Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဖရဲသီးများ ဈေးနှုန်း ကျဆင်း

Unicode >>>>>

ဖရဲသီးများ ဈေးနှုန်း ကျဆင်း


ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း ယခင်နှစ်များက ဖရဲသီးထွက်ရှိသည့် မတ်လနှင့်ဧပြီလတို့တွင် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခွင့် ရရှိသဖြင့်   ဈေးကောင်း ရရှိခဲ့သော်လည်း ၂ဝ၂ဝ ပြည့်နှစ်တွင် တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့တဲ့  COVID 19 ရောဂါဖြစ်ပွားမှုကြောင့်လမ်းပန်း ဆက်သွယ်ရေး  ထိန်းချုပ်မှုများ ရှိခဲ့ပြီး  ဒေသထွက်ဖရဲသီးများအား   တရုတ်နိုင်ငံသို့တင်ပို့ရောင်းချခွင့်များ  ပိတ်ထားမှုကြောင့် ရွှေကူမြို့နယ်မှ ထွက်ရှိတဲ့   ဖရဲသီးများမှာ ယခင်နှစ်များနှင့်မတူ  ဈေးနိမ့်၍ ရောင်းချနေရကြောင်း  သိရပါတယ်။


Biscuits, Crackers & Cookies ဘီစကစ်၊ ဘီစကစ်ပွကြွပ်နှင့်ကွတ်ကီးလုပ်ငန်းများ (၆၃) ခုကိုရှာရန်နှိပ်ပါ


''အရင်နှစ်တွေကတော့ အခုလို အလုံးလှရင် တစ်လုံးကို ငွေကျပ် ၂ဝဝဝ နဲ့ ၂၅ဝဝ အထိ ရောင်းခွင့်ရရှိတယ်။   အခုတော့ တစ်လုံးကို ငွေကျပ်၇၅ဝ က အများဆုံးပဲ ရောင်းရတယ်။


ဈေးကတော့ သိသိသာသာ ထိုးကျသွားတယ်။ စိုက်ခင်းလုပ်စားရတာကလည်း  အဆင်မပြေဘူး။ COVID 19 ရောဂါဖြစ်လိုက်တာ စီးပွားရေးလည်း ပျက်စီး၊ လူတွေလည်း ဘာလုပ်ရမှန်းတောင် မသိတော့ဘူး'' ဟု ရွှေကူမြို့နယ် ဘိုကုန်းကျေးရွာနေ ဖရဲစိုက်ခင်းပိုင်ရှင် တစ်ဦးက  ပြောကြားခဲ့ပါတယ်။


Read More >>>>>   မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း သတင်းထုတ်ပြန်ချက်


ဗန်းမော်ခရိုင်တွင် ဗန်းမော်၊ ရွှေကူ၊ မန်စီ၊ မိုးမောက်မြို့နယ်တို့အတွင်း   ဖရဲစိုက် တောင်သူများမှာ   လယ်ယာလုပ်ငန်းခွင် အပြီးတွင် ဖရဲသီးနှံများအား စီးပွားဖြစ် စိုက်ပျိုးမှုများ လုပ်ဆောင်ကြရာ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခွင့် မရခြင်းကြောင့် ဒေသတွင်း တင်ပို့ရောင်းချမှုများ ရှိနေကြောင်း သိရပါတယ်။


#MFID

Home Page Food

 

 

 

Screenshot from 2020 03 26 08 49 32

 

 

Zawgyi >>>>>




 


 


 


 


 


 

#MFID

Read times Last modified on Thursday, 26 March 2020 11:29
Rate this item
(0 votes)