Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သီးနှံသိုလှောင်ရုံ ဆောက်လုပ်ရင်းနှီးမြှုပ်နှံမည့် စီးပွားရေးလုပ်ငန်းရှင်များသို့ အစိုးရက ငွေချေးမည်

ဆန်စပါး၊ ပဲမျိုးစုံအပါ အဝင် လယ်ယာထွက်ကုန်သီးနှံ များ သိုလှောင်ထားနိုင်မည့်ခေတ်

မီသိုလှောင်ရုံတည်ဆောက်ရင်း နှီးမြှုပ်နှံလိုသည့် စီးပွားရေးလုပ် ငန်းရှင်များသို့ အစိုးရက ချေးငွေ များထုတ်ပေးရန် စီစဉ်နေကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီး ဦးကျော် ဝင်းက ပြောသည်။

 

လယ်ယာထွက်ကုန် သီးနှံ များ စနစ်တကျသိုလှောင်ထားရန် တိုင်းနှင့် ပြည်နယ်များတွင် သို လှောင်ရုံများ လုံလောက်စွာ မရှိ ခြင်းကြောင့် သီးနှံများပျက်စီးဆုံး ရှုံးမှု၊ အရည်အသွေးကျဆင်းမှု များ ကြုံတွေ့နေရသည်ဟု ဝန်ကြီးက ပြောသည်။

 

ထို့ကြောင့် လယ်ယာထွက် ကုန် သီးနှံသိုလှောင်ရုံ တည် ဆောက်ရင်းနှီးမြှုပ်နှံလိုသူများသို့ အစိုးရက ငွေချေးပေးမည်ဟု ၎င်း က ဆိုသည်။

 

‘‘အစိုးရက ငွေချေးပေးရင် ကောင်းတာပေါ့။ ဒီအဆောက်အ အုံတွေက လယ်ယာကဏ္ဍမှာ တကယ်ကို လိုအပ်နေတာပါ’’ဟု မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင် များအသင်း အတွင်းရေးမှူး ဦး သောင်းဝင်းက ပြောသည်။

 

လက်ရှိပေါက်ဈေးဖြင့် စပါး တင်းပေါင်းလေးသိန်းခန့် သို လှောင်နိုင်သည့် သိုလှောင်ရုံတစ် လုံး တည်ဆောက်မည်ဆိုပါက ကုန်ကျစရိတ်  ကျပ်သိန်းငါး ထောင်ခန့်ရှိကြောင်း ၎င်းက ပြော ကြားသည်။

 

 သိုလှောင်ရုံများ အသစ် တည်ဆောက်မည်ဆိုပါက စပါး အခြောက်ခံစက်များ၊ စပါးသန့် စင်စက်များလည်း  ထည့်သွင်း တည်ဆောက်ရန်လိုနေသည်ဟု ဆန်စက်လုပ်ငန်းရှင် အချို့က ပြောသည်။

 

လယ်သမားများ ရိတ်သိမ်း ပြီး ဆန်စက်များသို့ ရောက်ရှိလာ သည့် စပါးများသည် သိုလှောင် ထားရှိနိုင်သည့် အစိုဓာတ် (ရေ ငွေ့)ပါဝင်မှုပမာဏထက် များသ ဖြင့် အခြောက်ခံစက်များအသုံးပြု ပြီးမှ သိုလှောင်ရသည်ဟု ၎င်းတို့ က ပြောသည်။

 

လယ်ယာကဏ္ဍတွင် သီးနှံ သိုလှောင်ရုံများသည် အဓိကလို အပ်ချက်တစ်ခုဖြစ်နေပြီး လယ် သမားများအတွက်လည်း များစွာ အကျိုးရှိနိုင်သည်ဟု ပြည်ထောင် စုဝန်ကြီး ဦးကျော်ဝင်းက ပြော ကြားသည်။

 

သိုလှောင်ရုံများရှိခြင်းအား ဖြင့် သီးနှံပေါ်ထွက်ချိန်တွင် ဈေး နှုန်းကျဆင်းခြင်းကြောင့် တောင် သူလယ်သမားများ အကျိုးအမြတ်ထိခိုက်မှုကိုလည်း လျော့နည်းစေ မည်ဟု ၎င်းက ဆိုသည်။

 

မြန်မာနိုင်ငံတွင် နှစ်စဉ် မိုး စပါးနှင့် ပဲမျိုးစုံ အသစ်ပေါ်ချိန် ၌ ဈေးနှုန်းများ ကျဆင်းပြီး ငွေ ကြေးလိုအပ်သော လယ်သမားအ များစုက ယင်းဈေးနှုန်းဖြင့် ရောင်းချရခြင်းကြောင့် အကျိုးအမြတ် လျော့နည်းမှုများရှိနေသည်။

 

ထို့ကြောင့် သိုလှောင်ရုံများ တွင် စပါးအပါအဝင် သီးနှံများကို လယ်သမားများက အပ်နှံပြီး ယင်း သိုလှောင်ရုံအာမခံဖြင့် လယ်သ မားများက ဘဏ်များမှ ငွေချေးနိုင် မည့်အစီအစဉ်များကိုလည်း အ ကောင်အထည်ဖော်နိုင်မည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအ သင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:37
Rate this item
(0 votes)