Food & Livestock
ကော်ဖီဆိုရင် အကောင်းစားမှ
ကော်ဖီဆိုရင် အကောင်းစားမှ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ကမ္ဘာ့ကော်ဖီဈေးကွက်သည် အရည်အသွေး ပိုမြင့်ပြီး စျေးလည်း ပိုမြင့်သော အကောင်းစား ကော်ဖီများဆီသို့ အသွင်ကူးပြောင်းသည့် လမ်းကြောင်းပေါ်သို့ ရောက်နေသည်။ သို့ဖြစ်ရာ ကုန်သွယ်မှု ပြုသည့် တန်ချိန်ပမာဏ လျော့ကျမည်။
ကော်ဖီမှုန့်များ ခပ်များများထည့်ထားပြီး နှပ်ခရားဖြင့် အပူပေး နှပ်ထားပြီး တစ်ခွက်စာ ငှဲ့ယူကာ ဖျော်သောက်ခြင်းအစား တစ်ခွက်ဖျော်အထုပ်ငယ်များကို သောက်သုံးမှု ပိုများလာနေသည်။
.
"နောက်ပြန်လှည့်ဖို့ လမ်းမရှိတော့ဘူး။ ကော်ဖီသောက်သူတွေက ကော်ဖီအသိပညာကို တိုးလာတယ်။ ကော်ဖီကို အရည်အသွေး ပိုမြင့်ဖို့ လိုလားကြတယ်၊ အဲဒီအတွက် ငွေပိုကုန်ကျဖို့ ဝန်မလေးဘူး”ဟု ကော်ဖီအကြီးအကျယ် တင်ပို့သည့် ဘရာဇီးနိုင်ငံမှ ဘရာဇီး အထူးပြု ကော်ဖီ အသင်း Brazil's Specialty Coffee Association (BSCA) ဥက္ကဋ္ဌ Henrique Dias Cambraia က ပြောကြားသည်။
.
တစ်ခွက်ဖျော်ကော်ဖီ သောက်သုံးမှု ပိုမိုများပြားလာနေပြီး အမေရိကန်ဈေးကွက်ကို Keurig က ကြီးစိုးထားသည်။ ဥရောပဈေးကွက်ကို Nestle ၏ Nespresso က ဦးဆောင်နေသည်။
.
ချမ်းသာသောနိုင်ငံများတွင် ၎င်းလမ်းကြောင်းသည် ပိုမိုအားကောင်းနေသည့်အပြင် ၀င်ငွေ ပိုကောင်းလာသော ထွန်းသစ်စနိုင်ငံများတွင်လည်း အလားတူပင် အားကောင်းနေသည်ဟု Cambraia က ဆိုသည်။
ဘရာဇီးမှ ကော်ဖီစိုက်ပျိုးသူများသည် အပြောင်းအလဲကို သတိပြုမိကြပြီး ပိုမိုကောင်းမွန်သော ကော်ဖီများ ထုတ်လုပ်ရန် လုပ်ဆောင်ကြကြောင်း ၎င်းက ပြောကြားသည်။
.
ကမ္ဘာ့ ကော်ဖီ အများဆုံး ထုတ်လုပ်သူနှင့် တင်ပို့သူ ဘရာဇီးသည် ယခင်က ကော်ဖီကို ကုန်စည်တစ်မျိုးအနေဖြင့် တင်ပို့ခဲ့သည်။ ယခုအခါ အရည်အသွေး မြင့်မားသည့် ကော်ဖီအမျိုးမျိုးကို တင်ပို့နေသည်။
.
ယခုအခါ ဘရာဇီးမှ တင်ပို့နေသည် အာရဗီကော်ဖီများတွင် ၂၀ မှ ၂၅% အထိသည် အထူးပြု အရည်အသွေးစံမီသည့် ကော်ဖီများဖြစ်သည်ဟု Cambraia က ခန့်မှန်းသည်။
ကော်ဖီစိုက်ပျိုးသူ မျိုးဆက်သစ်သည် ခူးဆွတ်ပြီးနောက် လုပ်ကိုင်ရမည့် လုပ်ငန်းစဉ်အကြောင်း ပိုမိုတတ်သိကြသဖြင့် အထူးပြ ကော်ဖီတင်ပို့မှု ပိုများလာလိမ့်မည်ဟု Cambraia က ပြောကြားသည်။
Source Reuters



