Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်း နှင့် OATA တို့ပူးပေါင်းပြီး World Pulse Day 2019 အခမ်းအနားကျင်းပ

မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း နှင့် Oversea Agro Traders Association(OATA)တို့ပူးပေါင်းပြီး World Pulse Day 2019 အခမ်းအနားကို

ရန်ကုန်မြို့ Sule Shangri-La Hotel ၌ ဖေဖော်ဝါရီလ(၁၀)ရက်နေ့က ကျင်းပခဲ့ပါတယ်။

 

အဆိုပါ အခမ်းအနားမတိုင်မီ  နံနက် ၁၀ နာရီအချိန်တွင် ဆူးလေရှန်ဂရီလာဟိုတယ် ပဲခူးခန်းမတွင် Cookery Event အစီအစဉ် တစ်ရပ်အနေဖြင့် India နိုင်ငံ Mumbaiမြို့တွင်နေထိုင်၍ စာအုပ် ၁၂ အုပ်ကိုရေးသားခဲ့ပြီးသော ကမ္ဘာကျော် စားဖိုမှူးဖြစ်သည့် စာရေးဆရာ Asha Khatau မှ ပဲမျိုးစုံ ချက်ပြုတ်မှု နည်းလမ်းများပြသခဲ့ပြီး မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းနှင့် Overau Agro Traders Assciation (OATA) တို့မှ အထူးဖိတ်ကြားထားသော ဧည့်သည်များတက်ရောက်ခဲ့ကြောင်းသိရပါတယ်။

 

မွန်းလွဲ ၂ နာရီ တွင် World Pulse Day 2019 အခမ်းအနားတွင် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၏ ဝင်ငွေ တိုးတက်စေရန် ရေနှင့်မျိုးစေ့အတွက် အဆင့်မြင့် နည်းပညာအသုံးပြုခြင်းနှင့် ကောင်းမွန်သော လယ်ယာမြေကျင့်သုံးမှု ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်ရေးမှုဝါဒများ နှင့် ရှေ့ဆက်ရန် အကြံပြုသော ပုံစံနှင့်ပတ်သက်၍ လည်းကောင်း၊ ပြည်တွင်း ပြည်ပမှ ကျွမ်းကျင်သူပညာရှင်များ ဆွေးနွေးပွဲ စကားဝိုင်းများဖြင့် အတွေ့အကြုံများ နှီးနှောဖလှယ်ခဲ့ကြပါတယ်။

 

ထို့အပြင် ပြည်တွင်းပြည်ပမှ ပညာရှင်များမှ -


* အိန္ဒိယနိုင်ငံမှ တင်သွင်းမှု ခွဲတမ်းကန့်သတ်ခြင်းနှင့် ပိတ်ပင်ခြင်းသည် WTO နှင့် FTA အရ တရားဝင်ပါလား? အကယ်၍ တရားမဝင်လျှင် ပြန်လည်ပြင်ဆင်သော နည်းလမ်းများ နှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခြင်း။


* အာမခံချက်ရှိသော မျိုးစေ့များအသုံးပြုမှု၊ ပဲများအတွက်ဖြစ်နိုင်သော ရလာဒ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခြင်း။


* ခြောက်သွေ့သော နယ်ပယ်ဒေသများတွင် ပဲစိုက်ခြင်းအတွက် Water Technology အသုံးပြုခြင်းနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခြင်း။


* ကောင်းမွန်သောလယ်ယာမြေ ကျင့်သုံးမှုများ နှင့် Organic စိုက်ပျိုးရေးမှ ဝင်ငွေတိုးပွားစေခြင်းနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခြင်း။


* တင်သွင်းမှုများအား အိန္ဒိယနိုင်ငံမှ ခွဲတမ်းနှစ် သတ်မှတ်ခြင်းကြောင့် ဖြစ်ပေါ်လျှက်ရှိသော မြန်မာ့ပဲဈေးကွက်နှင့် အကြံပြုချက်များ နှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခြင်း။


* မြန်မာနိုင်ငံတွင် အသေးစား ဘဏ္ဍာရေးအဆင့်ဆင့်ဖြစ်ပေါ်ပုံနှင့် ရှေ့ဆက်မည့်နည်းလမ်းနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခြင်း။


* ပဲ Contract Farming အခွင့်အလမ်းများနှင့် ဆွေးနွေးတင်ပြခြင်းနှင့် ပဲမျိုးစုံ၏ ကျန်းမာရေးအကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားခဲ့ပါတယ်။

World Pulse Day 2019 အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ထူး၊  မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Shri Saurabh Kumar  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး၊ စိုက်ပျိုးရေးဝန်ကြီးဌာန ဒေါက်တာရဲတင့်ထွန်း နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန အကြီးအကဲများ၊ ပြည်ထောင်စုသမ္မတနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ညီနောင်အသင်းမှ ဥက္ကဌများ နှင့် အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူများ၊ အသင်းသားများ၊ Oversea Agro Traders Association (OATA)မှ တာဝန်ရှိသူများ အဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ပါတယ်။

 

Read times Last modified on Monday, 11 February 2019 14:20
Rate this item
(1 Vote)