Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ယခုလအတွင်း ရန်ကုန်ကြက်သွန်နီ ဈေးနှုန်း အတက်ပိုင်း၌ ဆက်လက် ရပ်တည်

ယခုလအတွင်း ကြက်သွန်နီဈေးနှုန်းများ အတက်ပိုင်း၌သာ ဆက်လက်ရပ်တည်ဖွယ် ရှိကြောင်း မြန်မာနိုင်ငံ စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်ထံမှ သိရသည်။

 

ရန်ကုန်မြို့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်၌ စက်တင်ဘာ ၁ ရက်က ကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် ၄ဝဝ မှ ၅၅ဝ အထိသာ ဈေးရှိခဲ့ရာမှ လက်ရှိတွင် ငွေကျပ် ၉၅ဝ မှ ၁၃ဝဝ အထိ ဖြစ်နေပြီး တစ်လအတွင်း ဈေးနှုန်းထက်ဝက်ကျော် မြင့်တက်နေကြောင်း သိရသည်။

 

''ဒီကို နယ်စုံကနေ ပုံမှန်အဝင်တော့ရှိနေတယ်။ လောလောဆယ်တော့ ကြက်သွန်ဈေး ကငြိမ်နေပြန်တယ်။   ဒီလအတွင်းမှာကိုပဲ ဈေးငြိမ်လိုက်၊ ပြန်တက်လိုက်ဖြစ်နေတယ်'' ဟု ဦးခင်ဟန် ကပြောသည်။

 

ရန်ကုန်မြို့ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်သို့ မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသ ကြီးတို့မှ ကြက်သွန်နီကား အစီးရေ ၃ဝ ဝင် ရောက်လျက်ရှိသည်။

 

''ဒါပေမဲ့ ကြက်သွန်အသစ်တွေကတော့ လာမယ့်လလောက်မှ ပေါ်မယ်ထင်တယ်။ ဒါကြောင့် ဈေးကျနိုင်ဖွယ် ရှိတယ်ဆိုပေမယ့် ဒီလမှာတော့ဈေးက အတက်ပိုင်းမှာပဲ ရှိတယ်'' ဟု ဦးခင်ဟန် ကပြောသည်။

 

နိုဝင်ဘာလလယ်သည် ကြက်သွန်အသစ် ပေါ်ချိန်ဖြစ်၍  ဈေးနှုန်းများ ကျဆင်းနိုင်ပြီး ယခုလအတွင်း ဈေးအမြင့်ပိုင်း၌သာ ဆက်ရှိနိုင်သည်။

 

ထိုသို့ ကြက်သွန်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ကြက်သွန်စိုက် တောင်သူများ အနည်းငယ် အဆင်ပြေလာပုံနှင့် ပတ်သက်၍ ''ဒီနှစ်က အထွက်နှုန်းမဆိုးပါဘူး။  ကြက် သွန်နီဈေးတက်လာတော့ နည်းနည်း အသက်ရှူချောင် တာပေါ့''  ဟု ပခုက္ကူမြို့နယ်မှ ကြက်သွန်စိုက်တောင်သူ ဦးအုန်းကြူ ကပြောသည်။

 

မိုးကြက်သွန်များကို ဇူလိုင်လနှင့် သြဂုတ်လတို့တွင် စိုက်ပျိုးလေ့ရှိကြပြီး နိုဝင်ဘာလ နှင့်  ဒီဇင်ဘာလတို့တွင် ဈေးကွက်အတွင်းသို့ ရောင်းချလေ့ရှိကာ ဆောင်းကြက်သွန်များမှာ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ထွက်ရှိ သော်လည်း ယခုနှစ်တွင် အထွက်နောက်ကျသည့်အတွက်  ဧပြီလအတွင်း၌  ထွက်ရှိခဲ့ ကြောင်း သိရသည်။

 

Read More >>>>> ပွင့်လင်းရာသီအကြိုတွင် ငါးပိ/ ငါးခြောက်ဈေးနှုန်း တည်ငြိမ်နေသော်လည်းပွင့် လင်းရာသီတွင် ဈေးနှုန်းမြင့် တက်နိုင်ဟု ခန့်မှန်း

 

Source: Myawady

 

 

 

Read times Last modified on Wednesday, 03 October 2018 15:59
Rate this item
(0 votes)