Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဖိလစ်ပိုင်သို့ ဆန်တင်ပို့နိုင်ရန် စီစဉ်နေ


ဖိလစ်ပိုင်နိုင်ငံသို့ ပြည်တွင်းဆန်များ တင်ပို့ရောင်းချနိုင်ရန် စီစဉ်နေပြီး လက်ရှိတွင် ဆန်စပါးအသင်းချုပ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး

ဝန်ကြီးဌာနတို့ ညှိနှိုင်းတိုင်ပင်နေကြောင်း ၀န်ကြီးဌာနလက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်ကပြောကြားသည်။‘‘အဆင်ပြေရင် အစိုးရချင်း သဘောတူလက်မှတ်ရေးထိုးပြီး ဆန်တွေ တင်ပို့ရောင်းချသွားမလား၊ ဆန်လုပ်ငန်းရှင်အချင်းချင်းပဲ ရောင်းချသွားမလား၊ ဘယ်ဆန်တွေ တင်ပို့ရောင်းချမလဲ စတာတွေ ဆွေးနွေးမှာပါ’’ ဟု ဦးခင်မောင်လွင်ကဆိုသည်။

 


၂၀၁၈ ဧပြီမှ ဇူလိုင်လကုန် အထိ ဆန်တန်ချိန် ရှစ်သိန်းကျော် ပြည်ပသို့တင်ပို့ပြီး ၀င်ငွေ ကန်ဒေါ်လာသန်း ၂၇၀ ကျော်ရရှိထားသည်။ ယခုနှစ် ပြည်ပဆန်တင်ပို့ ရောင်းချမှုသည် ယခင်နှစ်ကာလ တူနှင့် နှိုင်းယှဉ်ပါက ဆန်တန်ချိန် ငါးသိန်းခန့်လျော့နည်းနေကြောင်း မြန်မာနိုင်ငံ ဆန်ကုန်သည်များအ သင်းဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားထားသည်။

 


‘‘ကမ္ဘာ့ဈေးကွက်မှာ ဆန် ၀ယ်လိုအားကျသလို ဒီနှစ်တရုတ် ကလည်း ဆန်ဝယ်တာ နည်းပါ တယ်’’ဟု ၎င်းကပြောသည်။

 


ပြည်ပသို့တင်ပို့သည့် ဆန်တန်ချိန် ရှစ်သိန်းကျော်တွင် နယ်စပ်ကုန်သွယ်ရေးမှ ၅၅ ရာခိုင်နှုန်းကျော်နှင့် ပင်လယ်ရေကြောင်းမှ ၄၄ ရာခိုင်နှုန်းကျော် တင်ပို့ခဲ့ ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများ၌ ဖော်ပြထားသည်။

 


ပြည်တွင်းက ဆန်များကို ဥရောပသမဂ္ဂနိုင်ငံများ၊ အာဖရိကနိုင်ငံများ၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် တရုတ်နိုင်ငံ သို့ တင်ပို့ရာင်းချနေသည်။


Source: 7 days new

Read times Last modified on Tuesday, 18 September 2018 10:15
Rate this item
(1 Vote)