Food & Livestock



ကမ္ဘောဒီးယား စိုက်ပျိုးရေးထွက်ကုန်များ ကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံအထိ တင်ပို့နိုင်ခဲ့

ကမ္ဘောဒီးယား စိုက်ပျိုးရေးထွက်ကုန်များ  ကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံအထိ တင်ပို့နိုင်ခဲ့

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် စိုက်ပျိုးရေးထွက်ကုန် တန်ချိန် ၈ ဒသမ ၄ သန်း တင်ပို့ခဲ့ပြီး ဝင်ငွေ ကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံခန့် ရရှိခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်တွင် တင်ပို့ခဲ့သည့် စိုက်ပျိုးရေးထွက်ကုန်  တန်ချိန်စုစုပေါင်းသည် ၂၀၂၂ ခုနှစ်ထက် ၂ ရာခိုင်နှုန်း လျော့နည်းခဲ့ပါသည်။ 

.

ကမ္ဘောဒီးယားနိုင်ငံမှ အဓိကတင်ပို့သည့် ကုန်ပစ္စည်းများမှာ ဆန်၊ ငှက်ပျောသီး၊ သရက်သီး၊ ပီလောပီနံ၊ သီဟိုဠ်စေ့၊ ပြောင်း၊ စားအုန်းဆီ၊ ငရုတ်ကောင်းနှင့် ဆေးရွက်ကြီးတို့ဖြစ်ပါသည်။

ဆန်တင်ပို့မှုမှ ကန်ဒေါ်လာ ၅၆၇ သန်း ရရှိခဲ့ပြီး စပါးတင်ပို့မှုမှ ကန်ဒေါ်လာ ၉၃၉ သန်း ရရှိခဲ့ပါသည်။  ဆန်စပါး တင်ပို့သည့် တန်ချိန်ပမာဏသည် ၂၀၂၂ ခုနှစ်ထက် ၃ ရာခိုင်နှုန်း ပိုများပါသည်။ 

ဆန်စပါး မဟုတ်သော စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှုမှ ကန်ဒေါ်လာ ၂.၈ ဘီလီယံ ရရှိခဲ့ပါသည်။ 

 

တရုတ်၊ ဗီယက်နမ်နှင့် ထိုင်းတို့သည် ကမ္ဘောဒီးယား၏  စိုက်ပျိုးရေးထွက်ကုန်များကို အဓိက တင်သွင်းသည်။

 

စိုက်ပျိုးရေးသည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးကို ပံ့ပိုးပေးသည့် မဏ္ဍိုင်လေးခုထဲမှ တစ်ခုဖြစ်သည်။ 

 

Source khmertimeskh


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Tuesday, 16 January 2024 20:58
Rate this item
(0 votes)