Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံက သကြားကို တင်လဲရည်အဖြစ်ပြောင်းကာ တင်ပို့ခြင်းကိုသာ လက်ခံ

မြန်မာနိုင်ငံက ထွက်ရှိတဲ့သကြားများအား အတုံးအခဲအဖြစ်တင်ပို့ခြင်းကို တရုတ်နိုင်ငံက လက်ခံခြင်းမရှိဘဲ အရည်ဖျော်၍ တင်လဲရည်အဖြစ်ပြောင်းကာ တင်ပို့ရောင်းချခြင်းကိုသာ လက်ခံတာကြောင့်

လုပ်ငန်းရှင်များအနေနဲ့ တရုတ်နိုင်ငံက လက်ခံတဲ့အရည်အသွေးကို လေ့လာဆောင်ရွက်သင့်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောပါတယ်။

 

တရုတ်နိုင်ငံက အရင်လို မြန်မာ့သကြားကို ကုန်ကြမ်းတင်ပို့မှုအဖြစ် လက်ခံခြင်းမရှိလို့ လောက်ကိုင်နယ်စပ်မှတစ်ဆင့် ကြံပင်တွေကို ခုတ်လှဲပြီး ကြံအချောင်းလိုက် အဝယ်ရှိတဲ့အတွက် လောက်ကိုင်ဒေသမှာ ကြံစိုက်ခင်း ဧကပေါင်း ၁၅၀၀၀၀ ကျော်အထိ စိုက်ပျိုးထားပါတယ်။

 

သကြားကို အရည်ဖျော်ပြီးတော့ သကြားဓာတ်က ၅၅ ရာခိုင်နှုန်း၊ ရေက ၄၅ ရာခိုင်နှုန်း စတဲ့အချိုးအစားနဲ့ တင်လဲရည်အဖြစ် တင်ပို့ခြင်းကိုသာ တရုတ်က လက်ခံမယ်ဆိုတဲ့အတွက်ကြောင့် အခုဆိုရင် တင်လဲရည်စပ်တဲ့ စက်တွေလည်းပေါ်လာပါပြီ။

 

ဒါကြောင့် သကြားလုပ်ငန်းရှင်တွေ၊ ကြံလုပ်ငန်းရှင်တွေအနေနဲ့ တရုတ်ဘက်က ဘာပဲဖြစ်ဖြစ် လိုအပ်တဲ့ အရည်အသွေးအမျိုးအစားကို လေ့လာပြီးဆောင်ရွက်သင့်ပါတယ်လို့ ဒေါက်တာသန်းမြင့်က ပြောပါတယ်။

 

Read More >>>>>  မွန်ပြည်နယ်တွင် မြန်မာ့ပထမဆုံး ကျွဲကောဇုန် တည်ထောင်နိုင်ရန် စီစဉ်

 

တရုတ်နိုင်ငံရဲ့ နှစ်စဉ် သကြားလိုအပ်ချက်က တန်ချိန် ၁၆ သန်းနီးပါးရှိနေပြီး ပြည်တွင်းထုတ်လုပ်မှုက တန်ချိန် ၁၀ သန်း ဝန်းကျင်သာ ထုတ်လုပ်နိုင်တဲ့အတွက် တန်ချိန် ခြောက်သန်းဝန်းကျင် တင်သွင်းဖို့ လိုအပ်ချက်ရှိနေတယ်လို့ သိရပါတယ်။

 

မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ဘေးထွက်ပစ္စည်းတွေဖြစ်တဲ့ ကြံဖတ်မှ လျှပ်စစ်ထုတ်ရပါတယ်။

 

သကြားစက်ရုံတွေက ထွက်ရှိလာတဲ့ တင်လဲရည်ကို အီသနောထုတ်လုပ်ပြီး ပြည်ပမှ တင်သွင်းတဲ့ လောင်စာနဲ့ ရောစပ်ပြီးတော့ လောင်စာစွမ်းအင်ထုတ်နိုင်ပါတယ်။

 

ထို့ကြောင့် နိုင်ငံတကာလို ပြည်ပမှ တင်သွင်းလာတဲ့ ဓာတ်ဆီကို အီသနော ၁၀ ရာခိုင်နှုန်း ရောစပ်အသုံးပြုရတဲ့ မူဝါဒချမှတ်ပြီး သကြားစက်ရုံတွေအတွက် ဘေးထွက်ပစ္စည်းဖြစ်တဲ့ Molasses ပြဿနာ ဖြေရှင်းဆောင်ရွက်လျက်ရှိပါတယ်။

 

မြန်မာနိုင်ငံမှာလည်း ဘေးထွက်ပစ္စည်းတွေကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ပြုလုပ်ကာ နိုင်ငံတကာလို မူဝါဒမျိုး ချမှတ်ပေးပြီး ရေရှည်အတွက်ဆောင်ရွက်ပေးပါလို့ ပြောပါတယ်။

Source: The Mirror

Read times Last modified on Monday, 27 May 2019 16:42
Rate this item
(1 Vote)