Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နယ်စပ်မှ တရုတ်နိုင်ငံသို့ဆန်ပို့သည့် မြန်မာကုန်သည်များ အခက်အခဲကြုံတွေ့

ယူနန်ပြည်နယ်မှ တ ရုတ်ကုန်သည်များ၏ မရိုးမသား ပြုလုပ်မှုကြောင့် မြန်မာနိုင်ငံက ဆန်တင်ပို့နေသည့် ကုန်သည် များ အခက်အခဲဖြစ်နေသည်ဟု မူဆယ်ဆန်ကုန်စည်ဒိုင်မှ ဆန် ကုန်သည်အချို့က ပြောသည်။

 

တရုတ်အစိုးရ ခွင့်ပြုမိန့် (ပါမစ်)လက်လွှဲရောင်းချမှုများကို အသုံးပြု၍ မြန်မာနိုင်ငံမှဆန်ကို ၀ယ်ယူရာတွင် ဈေးနှိမ်ခြင်းအပါ အ၀င် နည်းမျိုးစုံသုံးနေသည်ဟု ၎င်းတို့က ပြောသည်။

 

နယ်စပ်မှ လယ်ယာထွက် ကုန်အချို့ကို ယူနန်အစိုးရက သွင်းကုန်ခွင့်ပြုမိန့် ထုတ်ပေး သော်လည်း တရုတ်ကုန်သည် များ၏ ဈေးနှိမ်ဝယ်ယူခြင်းခံရ ကြောင်း မူဆယ်မြို့ရှိ ကုန်သည် အချို့က ပြောသည်။

 

ယူနန်အစိုးရက နယ်စပ်မှ ဆန်တန်ချိန်တစ်သောင်း တရား ၀င်တင်သွင်းခွင့် ပြုထားသော် လည်း ၀ယ်ယူသည့်ကုမ္ပဏီက ခွင့်ပြုမိန့်ကို အကျိုးအမြတ်ရယူပြီး လက်လွှဲရောင်းချမှုရှိခဲ့သည်ဟု မြန်မာနိုင်ငံမှ ဆန်ကုန်သည်များ ဘက်က စွပ်စွဲနေသည်။

 

ထို့ကြောင့် တစ်လကျော် သည်အထိ တန်ချိန်သုံးထောင်မှ လေးထောင်ကြားသာ ရောင်း ချနိုင်ခဲ့ကြောင်း ဘုရင့်နောင်ဆန် ကုန်စည်ဒိုင်အတွင်းရေးမှူး ဦး သန်းဦးက ပြောသည်။

 

ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခု အတွင်းမြန်မာဆန်ကုန်သည်များ အတွက် နယ်စပ်မှယူနန်ပြည် နယ်သို့ ဆန်တင်ပို့ခြင်းလုပ်ငန်း ဖွံ့ဖြိုးခဲ့သော်လည်း ယခုအချိန် တွင် ဈေးကွက်ကအကျိုးအမြတ် မရှိတော့ကြောင်း ဆန်တန်ချိန် တစ်သောင်းရောင်းချမှု၌ ပါဝင် ခွင့်ရရှိသူ ဦးသန်းဦးက ပြော သည်။ တရုတ်နိုင်ငံရှိ ရွှေချိုက် ကုမ္ပဏီက မူဆယ်နယ်စပ်မှ တရားဝင် ဆန်တန်ချိန်တစ် သောင်းကျော်ဝယ်ယူရာတွင် ယူ နန်အစိုးရကို အခွန် ၆၀ ရာခိုင်နှုန်း ပေးဆောင်ရသည့်အကြောင်းပြ ချက်ဖြင့် ဈေးနှိမ်ဝယ်ယူမှုများရှိ ကြောင်း မြန်မာဆန်ကုန်သည်အချို့က ပြောကြားသည်။

 

နယ်စပ်မှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် ဆန်တစ်တန် လျှင် ကန်ဒေါ်လာ ၃၀၀ ခန့်သာရ သည်အထိ ဈေးနှိမ်ခံရမှုကြောင့် မြန်မာဆန်ကုန်သည်များ အကျိုးအမြတ် နည်းနေသဖြင့် တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းမှ သင်္ဘောဖြင့်တရားဝင်ရောင်း ချနိုင်ရေး ပြန်လည်ကြိုးစားလာ ကြောင်း မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမျိုးသူရအေးက ပြောသည်။

 

Read More >>>>>  အိန္ဒိယမှ ပဲစင်းငုံတင်သွင်းခွင့် ထပ်တိုးကိုတာ သတ်မှတ်ချက်ထုတ်ပြန်

 

‘‘ဆန်တင်ပို့တဲ့ပုံစံကပြောင်း သွားတယ်’’ ဟု ဦးမျိုးသူရအေးက ပြောသည်။ တရုတ်ကုမ္ပဏီနှင့် မြန်မာကုမ္ပဏီအကြား ညှိနှိုင်းပြီး တရားဝင်အခွန်ဆောင်၍ ဆန် တင်ပို့ခြင်းဖြစ်သည်။

 

ပင်လယ်ရေကြောင်းမှ တ ရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် တစ်တန်လျှင် ကန်ဒေါ်လာ ၃၂၀ မှ ၃၃၀ အကြား အနည်းဆုံးဈေး ရရှိကြောင်း ဦးသန်းဦးက ပြော သည်။ လက်ရှိတွင် တရုတ်သို့ ရေကြောင်းမှတစ်ဆင့် တရား ၀င်အခွန်ဆောင်ပြီး ဆန်တန်ချိန် ခြောက်သောင်းခန့် ရောင်းချထား ကြောင်း ၎င်းကပြောသည်။

 

Source: 7 day news

Read times Last modified on Tuesday, 06 August 2019 11:32
Rate this item
(1 Vote)