Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်ရွှေသခွားမွှေးမျိုးစေ့ကို လိုသလောက်ဝယ်ယူမရ၍ တောင်သူများအခက်ကြုံ

Unicode


တရုတ်ရွှေသခွားမွှေးမျိုးစေ့ကို လိုသလောက်ဝယ်ယူမရ၍ တောင်သူများအခက်ကြုံ


တရုတ်ရွှေသခွားမွှေး (ဆင်ရွှေ) မျိုးစေ့ကို လိုသလောက်ဝယ်ယူမရ၍ စိုက်ပျိုးရန် အခက်ကြုံနေရကြောင်း တောင်သူများထံမှ သိရပါတယ်။


"စစ်ကိုင်းတိုင်းဒေသကြီးမှာ သခွားအများဆုံးစိုက်တယ်။ ဖရဲကမျိုးစေ့ဝယ်ယူသုံးစွဲရတာလွယ်ကူတယ်။ သခွားက ဒီနှစ်တော့ မျိုးစေ့အခက်အခဲကြုံနေရတယ်။

 

တရုတ်နိုင်ငံဘက်က မျိုးစေ့အလုံအလောက်ဝယ်လို့မရဘူး။ သူက ကီလိုအလိုက် ဝယ်ရတယ်။ မျိုးစေ့ကို ပြီးခဲ့တဲ့နှစ်က ပွဲရုံတွေက တရုတ်နိုင်ငံဘက်ကဝယ်ပြီး တောင်သူတွေဆီ ဖြန့် ပေးတယ်။ အခု တရုတ်ဝယ်လက်တွေဆီကမရဘူး။ စိုက်ရမယ့် ရာသီရောက်နေပေမယ့် မျိုးစေ့လိုအပ်ချက်ရှိနေတယ်" ဟု စစ်ကိုင်းတိုင်းဒေသကြီး ဖရဲ၊ သခွားမွှေးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးစိုးလွင်က ပြောကြားခဲ့ပါတယ်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆင်ရွှေ၊ ဝူခုန်း၊ ဖရဲနှင့် သခွားတို့ကို စိုက်ပျိုးပြီး မိုးစိုက်သခွားကို အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ခူးဆွတ်ခြင်းဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စုစုပေါင်းစိုက်ဧက ၃၀၀၀၀ ကျော်ရှိကြောင်း သိရပါတယ်။

 

Read More >>>>>   ပဲပင္မ်ား ေရနစ္ျမဳပ္၍ မ်ဳိးပဲ ေစ်းျမင့္တက္

 

 

"တရုတ်နိုင်ငံဘက်က မျိုးစေ့ဝယ်ယူပြီးတော့ စိုက်တာက မျိုးမမှန်တာတွေ တွေ့ကြုံနေရတယ်။ မျိုးကို ပွဲရုံတွေကနေ တစ်ဆင့်ပြန်ဝယ်ယူရတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း တိုက်ရိုက်ဆက်သွယ်ပြီး ဝယ်လို့မရဘူး။ တောင်သူတွေ အဓိက တွေ့ကြုံနေရတာက မျိုးစေ့နဲ့သွင်းအားစု အခက်အခဲတွေပါ  " ဟု ရေဦးမြို့နယ် ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးဝင်းလွင်က ပြောကြားခဲ့ပါတယ်။

 

Source: Myawaddy

 

 

 

တ႐ုတ္ေရႊသခြားေမႊးမ်ဳိးေစ့ကို လိုသေလာက္ဝယ္ယူမရ၍ ေတာင္သူမ်ားအခက္ႀကံဳ

 

တရုတ္ေရႊသခြားေမႊး (ဆင္ေရႊ) မ်ဳိးေစ့ကို လုိသေလာက္ဝယ္ယူမရ၍ စိုက္ပ်ဳိးရန္ အခက္ႀကံဳေနရေၾကာင္း ေတာင္သူမ်ားထံမွ သိရပါတယ္။

 

"စစ္ကိုင္းတိုင္းေဒသႀကီးမွာ သခြားအမ်ားဆံုးစိုက္တယ္။ ဖရဲကမ်ဳိးေစ့ဝယ္ယူသံုးစြဲရတာလြယ္ကူတယ္။ သခြားက ဒီႏွစ္ေတာ့ မ်ဳိးေစ့အခက္အခဲႀကံဳေနရတယ္။

 

တ႐ုတ္ႏို္င္ငံဘက္က မ်ဳိးေစ့အလံုအေလာက္ဝယ္လို႕မရဘူး။ သူက ကီလိုအလိုက္ ဝယ္ရတယ္။ မ်ဳိးေစ့ကို ၿပီးခဲ့တဲ့ႏွစ္က ပြဲ႐ံုေတြက တ႐ုတ္ႏိုင္ငံဘက္ကဝယ္ၿပီး ေတာင္သူေတြဆီ ျဖန္႕ ေပးတယ္။ အခု တ႐ုတ္ဝယ္လက္ေတြဆီကမရဘူး။ စိုက္ရမယ့္ ရာသီေရာက္ေနေပမယ့္ မ်ဳိးေစ့လိုအပ္ခ်က္ရွိေနတယ္" ဟု စစ္ကိုင္းတိုင္းေဒသႀကီး ဖရဲ၊ သခြားေမႊးစိုက္ပ်ဳိးထုတ္လုပ္တင္ပို႕ေရာင္းခ်သူမ်ား အသင္းဥကၠ႒ ဦးစိုးလြင္က ေျပာၾကားခဲ့ပါတယ္။

 

စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း ဆင္ေရႊ၊ ဝူခုန္း၊ ဖရဲႏွင့္ သခြားတို႕ကို စိုက္ပ်ဳိးၿပီး မိုးစိုက္သခြားကို ေအာက္တိုဘာလမွ ဒီဇင္ဘာလအထိ ခူးဆြတ္ျခင္းျဖစ္ပါတယ္။ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း စုစုေပါင္းစိုက္ဧက ၃၀၀၀၀ ေက်ာ္ရွိေၾကာင္း သိရပါတယ္။

 

Read More >>>>>   ပဲပင္မ်ား ေရနစ္ျမဳပ္၍ မ်ဳိးပဲ ေစ်းျမင့္တက္

 

"တ႐ုတ္ႏိုင္ငံဘက္က မ်ဳိးေစ့ဝယ္ယူၿပီးေတာ့ စိုက္တာက မ်ဳိးမမွန္တာေတြ ေတြ႔ႀကံဳေနရတယ္။ မ်ဳိးကို ပြဲ႐ံုေတြကေန တစ္ဆင့္ျပန္ဝယ္ယူရတယ္။ ကြ်န္ေတာ္တို႕ကိုယ္တိုင္လည္း တိုက္႐ိုက္ဆက္သြယ္ၿပီး ဝယ္လို႕မရဘူး။ ေတာင္သူေတြ အဓိက ေတြ႔ႀကံဳေနရတာက မ်ဳိးေစ့နဲ႕သြင္းအားစု အခက္အခဲေတြပါ  " ဟု ေရဦးၿမိဳ ႔နယ္ ဖရဲ၊ သခြားေမႊး စိုက္ပ်ဳိးထုတ္လုပ္ တင္ပို႕ေရာင္းခ်သူမ်ားအသင္း ဥကၠ႒ ဦးဝင္းလြင္က ေျပာၾကားခဲ့ပါတယ္။

 

Source: Myawaddy

Read times Last modified on Thursday, 06 February 2020 16:33
Rate this item
(0 votes)