Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲစင်းငုံအသစ် ပေါ်ချိန်တွင် တိုက်ရိုက် ၀ယ်ယူရန် အစိုးရစီစဉ်

ပဲစင်းငုံအသစ်ပေါ်ချိန် တွင် အစိုးရက တိုက်ရိုက်ဝယ်ယူ ပေးရန်စီစဉ်ထားသည်ဟု စီးပွား ရေးနှင့်

ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြော ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းအတွင်းရေး မှူး ဦးမင်းကိုဦးက ပြောသည်။

 

အိန္ဒိယနိုင်ငံက ပဲစင်းငုံဝယ် ယူမှုရပ်ဆိုင်းထားချိန်တွင် ပြည် တွင်း၌ ဈေးနှုန်းများစွာကျဆင်း မည်ကို စိုးရိမ်သဖြင့် အစိုးရက ၀ယ်ယူပေးမည်ဟု  ပြောကြား ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

 

 ပဲတစ်တန်လျှင် ဈေးနှုန်း မည်မျှ  သတ်မှတ်မည်ကို ပြော ကြားခြင်းမရှိဘဲ အစိုးရက၀ယ်ယူ ပေးမည်ဟု ကြိုတင်ပြောကြားကြောင်း ၎င်းကဆိုသည်။

 

လက်ရှိတွင် ပြည်တွင်း လက်ကျန်ပဲအဟောင်းများကို ပုဂ္ဂလိကကဏ္ဍမှ ကုန်သည်များ စုဆောင်းထားသည့် ကျပ်ဘီလီယံ ၅၀ ဖြင့် မတ်ပဲတစ်တန်လျှင် ကျပ်ငါးသိန်း၊ ပဲစင်းငုံတစ်တန်လျှင် ကျပ်လေးသိန်းသတ်မှတ်၍ ပဲတစ်မျိုး ကိုတန်ချိန်တစ်သောင်းခန့် ၀ယ်ယူပေးနေသည်။

 

ထိုသို့ ဈေးနှုန်းသတ်မှတ်၍ ၀ယ်ယူနေသော်လည်း အောက် တိုဘာ ၂၁ ရက်တွင် မတ်ပဲတစ် တန်လျှင် ကျပ်လေးသိန်းခြောက် သောင်းငါးထောင်ကျပ်၊ ပဲစင်းငုံတစ်တန်လျှင် ကျပ်သုံးသိန်းနှစ်သောင်းဈေးဖွင့်ကြောင်း ဘုရင့်နောင် ပဲကုန်စည်ဒိုင်မှ ကုန်သည်တစ်ဦးက ပြောသည်။

 

ပြည်တွင်း ဈေးကွက်တွင် မတ်ပဲနှင့် ပဲစင်းငုံဈေးသည် ပြီးခဲ့သည့်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက မတ်ပဲတစ်တန် ကျပ်တစ်သောင်း ခွဲ၊ ပဲစင်းငုံတစ်တန် ကျပ်ခုနစ်သောင်းခန့် ကျဆင်းလာသည်။

 

အောက်တိုဘာ ဒုတိယပတ်က မတ်ပဲတစ်တန် ကျပ်လေး သိန်းရှစ်သောင်း၊ ပဲစင်းငုံတစ်တန် ကျပ်သုံးသိန်းကိုးသောင်းခန့် ရှိသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:40
Rate this item
(1 Vote)