Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သံဓာတ်ချို့တဲ့ခြင်းကို ကာကွယ်ပေးဖို့ ပထမဆုံး ထုတ်လုပ်လိုက်တဲ့ အာဟာရပြည့် မုယောရည် Nestle’ BEAR BRAND ကို စတင်မိတ်ဆက်

သံဓာတ်ချို့တဲ့ခြင်းကို ကာကွယ်ပေးဖို့ Nestle’ BEAR BRAND မှ Nestle’ BEAR BRAND Enriched Malted Milk ကို

စတင် မိတ်ဆက်လိုက်ပါတယ်။

 

အသစ်ထုတ်လုပ်လိုက်တဲ့ Nestle’ BEAR BRAND Enriched Malted Milk ကတော့ မြန်မာလူမျိုးတွေ နေ့စဉ် လိုအပ်နေတဲ့ သံဓာတ်ပမာဏကို ဖြည့်တင်းပေးဖို့ ပထမဆုံး ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်း ဖြစ်ပါတယ်။

 

Nestle’ BEAR BRAND Enriched Malted Milk ခန္ဓာကိုယ်ထဲမှာ သံဓာတ်လုံလောက်ပြီး မောပန်းနွမ်းနယ်မှုကို လျော့ချပေးနိုင်ပါတယ်။

 

ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို အထောက်အကူ ပေးတဲ့အတွက် သင်ယူနိုင်စွမ်း တက်လာစေပြီး ထက်မြက်စေတဲ့အပြင် ကိုယ်ခံအားတက်လာပြီး ပိုမိုကြံ့ခိုင်လာစေပါတယ်။

 

Nestle’ BEAR BRAND မှ မြန်မာပြည်သူတွေကို သံဓာတ်ချို့တဲ့မှုနဲ့ ပတ်သက်ပြီး တစ်လကြာမြင့်တဲ့ အသိပညာပေး အစီအစဉ်တွေကို ပြုလုပ်ခဲ့သလို Nestle’ BEAR BRAND Enriched Malted Milk အသစ်ကို စတင်မိတ်ဆက်ပြီး မြန်မာမိသားစုတွေ ပိုမိုကြံ့ခိုင် ထက်မြက်တဲ့ မိသားစုတွေ ဖြစ်လာစေဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

 

“မြန်မာလူမျိုးတွေရဲ့ နေ့စဉ်စားသုံးမှုထဲမှာ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ပါဝင်နည်းတာကို တွေ့ရပြီး၊ သံဓာတ်လုံလောက်တဲ့ အစာအာဟာရကို စားသုံးခြင်းလည်း မတွေ့ရပါဘူး။ ဒါကတော့ တခြားကိစ္စတွေလိုပဲ အထူးတလည် အာရုံစိုက် ဖြေရှင်းဖို့သင့်တဲ့ ကိစ္စတစ်ခု ဖြစ်နေပါတယ်။ ဒီအတွက် မြန်မာမိသားစုတွေအနေနဲ့ ကြံ့ခိုင်ထက်မြက်တဲ့ မိသားစုတစ်ခု တည်ဆောက်ဖို့ လိုအပ်ချက်တွေကို သိရှိနားလည်ပြီး ကာလကြာရှည် အသိပညာ ပေးသွားမယ့် သံဓာတ်သတိပေးချက် အစီအစဉ်ကို အောက်တိုဘာလကတည်းက စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်” လို့ Nestlé Myanmar ရဲ့ Managing Director ဖြစ်တဲ့ Mr. Hayri Devrim Cobek က ပြောပါတယ်။

 

မြန်မာနိုင်ငံက လူအများစုဟာ အာဟာရနဲ့ ကျန်းမာရေးအကြောင်း ပိုမိုလေ့လာဖို့ လိုအပ်လျက်ရှိကာ သံဓာတ်ချို့တဲ့ခြင်း ရှိမရှိ စစ်ဆေးခြင်းမှသည် မကြာခဏ သံဓာတ်ပမာဏ တိုင်းတာခြင်းအထိ ပြုလုပ်ပြီး အစားအစာ အမျိုးအစားနဲ့ စားသောက်မှုပုံစံကို ပြောင်းလဲခြင်း စတာတွေကို စတင်လေ့ကျင့် လုပ်ဆောင်သွားဖို့ လိုအပ်နေပါသေးတယ်။

 

Nestle’ BEAR BRAND က ဦးဆောင်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သံဓာတ်ချို့တဲ့မှု တိုက်ဖျက်ရေး အစီအစဉ်ကို အသိပညာရှင် ဒေါက်တာခင်မာချို၊ နိုင်ငံကျော် အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်နဲ့ ချစ်သုဝေတို့ကလည်း ပါဝင်ပံ့ပိုးလျက်ရှိကြောင်း သိရပါတယ်။

 

Read times Last modified on Tuesday, 18 September 2018 15:46
Rate this item
(1 Vote)