Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကမ္ဘာတစ်ဝှမ်းရှိ Starbucks ဆိုင်များအားလုံးတွင် ပလတ်စတစ်ပိုက်အသုံးပြုမှု ရပ်ဆိုင်းမည်ဟုသိရ

လာမယ့် ၂၀၂၀ ပြည့်နှစ် မရောက်ခင် ကမ္ဘာတစ်ဝန်းတွင် Starbucks ဆိုင်များအားလုံးမှာ တစ်ခါသုံး ပလတ်စတစ်ပိုက်

အသုံးပြုမှုကို ရပ်ဆိုင်းစွန့်လွှတ်သွားတော့မှာဖြစ်ကြောင်း အဆိုပါ အမေရိကန်နာမည်ကျော် ကော်ဖီလုပ်ငန်းကုမ္ပဏီကြီးက ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။

 

၎င်းမူဝါဒကို ကုမ္ပဏီမှာ လည်ပတ်နေတဲ့ ဆိုင်တွေနဲ့ လိုင်စင်ချထားပေးတဲ့ဆိုင်ပေါင်း ၂၈,၀၀၀ ကျော်မှာ ကျင့်သုံးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ယင်းပလတ်စတစ်ပိုက်တွေအစား အခြားသောပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ ပိုက်တွေ သို့မဟုတ် ပိုက်မလိုတဲ့ အဖုံးတွေကို အသုံးပြုသွားမှာဖြစ်တယ်လို့ Starbucks က ပြောကြားခဲ့ပါတယ်။

 

"Starbucks အနေနဲ့ကတော့ ပိုက်မလိုတဲ့ အဖုံးတွေကို ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားပါတယ်။ အဲဒါတွေကတော့ iced coffee tea နဲ့ espresso beverages တွေမှာ စံထားပြီး အသုံးပြုလာရတော့မှာဖြစ်ပါတယ်" လို့ကုမ္ပဏီက ထုတ်ပြန်သွားပါတယ်။

 

အလားတူ အဆိုပါပိုက်မလိုတဲ့ အထူးထုတ်အဖုံးတွေကို လက်ရှိအချိန်မှာအမေရိကန်နဲ့ ကနေဒါတို့မှာရှိတဲ့ စတိုးပေါင်း ၈,၀၀၀ ကျော်မှာလည်း လက်ရှိအသုံးပြုနေပြီဖြစ်တယ်လို့ သိရပါတယ်။ နောက်ပိုင်းကာလတွေမှာ ပလတ်စတစ်စွန့်ပစ်ပစ္စည်း လျှော့ချရေး လုပ်ဆောင်နေတဲ့ ကမ္ဘာ့ကုမ္ပဏီကြီးတွေထဲမှာ Starbucks လည်းပါဝင်လာ နေပြီဖြစ်တယ်လို့ သိရပါတယ်။

 

Source: SFJ

 

Read More >>>>  အမြတ်အစွန်းနည်းတဲ့ မြန်မာ့သရက်သီး

Read times Last modified on Tuesday, 18 September 2018 11:45
Rate this item
(4 votes)