Food & Livestock



တရုတ်နိုင်ငံမှ ကျောက်ပုစွန်ထုပ်ကြီးများ တင်သွင်းမှု အာဆီယံ ၃ နိုင်ငံ ဈေးကွက်ဝေစု နည်းပါး

တရုတ်နိုင်ငံမှ ကျောက်ပုစွန်ထုပ်ကြီးများ တင်သွင်းမှု အာဆီယံ ၃ နိုင်ငံ ဈေးကွက်ဝေစု နည်းပါး

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

တရုတ်နိုင်ငံမှာ လူလတ်တန်းစားများ ပိုများလာသည်နှင့်အမျှ ၂၀၁၀ ခုနှစ် နောက်ပိုင်းတွင် ကျောက်ပုစွန်ထုပ်ကြီးများ ဝယ်လိုအား မြင့်တက်လာခဲ့သည်။

 

တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေဦးစီးဌာန၏ အဆိုအရ တရုတ်နိုင်ငံမှ တင်သွင်းသည့် ကျောက်ပုစွန်များ၏ အဓိက အရင်းအမြစ်မှာ ယခုအခါ နယူးဇီလန်ဖြစ်ပြီး စျေးကွက်ဝေစု ၄၀ ရာခိုင်နှုန်းနီးပါးရှိသည်။  

မက္ကဆီကို ကျောက်ပုစွန်သည် စျေးကွက်ဝေစု ၂၀ ရာခိုင်နှုန်း ရရှိထားသည်။ 

အမေရိကန် ကျောက်ပုစွန်သည် ဈေးကွက်ဝေစု ၁၆ ရာခိုင်နှုန်း ရရှိထားသည်။

 

ဩစတေးလျ ကျောက်ပုစွန် တင်သွင်းမှု ပိတ်ပင်ပြီးနောက် အမေရိကန်ကျောက်ပုစွန်များ တရုတ်ဈေးကွက်ထဲ နေရာပိုမို ရယူနိုင်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ဈေးကွက်ဝေစု ၂.၉% မျှသာ ရှိခဲ့ရာမှ  ယမန်နှစ်က ဈေးကွက်ဝေစု ၁၆% ရရှိခဲ့သည်။ စုစုပေါင်းတန်ဖိုးသည် ကန်ဒေါ်လာ ၉၇.၃၃ သန်းသို့ ရောက်ရှိလာခဲ့သည်။

 

အာဆီယံအဖွဲ့ဝင် ၃ နိုင်ငံဖြစ်သည့် အင်ဒိုနီးရှား၊ ထိုင်းနှင့် ဗီယက်နမ်တို့သည်  ဈေးကွက်ဝေစု နည်းပါးနေဆဲဖြစ်ပြီး ပိုမိုကြီးမားသော စျေးကွက်ဝေစုကို ရယူရန် ကြိုးပမ်းလျက် ရှိသည်။

ကိုရိုနာဗိုင်းရပ်၏ ဇာစ်မြစ်ကို တရုတ်ပြည်မှာ စုံစမ်းစစ်‌ဆေးရန်အတွက် ဩစတေးလျမှ တောင်းဆိုခြင်းကို တန်ပြန်သက်ရောက်မှု ပေးသည့်အနေဖြင့် တရုတ်အစိုးရသည် ဩစတေးလျမှ ကျောက်ပုစွန် တင်သွင်းမှုကို တားမြစ်ခဲ့ပြီးနောက် သုံးနှစ်ခွဲနီးပါးကာလတွင် ၎င်းသုံးနိုင်ငံမှ ကျောက်ပုဇွန်များ တရုတ်ပြည်သို့ ဝင်ရောက်ရန် ပိုမိုအခွင့်သာခဲ့သည်။ 

ယမန်နှစ်ကစ၍ တရုတ် ဩစတေးလျ နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာခဲ့သော်လည်း ဩစတေးလျကျောက်ပုစွန် တင်သွင်းမှုကို တရုတ်အစိုးရက ပိတ်ပင်ထားဆဲ ဖြစ်သည်။

 

၂၀၂၀ ပြည့်နှစ်မှာ ဩစတေးလျ ကျောက်ပုစွန်များကို တရုတ်နိုင်ငံမှ တင်သွင်းခွင့်ပိတ်ပင်ခြင်း အသက်မဝင်မီ ၂၀၂၉ ခုနှစ်တွင် တရုတ်နိုင်ငံမှ တင်သွင်းသည့် ကျောက်ပုစွန်  ထက်ဝက်ကျော်သည် ဩစတြေးလျမှ တင်ပို့ခြင်းဖြစ်သည်။

 

၎င်းအာဆီယံ သုံးနိုင်ငံမှ ကျောက်ပုစွန်သည် ယမန်နှစ်က ဈေးကွက်ဝေစု ၆.၈% ရရှိခဲ့သည်။ ၂၀၁၉ ခုနှစ်ကထက် ၂ ဆ ဖြစ်လာခဲ့သည်။

 အကောက်ခွန်ဆိုင်ရာ အချက်အလက်များအရ အင်ဒိုနီးရှားသည် တရုတ်နိုင်ငံသို့ ကျောက်ပုဇွန် ပဉ္စမ အများဆုံး တင်ပို့သူ ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် ကန်ဒေါ်လာ ၁၈.၂၇ သန်းဖိုး တင်ပို့ခဲ့သည်။ ဈေးကွက်ဝေစု ၂.၉% ရရှိသည်။

 

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံသို့ ကျောက်ပုစွန်သတ္တမ အများဆုံး တင်ပို့သူ ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ကန်ဒေါ်လာ ၈၈,၁၂၃ ဖိုး တင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ကန်ဒေါ်လာ ၁၄.၁ သန်းဖိုး တင်ပို့ခဲ့သည်။ အဆ ၁၆၀ ဖြစ်လာခဲ့သည်။ ဈေးကွက်ဝေစု ၂.၂% ရရှိသည်။ 

 

တရုတ်နိုင်ငံသို့ ကျောက်ပုစွန် အဋ္ဌမအများဆုံး တင်ပို့သည့် ဗီယက်နမ်သည် ယမန်နှစ်တွင် ကျောက်ပုစွန် တင်ပို့မှု သိသိသာသာ ကျဆင်းသွားခဲ့သည်။ 

ဗီယက်နမ် ကျောက်ပုစွန် လုပ်ငန်းကဏ္ဍသည် မွေးမြူရေး လုပ်ထုံးလုပ်နည်းများ ကျကျနန မရှိချေ။ အချို့က သဘာဝ ကျောက်ပုစွန်များ ပင်လယ်ထဲမှ ဖမ်းဆီးပြီးတင်ပို့သဖြင့် တရုတ်နိုင်ငံ၏ သဘာဝတိရစ္ဆာန်ကာကွယ်ရေး ဥပဒေနှင့် ဖီလာဆန့်ကျင် ဖြစ်နေသည်။ သို့ဖြစ်ရာ ဗီယက်နမ် ကျောက်ပုစွန် အများအပြားကို တရုတ်နိုင်ငံက တင်သွင်းခွင့် ပိတ်ပင်ခဲ့သည်။

 

ဩစတေးလျကျောက်ပုစွန် မပိတ်ပင်ခင်က တရုန်နိုင်ငံသည် ကျောက်ပုစွန် ကန်ဒေါ်လာ သန်း ၉၀၀ ဖိုး ဝန်းကျင် တင်သွင်းခဲ့သည်။ ၂၀၂၁ ခုနှစ်မှစ၍ ကန်ဒေါ်လာ သန်း ၆၀၀ ဖိုးဝန်းကျင်သာ တင်သွင်းတော့သည်။ ထိုသို့ လျော့ကျရသည်မှာ ဩစတေးလျကျောက်ပုစွန်များ တရုတ်ဈေးကွက်ထဲ စီးဝင်မှု ရပ်တန့်သွားသောကြောင့်ဟု ယူဆကြသည်။ 

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံသည် ကျောက်ပုစွန် ကန်ဒေါ်လာ ၆၂၉ သန်းဖိုး တင်သွင်းခဲ့ပါသည်။

Source scmp


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Thursday, 25 January 2024 13:25
Rate this item
(0 votes)