Food & Livestock



ဗီယက်နမ်နိုင်ငံ၌ စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ ပြည်ပရင်းနှီးမြှုပ်နှံမှုတန်ဖိုး မြင့်တက်လာစေရေး အဓိကထားဆောင်ရွက်

ဗီယက်နမ်နိုင်ငံ၌ စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ ပြည်ပရင်းနှီးမြှုပ်နှံမှုတန်ဖိုး မြင့်တက်လာစေရေး အဓိကထားဆောင်ရွက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဗီယက်နမ်နိုင်ငံ၌ ၂၀၃၀ ပြည့်နှစ်အရောက်တွင် စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ ပြည်ပရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံအထိ ရောက်ရှိလာစေရေး ရည်မှန်းချက်ထားရှိဆောင်ရွက်နေကြောင်း Vietnam Nesw သတင်းစာက ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားသည်။

 

အဆိုပါရည်မှန်းချက် ပြည့်မီစေရေးအပါအဝင် နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုတိုးတက်စေရေးနှင့် ရင်းနှီးမြှုပ်နှံသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဗီယက်နမ်နိုင်ငံက ထိရောက်သည့် နည်းလမ်းများ အသုံးပြု၍ ဆွဲဆောင်နေကြောင်း သိရသည်။

 

ဗီယက်နမ်နိုင်ငံ၌ ၂၀၀၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ပြည်ပရင်းနှီးမြှုပ်နှံသူများက စီမံကိန်း ၂၀၀၀ ခန့် ရင်းနှီးမြှုပ်နှံခဲ့ကြပြီး ယင်းစီမံကိန်းများ၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၆ ဘီလီယံရှိကြောင်း ဗီယက်နမ်စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန မူဝါဒနှင့် မဟာဗျူဟာဆိုင်ရာ အင်စတီကျုမှ တာဝန်ရှိသူ တာသူထရင်က ပြောကြားသည်။

 

နိုင်ငံအတွင်းရှိ စက်မှုလုပ်ငန်းများတွင်လည်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုအပ်နေပြီး အဓိကအားဖြင့် နည်းပညာလွှဲပြောင်းရယူရေးဆိုင်ရာ ကဏ္ဍများအားမြှင့်တင်ရန်လိုအပ်ကြောင်း ဗီယက်နပ်စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ သတင်းအချက်အလက်ဌာန တာဝန်ရှိသူ ငုယင်အမ်းဖောင်က ပြောကြားသည်။

 

ထို့ပြင် စိုက်ပျိုးရေးလုပ်ငန်း၌ ပြည်ပရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာစေရေးအတွက် ရင်းနှီးမြှုပ်နှံသူများ၏ လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး အလျင်အမြန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဗီယက်နမ်စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ ဒူဒန်ကောင်ကပြေားကြားသည်။

 

Source: The Mirror

Myanmar Food Industry Guide

Read times
Rate this item
(0 votes)