Food & Livestock



"စားသုံးဆီဈေးနှုန်းတည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့" ဖွဲ့စည်းဆောင်ရွက်မည်

"စားသုံးဆီဈေးနှုန်းတည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့" ဖွဲ့စည်းဆောင်ရွက်မည်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

"စားသုံးဆီဈေးနှုန်းတည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့" ဖွဲ့စည်းဆောင်ရွက်ခြင်း

 

• စားသုံးဆီများကို ဈေးကွက်အတွင်းပြန့်ပြန့်နှံနှံရောက်ရှိစေရန်နှင့် စားသုံးသူများသက်သာသောဈေးဖြင့် ဝယ်ယူရရှိနိုင်ရန်အတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ 

 

• ယခုအခါတွင် ရန်ကုန်မြို့၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စားသုံးဆီလက်လီ၊ လက်ကားကုန်သည်များ၊ ဆီအရောင်းဆိုင်များအနေဖြင့် လက်ကားရည်ညွှန်းဈေးနှုန်းဖြင့် ဝယ်ယူရရှိစေရေးအတွက် ဈေးကွက်အတွင်း တိုက်ရိုက်ဖြန့်ဖြူးရောင်းချရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းအနေဖြင့် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၂၈)ရက်နေ့တွင်“စားသုံးဆီဈေးနှုန်းတည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့" ကိုဖွဲ့ စည်းခဲ့ပါသည်။ 

 

• အဆိုပါလုပ်ငန်းအဖွဲ့တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ်၊ စားသုံးဆီတင်သွင်းသောကုမ္ပဏီများ၏ တာဝန်ရှိသူများပါဝင်သောလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းဆောင် ရွက်သွားမည်ဖြစ်ပါသည်။

 

• ဈေးကွက်အတွင်း စားသုံးဆီလွယ်လင့်တကူ ဝယ်ယူရရှိနိုင်ရေးနှင့် စားသုံးသူ (End User)များ ဝယ်ယူရသည့်အချိန်အထိ ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေး ထိန်းသိမ်းကြပ်မတ်သွားရန်လည်း ရည်ရွယ်ပါသည်။

 

• စားသုံးဆီဈေးများတည်ငြိမ်စေရေးအတွက် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်နေ့( စနေနေ့) တွင် ဘုရင့် နောင်ကုန်စည်ဒိုင် အစည်းအဝေးခန်းမတွင်ပြုလုပ်သော အစည်းအဝေးတွင် စားအုန်းဆီလက်ကျန်ရှိနေသော ကုမ္ပဏီ (၁၆) ခုအနက် Six Winner Brothers Co.,Ltd မှ ကုမ္ပဏီ၏ လက်ကျန်စားအုန်းဆီများကို ကုမ္ပဏီ၏ အစီအစဉ်ဖြင့်သာရောင်းချမည်ဟု ပြောကြားခဲ့သော်လည်း ယနေ့လုပ်ငန်းအဖွဲ့ ဖွဲ့စည်းရာတွင် ပြန်လည်ပါဝင်လာခဲ့ပြီး လုပ်ငန်းအဖွဲ့၏ စီစဉ်ကြီးကြပ်မှုအတိုင်း ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တင်ပြလာပါသည်။ 

 


ယခင်တင်ပြချက်

စားအုန်းဆီ ၃ရက်စာ ၁,၇၀၄,၅၂၆ ပိဿာ တနင်္လာနေ့ စတင်ရောင်းချ ပေးသွားမည်

https://www.foodindustrydirectory.com.mm/food-industry/food-livestock/item/6748-cooking-oil.html


 

• စားအုန်းဆီ လက်ကျန်များကို ဈေးကွက်အတွင်း လက်ကားရည်ညွှန်းဈေးအပေါ်တွင် အထွေထွေကုန်ကျစရိတ် များနှင့် အသားတင်အမြတ်(၂)ရာခိုင်နှုန်းထက် မပိုသောဈေးဖြင့်ရောင်းချနိုင်ရေးနှင့် အဆင့်ဆင့်လက်လွှဲရောင်းချ သည့်တိုင်အောင် အသားတင်အမြတ် (၁၀)ရာခိုင်နှုန်းထက်မပိုသောဈေးနှုန်းဖြင့်သာ ရောင်းချရေးတို့ကို ကြီးကြပ် သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

 

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Monday, 28 August 2023 19:12
Rate this item
(0 votes)