Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းဆန် ဈေးမြင့်တက်၊ အိန္ဒိယဆန်နှင့် ဗီယက်နမ်ဆန် ဈေးနှုန်း အပြောင်းအလဲ မရှိ

ထိုင်းဆန်  ဈေးမြင့်တက်၊ အိန္ဒိယဆန်နှင့် ဗီယက်နမ်ဆန် ဈေးနှုန်း အပြောင်းအလဲ မရှိ

 

ယခုသီတင်းပတ်တွင် ပြည်ပတင်ပို့သည့် ထိုင်းဆန်သည် အရှေ့အလယ်ပိုင်းဒေသ‌ ဈေးကွက်များထံမှ ဆန်အဝယ်လိုက်သဖြင့် ဈေးမြင့်တက်သည်။
အိန္ဒိယဆန်နှင့် ဗီယက်နမ်ဆန် ဈေးနှုန်း အပြောင်းအလဲ မရှိချေ။ 

  • ဗီယက်နမ် ဆန်ကုန်သည်များ ဆန်ဈေးအတက် စောင့်ဆိုင်း
  • အရှေ့အလယ်ပိုင်းဒေသ ဆန်အဝယ်လိုက်သဖြင့် ထိုင်းဆန် ဈေးတက်
  • ထိုင်းဆန် တစ်တန်  ယခင်သီတင်းပတ် $410~$414 ဖြစ်ခဲ့ပြီး ယခုသီတင်းပတ် 432~$435 သို့ ရောက်ရှိ


ထိုင်းဆန်

၅%ဆန်ကွဲပါ ထိုင်းဆန် တစ်တန် ခေါ်ဈေး $432~$435 ဖြစ်လာသည်။ ယခင်သီတင်းပတ်တွင် တစ်တန်  $410~$414 ခေါ်ဈေး ဖြစ်ခဲ့သည်။

ဘန်ကောက်မှ ဆန်ကုန်သည် တစ်ဦးက ရိုက်တာ သတင်းဌာနသို့ ပြောကြားသည်မှာ "အီရတ်နှင့် အီရန် ဈေးကွက်များထံမှ ဝယ်လိုအား များလာတယ်။  ထိုင်းနှင့် ဆော်ဒီအာရေဗျ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာတာကလည်း ဆန်ဈေးအပေါ် သက်ရောက်မှု ရှိတယ်" ဟု ပြောကြားသည်။

(စိန်ပြာအမှု  ၁၉၈၉ ခုနှစ်တွင် ဆော်ဒီမင်းသားတစ်ပါးထံ လုပ်ကိုင်သော ထိုင်းနိုင်ငံသား အိမ်တွင်းသန့်ရှင်းရေး လုပ်သားက ရတနာ အများအပြား ခိုးယူပြီး ထိုင်းနိုင်ငံသို့ ပြန်ရောက်လာသည်။ ရတနာတန်ဖိုး မသိသဖြင့် ပေါပေါပဲပဲ ပြန်ရောင်းသည်။ ဆော်ဒီအာရေဗျ အစိုးရက ထိုင်းအစိုးရကို အမှုဖော်ထုတ်ပေးရန် တောင်းဆိုသည်။
ဘန်ကောက်တွင် ဆော်ဒီအာရေဗျ သံတမန် ၃ ဦး အသေပစ်သတ်ခံရသည်။ စုံထောက်တစ်ဦး စေလွှတ်ခဲ့ရာ ဘန်ကောက်ရောက်ပြီးသည့်နောက် ပျောက်ဆုံးသွားသည်။ သတင်းအစအန မရချေ။ အမှုနှင့် ဆက်နွှယ်သော ထိုင်းနှစ်ဦး သေဆုံးသည်။ 
တရားခံကို လက်ရဖမ်းဆီးနိုင်ခဲ့သည်။ ရတနာများ လိုက်လံသိမ်းဆည်းပြီး ဆော်ဒီအာရေဗျသို့ ပြန်လည်ပေးအပ်သည်။ ထိုင်းရဲတပ်ဖွဲ့က အမေရိကန်ဒေါ်လာ သန်း ၂၀ ဝန်းကျင်ရှိ ရတနာများ ပြန်လည်ပေးအပ်သည်ဟု ဆိုသည်။ ဆော်ဒီတို့က အများစုမှာ အတုများ ဖြစ်နေသည်ဟု ပြောကြားသည်။
ရတနာများထဲမှ ၅၀ ကရက်ရှိ စိန်ပြာကို ပြန်မရသဖြင့် စိန်ပြာဖြစ်ရပ် Blue Diamond Affair ဟု အမည်တွင်သည်။
ထိုင်းရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိများ ပါဝင်ပတ်သက်မှု ရှိမည်ဟု ယူဆရသော်လည်း တရားခံ Kriangkrai နှင့် ရဲအရာရှိတစ်ဦးတို့သာ ထောင်ဒဏ်စီရင်ခံရသည်။ ထောင်ဒဏ်မှာ ၃ နှစ် မပြည့်ချေ။
 စိန်ပြာဖြစ်ရပ်ကြောင့် ဆော်ဒီအာရေဗျနှင့် ထိုင်း နှစ်နိုင်ငံအကြား နှစ်ပေါင်း ၃၀ တင်းမာနေခဲ့သည်။
 ၂၀၂၂ နှစ်ဆန်းတွင် သံတမန် ဆက်ဆံရေး ပြန်လည်ထားရှိခဲ့ကြသည်။ သံအမတ် အပြန်အလှန် ထားရှိကြသည်။ )
 
 
ထိုင်းဆန် ပြည်ပတင်ပို့သည့်အခါ အဓိက စိန်ခေါ်မှုမှာ သင်္ဘောတန်ဆာခ ဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသမှ ဝယ်လက်များက ဝယ်ယူသည့် ဆန်များကို သယ်ယူရန် ၎င်းတို့၏ သင်္ဘောများ စေလွှတ်ပေးကြသည်ဟု ဆန်ကုန်သည်များက ပြောကြားသည်။ 

အိန္ဒိယဆန်

အိန္ဒိယမှ တင်ပို့သည့် ၅% ဆန်ကွဲပါ ပေါင်းဆန် အမျိုးမျိုး ခေါ်ဈေးမှာ တစ်တန် $361~$365 ဖြစ်သည်။ ယခင်သီတင်းပတ်အတိုင်း မပြောင်းလဲချေ။

"ပြည်တွင်းဆန်ကုန်သည်တွေ အဆင်ပြေကြတယ်။ အစိုးရက ဆန်တွေ ဝယ်ယူပြီး မရှိဆင်းရဲသားတွေကို အခမဲ့ ပေးဝေတယ်။ အလကားနီးပါး ဈေးနှုန်းဖြင့် ရောင်းချပေးတယ်" ဟု Andhra Pradesh ပြည်နယ်ရှိ ကာကီနာဒါ အခြေစိုက် ဆန်ပို့ကုန်လုပ်ငန်းရှင်က ပြောကြားသည်။


ဗီယက်နမ်

၅%ဆန်ကွဲပါ ဗီယက်နမ်ဆန် တစ်တန် ခေါ်ဈေး ကြာသပတေးနေ့ (ဧပြီ ၂၈)တွင်  $415 ဖြစ်ပြီး ယခင်သီတင်းပတ်‌ေဈးနှုန်းအတိုင်း မပြောင်းလဲချေ။

သို့ပေသည့် လာမည့် သီတင်းပတ်များတွင် ဈေးမြင့်တက်ဖွယ် ရှိသည်။  ရိတ်သိမ်းရာသီ ကုန်ဆုံးခါနီးပြီ ဖြစ်ရာ  လက်ကျန်နည်းနေပြီ ဖြစ်သည်ဟု ဟိုချီမင်းမြို့တော် အခြေစိုက် ဆန်ကုန်သည်က ပြောကြားသည်။
"ဆန်ကုန်သည်တွေက အရောင်းအဝယ် စာချုပ် အသစ်တွေ မချုပ်ကြသေးဘဲ ဆန်ဈေး အတက်ကို စောင့်နေကြတယ်" ဟု ၎င်းက ပြောကြားသည်။

ဧပြီလတွင် ဟိုချီမင်းစီးတီး ဆိပ်ကမ်းတွင် ဆန်တန်ချိန် ၃၀၀,၉၉၀ သင်္ဘောတင်သည်။ မေလ ပထမပတ်တွင် တန်ချိန် ၄၀,၀၀၀ သင်္ဘောတင်မည်။ အများစုမှာ ဖိလစ်ပိုင်၊ အာဖရိက၊ ကျူးဘား သို့ တင်ပို့ခြင်း ဖြစ်သည်။


ရန်ကုန်ဆိပ်ကမ်း 
ရန်ကုန်ဆိပ်ကမ်းတွင် ဆန်တင်သည့် သင်္ဘောစာရင်း 
(ဧပြီလ ၂၂ မှ ၂၈ အထိ)

Read times
Rate this item
(0 votes)