Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပတင်ပို့ဆန်ဈေးနှုန်း အိန္ဒိယ ဗီယက်နမ် ကျဆင်း၊ ထိုင်း ဈေးတက်

ပြည်ပတင်ပို့ဆန်ဈေးနှုန်း  အိန္ဒိယ ဗီယက်နမ် ကျဆင်း၊ ထိုင်း ဈေးတက်


ယခု သီတင်းပတ်တွင် အိန္ဒိယနှင့် ဗီယက်နမ် နိုင်ငံများမှ ဆန်တင်ပို့မှု တန်ချိန်ပမာဏ ပိုမိုများပြားခဲ့ပြီး ဈေးနှုန်းများ လျော့ကျခဲ့သည်။ 
ဗီယက်နမ်သည် ဆန်အမှာစာ အသစ်များကို တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်၊ အီရန်၊ သီရိလင်္ကာတို့ ထံမှ လာမည့်လများတွင် ရရှိမည်ဟု မျှော်လင့်ရသည်။ 

အိန္ဒိယဆန်

ဆန်တင်ပို့မှု ထိပ်တန်းနိုင်ငံဖြစ်သော အိန္ဒိယမှ ဆန်ကွဲ ၅% ပေါင်းဆန် အမျိုးအစား <RI-INBKN5-P1> ရောင်းဈေး တစ်တန် $361 ~ $365 အထိ ဈေးခေါ်သည်။ 
ယခင်အပတ်တွင် $364~$368 ဈေးပေါက်ခဲ့ပြီး ယခုအပတ် ဈေးကျဆင်းသည်။ ရူပီ အားပျော့သဖြင့် ဈေးကျခြင်းဖြစ်သည်။ 

အိန္ဒိယတောင်ပိုင်း ကာကီနာဒါမှ ဆန်ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက "အဝယ် လိုက်တယ်။ ရူပီ‌ ကြောင့်သာ ဈေးကျတာပါ။ ပြီးခဲ့အပတ်က တင်ပို့တာလည်း အခြေအနေ ပိုကောင်းပါတယ်" ဟု ရိုက်တာသတင်းဌာနသို့ ဖြေကြားခဲ့သည်။


ဗီယက်နမ်ဆန်

ဆန်ကွဲ ၅% ဗီယက်နမ်ဆန် <RI-VNBKN5-P1> ရောင်းဈေးမှာ ဧပြီလ ၂၁ ကြာသပတေးနေ့တွင် တစ်တန် $415  ဈေးခေါ်သည်။
ယခင်သီတင်းပတ် ရောင်းဈေး တစ်တန် $420-$425 ဖြစ်ခဲ့သည်။ ယခုအပတ် ဈေးကျသည်။ 
မဲခေါင်မြစ်ဝကျွန်းပေါ်မှ လယ်ကွင်းများ စပါး အထွက်ကောင်းခဲ့ပြီး လယ်သမားများထံတွင် စပါးအလျှံပယ် ဖြစ်နေသည်။ ဆောင်း-နွေဦး စပါးထုန်လုပ်မှု၏ ၉၀% ကို မဲခေါင်မြစ်ဝကျွန်းပေါ်မှ စိုက်ပျိုးထုတ်လုပ်ပေးသည်။

ဗီယက်နမ် စားသောက်ကုန် အသင်း Vietnam Food Association က လာမည့်လများတွင် ဆန်တင်ပို့မှု ပိုများလာဖွယ်ရှိသည်ဟု ပြောကြားသည်။  တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်၊ အီရန်၊ သီရိလင်္ကာတို့ ထံမှ ဆန်အမှာစာ အသစ်များကို ရရှိမည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။ 

ပဏာမစာရင်းများအရ ဧပြီလတွင် ဟိုချီမင်းဆိပ်ကမ်းတွင် ဆန် ၂၉၁,၆၉၀ တန် တင်ဆောင်ရန် စီစဉ်ထားသည်။ ကျူးဘားနှင့် ဖိလစ်ပိုင် နိုင်ငံများသို့ တင်ပို့မည်။


ထိုင်းဆန်

ဆန်ကွဲ ၅% ထိုင်းဆန် <RI-THBKN5-P1> သည် လွန်ခဲ့သည့် နှစ်ပတ်က ရောင်းဈေး တစ်တန် $408-$412 ဖြစ်ခဲ့ပြီး ယခုသီတင်းပတ်တွင် $410-$414 ဖြစ်သဖြင့် ဈေးအနည်းငယ် မြင့်တက်သည်။ အရောင်း ပါးနေသည်။

၂၀၂၂ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ ၂ လတာတွင် ဆန်တန်ချိန် ၁.၁ သန်း တင်ပို့ခဲ့သည်။

ဆက်စပ်ဖတ်ရှုရန်
ယူကရိန်းစစ်ပွဲကြောင့် ထိုင်းဆန် တင်ပို့မှု မြင့်တက်

Read times Last modified on Saturday, 23 April 2022 07:15
Rate this item
(0 votes)