Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နိုင်ငံခြားအရက် တရားမ၀င် ရောင်းချပါက ပြင်းထန်စွာ အရေးယူမည်ဟုဆို

နိုင်ငံခြားအရက် တရားမ၀င် ရောင်းချပါက ပြင်းပြင်းထန် ထန်အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစားသုံးသူရေးရာ ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်ဦးမြင့် ချိုက ပြောသည်။

 

ယစ်မျိုးလိုင်စင် (FL 12) ကိုင်ဆောင်ထားသည့် ယမကာ လက်လီရောင်းချသူများကိုလည်း အသိပညာပေး ဟောပြောထား ကြောင်း ၎င်းကပြောသည်။

 

စက်တင်ဘာ ၃၀ ရက်က ရန်ကုန်အရှေ့ပိုင်းခရိုင်နှင့် တောင်ပိုင်းခရိုင်ရှိ နိုင်ငံခြားအ ရက်လက်လီရောင်းချသည့်ဆိုင် များ၊ အောက်တိုဘာ ၁ ရက်က ရန်ကုန်အနောက်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်ရှိ ဆိုင်များကို ခေါ်ယူတွေ့ဆုံကာ ဆွေးနွေးခဲ့ သည်။

 

‘‘FL 12 လိုင်စင်တွေကိုင် ဆောင်ထားတဲ့သူတွေက နိုင်ငံ ခြားအရက်ရောင်းချလို့ရပါတယ်။ နိုင်ငံခြားအရက်အမျိုးမျိုးရောင်း ချခွင့်ရှိတယ်လို့ ဖော်ပြထားတဲ့ နေရာမှာ တချို့က နားလည်မှုလွဲ ပြီး မှောင်ခိုအရက်တွေနဲ့ တင် ရောင်းနေကြလို့ ခေါ်ယူအသိ ပညာပေးထားတာပါ။ တန်းပြီး အရေးယူရင် နစ်နာဆုံးရှုံးမှုတွေ ဖြစ်ကုန်မှာစိုးလို့ပါ’’ ဟု ဦးမြင့်ချိုက ပြောသည်။

 

တရားမ၀င်နိုင်ငံခြားအရက် များဖမ်းမိပါက အထူးကုန်စည်ခွန် ဥပဒေအရပစ္စည်းများကို နိုင်ငံပိုင်သိမ်းဆည်းမည့်အပြင် သိမ်း ဆည်းထားသည့် ပစ္စည်းများ၏ ကာလပေါက်ဈေးအတိုင်း ဒဏ် ငွေပေးဆောင်ရမည်ဖြစ်ကြောင်း ဦးမြင့်ချိုကပြောသည်။

 

နိုင်ငံခြားအရက်များ လက် လီရောင်းချခွင့်လိုင်စင် ပေးအပ် ထားသော်လည်း လက်ရှိတွင် နိုင်ငံခြားအရက်များကို ဟိုတယ် ကြီးများ၌ ရောင်းချရန်တင်သွင်း ခွင့်နှင့် အခွန်ကင်းလွတ်ခွင့်ဖြင့် သာ တင်သွင်းရောင်းချခွင့်ပြု ထားသဖြင့် လက်လီအရောင်း ဆိုင်များ အခက်အခဲ ဖြစ်နေ ကြောင်း FL 12 ရရှိထားသူတစ်ဦး ကပြောသည်။

 

‘‘အရက် တင်သွင်းခွင့်ကို တရားဝင်ခွင့်ပြုပေးလိုက်တာ အ ကောင်းဆုံးပဲ။ နိုင်ငံတော်အတွက် လည်း အခွန်အခတွေရမယ်။ တင်ခွင့် ပေးလိုက်တဲ့အတွက် အစိုးရက စိုးရိမ်တဲ့အရက်တုကိစ္စ ပြေလည်သွားလိမ့်မယ်။ ဒီအမှတ် တံဆိပ်တစ်ခုကိုင်ထားတဲ့သူက လည်း အတုပေါ်လာရင် သူ့ဟာ သူဖြေရှင်းမှာပါပဲ။ ဒါမှမဟုတ် ကိုတာတစ်ခုနဲ့ တစ်နှစ်ကိုဒေါ်လာ ဘယ်လောက်ဖိုးပဲ တင်သွင်းခွင့် ပြုမယ်ဆိုတာမျိုးပြုလုပ်ပေးစေ ချင်ပါတယ်’’ ဟု မြန်မာနိုင်ငံယမ ကာဖျော်စပ်သူများအသင်း ဒုတိ ယဥက္ကဋ္ဌ ဦးထွန်းထvွန်းအေးက ပြောသည်။

 

‘‘အရက်က တရားဝင်တင် သွင်းလို့မရတော့ လေဆိပ်က လာတဲ့အိတ်နဲ့ဟာကို ၀ယ်တယ်။ ဆိုင်ပေါ်တင်ရောင်းတယ်။ သူတို့ က တံဆိပ်ခေါင်းကပ်ရောင်းခိုင်း တယ်။ ကျွန်တော်ကပ်ရောင်း တယ်။ အဲဒါကို အခုတရားမ၀င် ပါဘူးလို့ပြောတယ်’’ ဟု နိုင်ငံခြား အရက်လက်လီအရောင်းဆိုင်ဖွင့် ထားသူ ဦးမောင်လုံးက ပြော သည်။

 

၂၀၁၂ ကစတင်၍ ယစ်မျိုး လိုင်စင်ထုတ်ပေးခဲ့ပြီး FL 12  ကိုင်ဆောင်ထားသူများသည် အစိုးရသို့ အခွန်အဖြစ် တစ်နှစ် လျှင် ကျပ် ၁၅ သိန်းပေးဆောင်ရ သည်။ ရန်ကုန်တိုင်းတွင် FL 12 ကိုင်ဆောင်ထားသူ ၂,၀၀၀ကျော်ရှိပြီး တစ်နိုင်ငံလုံး၌ ၄၀,၀၀၀ ကျော်ရှိကြောင်း ဦးထွန်းထွန်းအေးက ပြောသည်။

 

Source: 7 days new

Read times
Rate this item
(1 Vote)