Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ချဉ်ပေါင်ဖာလာ အရည်အသွေးမြင့်ထုတ်လုပ်နိုင်ရန် လာအိုနိုင်ငံမှ နည်းပညာပံ့ပိုးပေးမည်ဖြစ်ကြောင်း

ချဉ်ပေါင်ဖာလာ စိုက်ပျိုး၊ ခူးဆွတ်၊ ထိန်းသိမ်းနည်းများ သိရှိစေရန်အတွက် ပြည်ပဈေးကွက်သစ်များ

တင်ပို့နိုင်ရန်နှင့် အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရ် ချဉ်ပေါင်ဖာလာစိုက်တောင်သူများအား လာအိုနိုင်ငံမှ ပညာရှင်များလာရောက်၍ ဧပြီလတွင် နည်းပညာများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း မြန်မာ့ချဉ်ပေါင် ဖာလာအသင်းမှ ဒုဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရပါတယ်။

 

လတ်တလောတွင် မြန်မာ့ချဉ်ပေါင်ဖာလာကို ဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် လုပ်ဆောင်ရာတွင် အရည်အသွေးပိုင်း အားနည်းနေသည့်အတွက်ကြောင့် ပြည်ပဈေးကွက်ရှာဖွေရာတွင် အခက်အခဲရှိနေပြီး ဥရောပသမဂ္ဂနိုင်ငံများသို့ နမူနာတင်ပို့ထားမှုများမှာလည်း အရွယ်အစားမညီခြင်း၊ မီးခိုးနံ့ပါခြင်းနှင့် အရောင်အသွေးမညီခြင်းများကြောင့် တင်ပို့နိုင်ရန် အခက်အခဲများရှိနေသေးကြောင်း သို့ဖြစ်၍ ပြည်ပဈေးကွက်သစ်များသို့ တင်ပို့နိုင်ရန်နှင့် အရည်အသွေးကောင်းမွန်သည့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် လာအိုပညာများဖြင့် သင်တန်းပေးရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

 

ယင်းကဲ့သို့ သင်တန်းပေးရာတွင် စိုက်ပျိုးတောင်သူများအတွက် ခူးဆွတ်နည်း၊ စိုက်ပျိုးနည်း၊ ထိန်းသိမ်းနည်းများနှင့် ခူးဆွတ်ပြီး အခြောက်ခံနိုင်ရန် အခြောက်ခံစက်ငါးလုံး စီစဉ်ထားကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Tuesday, 18 September 2018 16:54
Rate this item
(1 Vote)