Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မွန်ပြည်နယ်တွင် မတ်ပဲအရှုံးပေါ်၍ ဆောင်းသီးနှံအတွက် အခြားပဲများကို ပြောင်းလဲစိုက်ပျိုးရန် စီစဉ်

မတ်ပဲဈေးကျဆင်း မှုကြောင့် မွန်ပြည်နယ်ရှိ ကုန် သည်များ အရှုံးပေါ်သဖြင့် ဆောင်းသီးနှံ စိုက်ပျိုးချိန်တွင်

အခြားပဲငါးမျိုးကို ပြောင်းလဲစိုက် ပျိုးမည်ဖြစ်ကြောင်း မွန်ပြည်နယ် ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်း အတွင်းရေးမှူး ဦးကျော် ခိုင်မြင့်က ပြောသည်။

 

မော်လမြိုင်၊ ကျိုက်မရော၊ ပေါင်နှင့် ချောင်းဆုံမြို့နယ်တို့ရှိ ကျေးရွာ ၁၅ ရွာတွင် ပဲစိုက်ဧက ၇,၆၈၂ ဧကရှိပြီး မတ်ပဲစိုက်ဧက ၃,၇၅၀ ရှိကြောင်း၊ ဆောင်းသီးနှံ စိုက်ပျိုးချိန်တွင် မတ်ပဲအစား ပဲပုပ်၊ ရွှေဝါ(ပဲလွန်း ဖြူ)၊ ကုလား ပဲ၊ မြေပဲနှင့် အခြားပဲတစ်မျိုးကို ပြောင်းလဲစိုက်ပျိုးရန် ပြည်နယ် အစိုးရထံ တင်ပြထားကြောင်း ဦးကျော်ခိုင်မြင့်က ဆိုသည်။

 

‘‘အရင်က မတ်ပဲတစ်အိတ် ကို ကျပ်ငါးသောင်းကျော် ပေါက် ဈေးရှိတယ်။ အခု နှစ်သောင်း ကျော်ပဲရှိတယ်။ ကျွန်တော်တို့ ဝယ်ဈေးနဲ့ ဝယ်ထားတော့ အခု ဈေးကို မရောင်းနိုင်ဘူး။ ၆၀ ရာခိုင်နှုန်းလောက် အရှုံးပေါ်တယ်။ အခု ဆောင်းသီးနှံစိုက်ပျိုးချိန်မှာ တောင်သူတွေကို အခြားပဲတွေစိုက်ဖို့ မျိုးတွေပေးမယ်’’ဟု ၎င်းက ပြောသည်။

 

အိန္ဒိယနိုင်ငံသည် ယခုနှစ် သြဂုတ်လကစ၍ မတ်ပဲနှင့် ပဲစင်း ငုံ တင်သွင်းမှုကို စတင်ကန့်သတ် ရာ မတ်ပဲများ ဈေးကျပြီး မွန် ပြည်နယ်တွင် မတ်ပဲတန်ချိန် ၂၅၀ ခန့် သိုလှောင်ထားရကြောင်း ၊တစ်ပြည်နယ်လုံးတွင် အခြားပဲ များကို စိုက်ပျိုးပါက မျိုးဝယ်ယူ ရန် ကျပ်၁,၄၂၅ သိန်း လိုအပ် ကြောင်း ဦးကျော်ခိုင်မြင့်က ပြော သည်။

 

ပေါင်မြို့နယ်နေ တောင်သူ ဦးမိုးနိုင်က ‘‘အရင် နှစ်တွေက ဆောင်းသီးနှံစိုက်ရင် မတ်ပဲကိုပဲ အားထားပြီးစိုက်တယ်။ ကုန် သည်တွေက မတ်ပဲတွေကို မဝယ် တော့ဘူးဆိုတော့ တခြားပဲ ပြောင်းစိုက်ဖို့ သူတို့ (ကုန်သည်)က မျိုးပေးမယ်လို့ ပြောတယ်။ စိုက်ရင်တော့ မြေပဲစိုက်ဖို့များ ပါတယ်’’ဟု ပြောသည်။

 

အခြားပဲမျိုးများ ဝယ်ယူရန် မွန်ပြည်နယ် ပဲမျိုးစုံနှင့် နှမ်းကုန် သည်များအသင်းက ပြည်နယ် အစိုးရထံ ချေးငွေတောင်းခံထား ကြောင်း မွန်ပြည်နယ် စိုက်ပျိုး မွေးမြူရေးနှင့် ပို့ဆောင်ဆက် သွယ်ရေးဝန်ကြီးဦးထွန်းဌေးက ပြောသည်။

မွန်ပြည်နယ်၌ နိုဝင်ဘာ တွင် ဆောင်းသီးနှံ စတင်စိုက် ပျိုးပြီး ဧပြီတွင် ရိတ်သိမ်းလေ့ရှိ သည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:39
Rate this item
(1 Vote)