Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ရရှိ

၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ရရှိ

TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U

 

၂၀၂၂-၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၂၅ ရက်အထိ ရှစ်လတာကာလအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော် ရရှိပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

 

အဆိုပါကာလအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပင်လယ်ရေးကြောင်းမှတစ်ဆင့် ပဲမျိုးစုံ ၈၉၇၄၉၉ ဒသမ ၂၇၉ တန် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇၂၁ ဒသမ ၈၅၆ သန်း၊ နယ်စပ်ကုန်သွယ်ရေးမှ တစ်ဆင့် ၁၅၃၃၁၁ ဒသမ ၁၇၅ တန် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၀၄ ဒသမ ၄၇၅ သန်း စုစုပေါင်း ပဲမျိုးစုံ ၁၀၅၀၈၁၀ ဒသမ ၄၅၄ တန် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၈၂၆ ဒသမ ၃၃၁ သန်းရရှိခဲ့သည်။

 

မြန်မာနိုင်ငံ၌ စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါနှင့် ကြံတို့ကို စိုက်ပျိုးလျက်ရှိပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုး စိုက်ပျိုးထုတ်လုပ်မှာ ဒုတိယအများဆုံးဖြစ်ကာ ပဲမျိုးစုံအနေဖြင့် တစ်နိုင်ငံလုံး၏ လယ်ယာထွက်ကုန်များတွင် ၃၃ ရာခိုင်နှုန်းခန့် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။

 

မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ ၂၀ ရာခိုင်နှုန်းခန့်၌ ပဲမျိုးစုံစိုက်ပျိုးနေပြီး ပဲမျိုးစုံစိုက်ဧက၏ ၇၂ ရာခိုင်နှုန်းသည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံများဖြစ်ကာ ပဲလွမ်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယဉ်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် တခြားပဲများလည်း စိုက်ပျိုးကြောင်း သိရသည်။

 

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ပင်လယ်ရေကြောင်းမှ ၁၂၄၂၇၇၅ ဒသမ ၂၃၁ တန် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၉၆၆ ဒသမ ၄၀၇သန်း၊ နယ်စပ်ကုန်သွယ်ရေးမှ ၇၈၆၉၂၀ ဒသမ ၆၅၁ တန် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၀၄ ဒသမ ၃ သန်းစုစုပေါင်း ပဲမျိုးစုံ ၂၀၂၉၆၉၅ ဒသမ ၈၈၂ တန် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၅၇၀ ဒသမ ၇၀၇ သန်း ရရှိခဲ့ကြောင်း သိရသည်။

 

လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့သည့် ပို့ကုန်အများစုမှာ လယ်ယာထွက်ကုန်များဖြစ်ပြီး ပဲမျိုးစုံသည် အဓိက ပို့ကုန်ဖြစ်ကြောင်းသိရသည်။

 

Source: The Mirror

Myanmar Food Industry Guide

Read times Last modified on Friday, 09 December 2022 11:12
Rate this item
(0 votes)