုတ်နိုင်ငံသို့ ဆန် တင်ပို့မှုမရှိချိန်တွင် နယ်ဒေသစုံမှ ရန်ကုန်ဈေးကွက်သို့ ဆန်အ၀င်
များလာခြင်းကြောင့် ပြည်တွင်း ဈေးကွက်၌ ဆန်ကြမ်းတစ်အိတ် လျှင် ၈ ရာခိုင်နှုန်းနီးပါးဈေးနှုန်း ကျဆင်းလာကြောင်း ဆန်ကုန် သည်အချို့က ပြောသည်။
တရုတ်နိုင်ငံတွင် (၁၉)ကြိမ် မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံကျင်းပနေ ခြင်းကြောင့် လုံခြုံရေးတင်းကျပ် ထားသဖြင့် ဆန်အပါအ၀င်အခြား လယ်ယာထွက်ကုန်များ မြန်မာ နိုင်ငံမှ တင်ပို့နိုင်ခြင်းမရှိကြောင်း မူဆယ်မြို့ရှိ ဆန်နှင့်သကြားကုန်သည်က ပြောသည်။
တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု ရပ်ထားချိန်တွင် နယ်ဒေသစုံမှ မိုး စပါးများ ရန်ကုန်ဘုရင့်နောင်ဈေး ကွက်သို့ တစ်ရက်လျှင် အိတ်ရေ ငါးသောင်းခန့်ဝင်လာပြီး ၂၅ မတ် အမျိုးအစား(အကျိုးအကြေ ၂၅ ရာခိုင်နှုန်း)ဆန်ကြမ်းတစ်အိတ်လျှင် ကျပ်တစ်ထောင့်ငါးရာခန့် ဈေးကျလာသည်ဟု ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်အတွင်းရေးမှူး ဦးသန်းဦးက ပြောသည်။
‘‘ဈေးကျလာတော့ ပြည်ပပို့ တဲ့သူတွေ အရှုံးနည်းသွားတာ ပေါ့’’ ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ အောက်တိုဘာလ လယ်ပိုင်းအထိ ပြည်ပတင်ပို့နေ သည့် ၂၅ မှတ်အမျိုးအစားဆန် ကြမ်းဈေးနှုန်းသည် တစ်အိတ် လျှင် နှစ်သောင်းတစ်ထောင့်ငါး ရာကျပ်မှ ကျပ်နှစ်သောင်းသို့ကျ ဆင်းလာခြင်းဖြစ်သည်။
အောက်တိုဘာ လလယ်မ တိုင်မီက နယ်စပ်ကုန်သွယ်ရေး ဖြင့် တရုတ်နိုင်ငံသို့ တစ်ရက်လျှင် ဆန်အိတ်နှစ်သောင်းခန့် ရောင်းချနေရချိန်တွင် ရန်ကုန် သို့ နယ်ဒေသအစုံမှ ဆန်အ၀င် သည်မုန်တိုင်းမိုးကြောင့် လျော့ နည်းသဖြင့် ဈေနှုန်းများ ဆက် တိုက်မြင့်တက်ခဲ့သည်။
ထိုစဉ်က နယ်ဒေသစုံမှ ဘုရင့်နောင်ဈေးကွက်သို့ တစ် ရက်လျှင် ဆန်အိတ်နှစ် သောင်းဝန်းကျင် ၀င်ရောက်ပြီး ပြည်ပတင်ပို့သူများက အပြိုင်အ ဆိုင်ဈေးတိုးပေးဝယ်ယူသဖြင့် ဆက်တိုက်ဈေးမြင့်တက်ခဲ့သည်။
ပြည်တွင်း ဈေးကွက်တွင် ၂၅ မှတ်ဆန်တစ်တန် တန်ဖိုး သည် ကန်ဒေါ်လာ ၃၃၀ ၀န်းကျင် အထိ ဈေးမြင့်တက်လာသဖြင့် ပြည်ပဆန်တင်ပို့သူများ အခက် အခဲဖြစ်ခဲ့ရသည်။
ပင်လယ်ရေကြောင်းမှ ပြည် ပသို့ ဆန်တင်ပို့နေသူများက မိုး စပါးပေါ်ချိန်တွင် ဈေးနှုန်းကျဆင်း မည်ဟု မှန်းဆကာ ၂၅ မှတ်ဆန် ကြမ်းတစ်တန်လျှင် ကန်ဒေါ်လာ ၂၈၀ ၀န်းကျင်ဖြင့် ကြိုတင်ရောင်း ချခဲ့သည်။ မိုးစပါးပေါ်ချိန်တွင် မုန်တိုင်းမိုးကြောင့် ဘုရင့်နောင် သို့ ဆန်အ၀င်နည်းချိန်၌ ပြည် ပရောင်းချသူများ သင်္ဘောတင်ရန် ဆန်ဝယ်လိုအားများသဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့သည်ဟု ဆန်ကုန်သည်များက ပြောသည်။
Source: 7 days new