Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ယခုနှစ်ပြည်ပသို့ မြန်မာ့ဆန်တင်ပို့မှု တန်ချိန် ၂ ဒသမ ၈ သန်း ရှိမည်ဟု အမေရိကန် စိုက်ပျိုးရေးဌာန ခန့်မှန်း

၂၀၁၇ တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှု တန် ချိန် ၂ဒသမ၈ သန်းရှိမည်ဟု

အမေရိကန်စိုက်ပျိုးရေးဌာန၏ ယခုလ အတွင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၂၀၁၇ ဧပြီမှ နိုဝင်ဘာလဆန်းအထိ ခုနစ်လကျော်အတွင်း မြန်မာနိုင်ငံမှ ပြည်ပဆန် တင်ပို့မှု တန်ချိန် ၁ ဒသမ၉ သန်းခန့်ရှိကြောင်း မြန်မာနိုင်ငံ ဆန် စပါးအသင်း စာရင်းများတွင် ဖော်ပြထားသည်။

 

မြန်မာနိုင်ငံမှ ပင်လယ်ရေ ကြောင်းကုန်သွယ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးဖြင့် ပြည်ပသို့ ဆန် တင်ပို့မှုသည် အောက်တိုဘာလမှ စတင်၍ တစ်ရက်လျှင် တန်ချိန် တစ်သောင်း၊ တစ်လလျှင် တန်ချိန်သုံးသိန်းခန့်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အသင်းဝင် ဦးမျိုးသူရအေးက ပြောသည်။

 

မြန်မာနိုင်ငံမှ တရုတ်၊ အာ ဖရိကနိုင်ငံများအပါအ၀င် ပြည်ပ သို့ ဆန်တင်ပို့မှုသည် ပြီးခဲ့သည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် တန် ချိန် ၁ ဒသမ ၇ သန်းကျော်ရှိခဲ့ သည်။

 

မြန်မာနိုင်ငံ၏ ပြည်ပဆန် တင်ပို့မှုသည် ၂၀၁၁ မှ လက်ရှိအချိန်အထိ သုံးဆခန့်မြင့်တက် လာကြောင်း ၎င်းက ပြောသည်။ ၂၀၁၁ က ပြည်ပဆန်တင်ပို့မှုပမာဏတန်ချိန် တစ်သန်းခန့်ရှိခဲ့သည်။

 

မိုးစပါးအသစ်ပေါ်ချိန်တွင် ပြည်ပဆန်ဝယ်လိုအားကြောင့် စပါးတစ်တင်းလျှင် ပြီးခဲ့သည့်နှစ် ထက် ၂၀ ရာခိုင်နှုန်းခန့် ဈေးနှုန်းမြင့်တက်နေကြောင်း ဆန်ကုန် သည်အချို့က ပြောသည်။

 

ယခုနှစ်တွင် ဆန်ဟောင်း လက်ကျန်မရှိခြင်း၊ ပြည်ပ၀ယ်လို အားများနေခြင်းတို့ကြောင့် စပါး ဈေးနှုန်း မြင့်တက်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်း က ပြောသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:40
Rate this item
(0 votes)