Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးလုပ်ငန်းစခန်း (လှော်ကား)၌ အခြေခံ ငါးမွေးမြူရေး သင်တန်းဖွင့်မည်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ငါးလုပ်ငန်း ဦးစီးဌာနမှ   ရန်ကုန် တိုင်းဒေသကြီး ငါးလုပ်ငန်းစခန်း(လှော်ကား)၌ 

အခြေခံငါးမွေးမြူရေး သင်တန်းကို ယခုလ နောက်ဆုံးပတ်တွင်  ဖွင့်လှစ်မည်ဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီး  ငါးလုပ်ငန်း ဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူး ဦးလှဌေးထံမှ သိရပါတယ်။

 

အဆိုပါသင်တန်းတွင်  သင်တန်းသား ဦးရေ ၂ဝ မှ  ၃ဝ  ကြား သင်ကြားပေးမည်ဖြစ်ပြီး ငါးဆေးထိုးသားဖောက်ခြင်း၊ မျိုးထိန်းခြင်း၊ ငါးဆေးထိုးခြင်း၊ ငါးမွေးမြူသည့်အခါ    ရေအရည်အသွေးနှင့် ပတ်သက်သည့် Water Quality  Control  ကိုသင်ပေးခြင်း၊  ငါးရောဂါနှင့် ပတ်သက်သည်များကို သင်ကြားပေးမည်ဖြစ်ကြောင်း၊ သင်တန်းကြေးမှာ အခမဲ့ဖြစ်ပြီး သင်တန်းကာလ ငါးရက်အတွင်း နေထိုင်ရန် အဆောင်ပေးမည်ဖြစ်ကာ   စားသောက် စရိတ်လည်း ပေးမည်ဖြစ်ကြောင်း သိရပါတယ်။

 

''ရည်ရွယ်ချက်ကတော့ ငါးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ပါတယ်။ ဌာနမှာရှိနေတဲ့ပညာရှင်တွေက ပြည်ပအတွေ့အကြုံတွေ အများကြီးရှိပါတယ်။ သူတို့တွေရဲ့    ဗဟုသုတတွေကို ပြန်ပြီးမျှဝေတဲ့ သဘောပါ။    မြန်မာတစ်နိုင်ငံလုံးမှာ    ငါး လုပ်ငန်းစခန်း  ၃ဝကျော်ရှိပါတယ်။ အဲဒီ စခန်းအားလုံးမှာလည်း ဖွင့်ဖို့ ညွှန်ကြားထားပါတယ်'' ဟု ငါးလုပ်ငန်း ဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူး ဦးလှဌေးက ပြောကြားထားပါတယ်။

 

မြန်မာတစ်နိုင်ငံလုံးရှိ တခြားငါးလုပ်ငန်း စခန်းများ၌လည်း အခြေခံ ငါးမွေးမြူရေ်း..." သင်တန်းဖွင့်လှစ်ရန်   ညွှန်ကြားထားကြောင်း သိရပါတယ်။

 

Source: Myawady

Read times Last modified on Tuesday, 18 September 2018 13:14
Rate this item
(2 votes)