Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်သို့ စပါးနှင့် ပီလောပီနံ တင်ပို့ရောင်းချနိုင်ရန်ဆွေးနွေး

Unicode

တရုတ်သို့ စပါးနှင့် ပီလောပီနံ တင်ပို့ရောင်းချနိုင်ရန်ဆွေးနွေး


မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စပါးနှင့်် ပီလောပီနံတင်ပို့ရောင်းချနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

 

တရုတ်နိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့၊ အပင်နှင့် တိရစ္ဆာန်ရောဂါထိန်းချုပ်ရေးဌာန (GACC) မှ ပြုစုပေးပို့လာသည့် အခြေပြစာချုပ်မူကြမ်းအပေါ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့်် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူများသည် နိုဝင်ဘာလ ၁၉ ရက်နေ့က ညှိနှိုင်းဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

 

ကနဦးဆွေးနွေးမှုအရ တရုတ်နိုင်ငံဘက်မှပေးပို့လာသည့် အခြေပြစာချုပ်မူကြမ်းကို လက်မှတ်ရေးထိုးနိုင်ရန်နှင့် ကန့်သတ်ချက်များနှင့်ညီညွတ်ပါက တင်ပို့ရန်လည်းကောင်း၊ စာချုပ်ပါ အချက်အလက်များကို တင်ပို့ရောင်းချမည့် လုပ်ငန်းရှင်များအားလုံး သိရှိနိုင်ရန်အတွက် ထပ်မံတွေ့ဆုံဆွေးနွေးတင်ပြပေးရန် ညှိနှိုင်းခဲ့ကြကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

 

Read More >>>>>    ရန္ကုန္ေစ်းကြက္အတြင္း စားအုန္းဆီေစ်းျမင့္တက္လာ

 

 

တွေ့ဆုံဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးနှင့် စီမံခန့်ခွဲရေးကော်မတီဝင်များ၊ ဆန်စက်နှင့် ဆန်ကုန်သည်များ၊ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ အကြံပေးပုဂ္ဂိုလ် ဒေါက်တာထက်ကြူနှင့် မြန်မာနိုင်ငံ ပီလောပီနံ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

 

Source: The Voice

 

 

 

တ႐ုတ္သို႕ စပါးႏွင့္ ပီေလာပီနံ တင္ပို႕ေရာင္းခ်ႏိုင္ရန္ေဆြးေႏြး

 

ျမန္မာႏိုင္ငံမွ တ႐ုတ္ႏိုင္ငံသို႕ စပါးႏွင့္္ ပီေလာပီနံတင္ပို႕ေရာင္းခ်ႏိုင္ေရးအတြက္ ညွိႏိႈင္းေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ထံမွ သိရသည္။

 

တ႐ုတ္ႏိုင္ငံ၊ အေကာက္ခြန္ အေထြေထြအုပ္ခ်ဳပ္မႈ အာဏာပိုင္အဖြဲ႔၊ အပင္ႏွင့္ တိရစၦာန္ေရာဂါထိန္းခ်ဳပ္ေရးဌာန (GACC) မွ ျပဳစုေပးပို႕လာသည့္ အေျချပစာခ်ဳပ္မူၾကမ္းအေပၚ စိုက္ပ်ဳိးေရးဦးစီးဌာနမွ တာဝန္ရွိသူမ်ား၊ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္၊ ျမန္မာႏိုင္ငံ သစ္သီးဝလံပန္းမန္ႏွင့္္ ဟင္းသီးဟင္းရြက္စိုက္ပ်ဳိးထုတ္လုပ္တင္ပို႕ေရာင္းခ်သူမ်ားအသင္းမွ တာ၀န္ရွိသူမ်ားသည္ ႏိုဝင္ဘာလ ၁၉ ရက္ေန႕က ညွိႏိႈင္းေဆြးေႏြးခဲ့ၾကျခင္း ျဖစ္သည္။

 

ကနဦးေဆြးေႏြးမႈအရ တ႐ုတ္ႏို္င္ငံဘက္မွေပးပို႕လာသည့္ အေျချပစာခ်ဳပ္မူၾကမ္းကို လက္မွတ္ေရးထိုးႏိုင္ရန္ႏွင့္ ကန္႕သတ္ခ်က္မ်ားႏွင့္ညီညြတ္ပါက တင္ပို႕ရန္လည္းေကာင္း၊ စာခ်ဳပ္ပါ အခ်က္အလက္မ်ားကို တင္ပို႕ေရာင္းခ်မည့္ လုပ္ငန္းရွင္မ်ားအားလံုး သိရွိႏိုင္ရန္အတြက္ ထပ္မံေတြ႔ဆံုေဆြးေႏြးတင္ျပေပးရန္ ညွိႏိႈင္းခဲ့ၾကေၾကာင္း ယင္းအသင္းခ်ဳပ္ထံမွ သိရသည္။

 

Read More >>>>>    ရန္ကုန္ေစ်းကြက္အတြင္း စားအုန္းဆီေစ်းျမင့္တက္လာ

 

ေတြ႔ဆံုေဆြးေႏြးပြဲသို႕ စိုက္ပ်ဳိးေရးဦးစီးဌာနမွ တာဝန္ရွိသူမ်ား၊ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ ဒုတိယဥကၠ႒ ဦးေအာင္သန္းဦးႏွင့္ စီမံခန္႕ခြဲေရးေကာ္မတီဝင္မ်ား၊ ဆန္စက္ႏွင့္ ဆန္ကုန္သည္မ်ား၊ ျမန္မာႏိုင္ငံ သစ္သီးဝလံပန္းမန္ႏွင့္ ဟင္းသီးဟင္းရြက္စိုက္ပ်ဳိးထုတ္လုပ္တင္ပို႕ေရာင္းခ်သူမ်ားအသင္းမွ အႀကံေပးပုဂိၢဳလ္ ေဒါက္တာထက္ၾကဴႏွင့္ ျမန္မာႏိုင္ငံ ပီေလာပီနံ စိုက္ပ်ဳိးထုတ္လုပ္သူမ်ားအသင္းမွ တာဝန္ရွိသူမ်ား တက္ေရာက္ေဆြးေႏြးခဲ့ၾကသည္။

 

Source: The Voice

Read times Last modified on Thursday, 06 February 2020 15:08
Rate this item
(0 votes)